25-Mar-2020 နေ့လည်ခင်းအပြောင်းအရွှေ့သတင်းများ
[UNICODE]
IMAGE: BR
⚽ ဂျူဗင်တပ်အသင်းဂိုးသမားဆက်ဆီနီကအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားခဲ့ရ သည့် ကစားသမား ၃ ဦးဖြစ်သည့် ရူဂါနီ၊ဒိုင်ဘာလာနဲ့မာတူဒီတို့ဟာ ဆိုးရွားတဲ့ဘယ်လိုလက္ခဏာမျိုး ကိုမှ ပြခြင်းမရှိဘဲ နေကောင်းကျန်းမာနေကြတယ်လို့ ပြောဆိုလိုက်ပါတယ်။
⚽ လာမယ့် နွေရာသီမှာကျင်းပဖို့ စီစဉ်ထားတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ဂျပန်နိုင်ငံတို့က အတည် ပြုထုတ်ပြန်လိုက်ပါတယ်။
⚽ ဘိုင်ယန်မြူးအသင်းကစားသမားတွေဟာ ကိုရိုနာကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အသင်းရဲ့ ဝန်ထမ်းတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် သူတို့ရဲ့လုပ်ခရဲ့ ၂၀ ရာခိုင်နှုန်းကို လျော့ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။
IMAGE: BR
⚽ အသက် ၃၅ ှနှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့ဂျူဗင်တပ် စွန့်စားခန်းကိုအဆုံးသတ်ပြီး အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ ထွက်ခွာခဲ့မယ်ဆိုရင် မန်ယူသို့မဟုတ် ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့ နိုင်တယ်လို့လည်း Diario Gol ကဖော်ပြထားပါတယ်။
IMAGE: BR
⚽ အာဂျင်တီးနားစူပါလီဂါရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်း ဟာ ပီအက်စ်ဂျီအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကာဗာနီကိုလာမယ့်အပြောင်းအရွှေ့ဈေး ကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူသွားဖို့ ရှိနေတယ်လို့ အံ့သြဖွယ်ရာသ တင်းတွေထွက်ပေါ်နေပါတယ်။
⚽ အာဆင်နယ်အသင်းကသူ့ကိုပြန်ခေါ်ဖို့ ဆန္ဒမရှိတာကြောင့် သူ့အနေနဲ့ မော်ရင်ညိုနဲ့ စကားပြောဆိုပြီးတဲ့နောက် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ကစားဖို့ ရွှေ့ချယ်လိုက် တာဖြစ်တယ်လို့ ဖာဘရီဂက်စ်ကဖွင့်ဟလိုက်ပါတယ်။
⚽ ဘွန်ဒက်လီဂါနဲ့ ဘွန်ဒက်လီဂါတူး ပွဲစဉ်တွေကို အနည်းဆုံး ဧပြီ ၃၀ နေ့အထိ ပြန်စဖို့မရှိသေးဘူးလို့ ဂျာမန်ဘောလုံးအဖွ့ဲချုပ်ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါ တယ်။ မတ်လ ၂၄ ရက်နေ့အထိ ဂျာမန်မှာ ကိုရိုနာကူစက်ခံရသူပေါင်း ၃၁၃၇၀ ရှိနေပြီး သေဆုံးသူပေါင်း ၁၃၃ ယောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
⚽ ာဂန္ထဝင်ကစားသမား ပီလီက လက်ရှိဘောလုံးလောကမှာ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့်ဘောလုံးသမိုင်းမှာတော့ သူကအ ကောင်း ဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
[ZAWGYI]
IMAGE: BR
IMAGE: BR
IMAGE: BR
⚽ ဘရာဇီးဂန္ထ၀င်ကစားသမား ပီလီက လက်ရှိဘောလုံးလောကမှာ ရော်နယ်ဒိုက အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့်ဘောလုံးသမိုင်းမှာတော့ သူကအ ကောင်း ဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
error: Content is protected !!