၁၊ ၁၁၊ ၂၀၁၉ – အာဆင်နယ်သတင်းတိုများ

[UNICODE]

၁။ လီဗာပူးလ်နဲ့ ပွဲစဉ်မှ ဆိုးရွားတဲ့ လက်စွမ်းမျိုးပြသခဲ့တဲ့ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို အသင်းဂျာစီနဲ့ ဆက်ပြီး မမြင်တွေ့လိုတော့ဘူးလို့ အာဆင်နယ်ပရိတ်သတ်တွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ မာတီနက်ဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ ပေးဂိုး ၈ ဂိုးအထိ ခွင့်ပြုထားရသူဖြစ်ပါတယ်။

၂။ အင်္ဂလန်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက အာဆင်နယ်နောက်ခံလူ ရှကိုဒရန် မူစတာဖီရဲ့ ပရီးမီးယားလိဂ် နေ့ရက်တွေ ကုန်ဆုံးသွားပြီလို့ သုံးသပ်လိုက်ပါတယ်။ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းကောင်းမပြသနိုင်ခဲ့တဲ့ မူစတာဖီအနေနဲ့ ပရီးမီးယားလိဂ်မှာ ပါဝင်ကစားခွင့်ရရှိဖို့ မလွယ်ကူတော့ဘူးလို့ ကာရေဂါက သုံးသပ်ခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

၃။ မန်ယူ ဂန္တဝင်ဟောင်း ဂယ်ရီ နဗီးလ်က အာဆင်နယ် ကွင်းလယ်လူ ဂရာနစ် ရှာခါအနေနဲ့ အမှားတွေကနေ သင်ခန်းစားယူသင့်ပြီလို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ Sky Sports ရဲ့ သုံးသပ်သူ နဗီးလ်က သူကိုယ်တိုင်လည်း ဆွစ်ဇာလန်သားထက်ပိုဆိုးတဲ့ ပြဿနာတွေ ကြုံခဲ့ဖူးတာမို့ အကျပ်အတည်းတွေ ပြဿနာတွေကို နောက်မှာ ချန်ထားခဲ့ပြီး အရာရာ အသစ်ကပြန်စ၊ ပြန်ကြိုးစားဖို့သာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

၄။ အာဆင်နယ် ဂန္တဝင်ဟောင်းတွေဖြစ်ကြတဲ့ သီယာရီ အွန်နရီ၊ လီး ဒစ်ဆင်နဲ့ အဲလက် စကော့ထ် (အမျိုးသမီး) တို့ဟာ Amazon Prime ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တင်ဆက်သူတွေအဖြစ် တာဝန်ယူသွားတော့မှာဖြစ်ပြီး ပွဲကြိုသုံးသပ်မှုကဏ္ဍမှာ ပါဝင်တင်ဆက်သွားကြမှာဖြစ်ပါတယ်။

၅။ အာဆင်နယ်အမျိုးသမီးအသင်းဟာ ဆလားဗီးယား ပရာဟာအသင်းကို အိမ်ကွင်းမှာ ၈-၀ နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ၂ ကျော့ပေါင်း ရလဒ် ၁၃-၂ နဲ့ အမျိုးသမီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အမျိုးသမီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၀၆-၀၇ ရာသီတုန်းက တစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖူးတဲ့ တစ်သင်းတည်းသော အင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

၆။ လီဗာပူးလ်အသင်းရဲ့ ပရိတ်သတ်တွေဟာ အာဆင်နယ်အသင်းက လူငယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီရဲ့ ခြေစွမ်းကို နှစ်ခြိုက်သဘောကျနေကြပြီး ကာရာဘောင်းဖလားပွဲစဉ်အပြီးမှာ ချီးမွမ်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့အသင်းက လူငယ်ကစားသမား ရိုင်ယန် ဘရူးစတားကိုလည်း မာတီနယ်လီကို အတုယူပြီး ဂိုးသွင်းစွမ်းရည်ထက်မြက်အောင် လေ့လာသင့်တယ်လို့ တွစ်တာမှာ ပြောဆိုနေကြပါတယ်။

၇။ ဘောလုံးကစားသမားတွေရဲ့ တန်ကြေးတွေကို တွက်ချက်ဖော်ပြနေတဲ့ Transfermarkt ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ယူရိုပါလိဂ်ရဲ့ တန်ကြေးအကြီးဆုံး အသက် ၂၁ နှစ်အောက် ကစားသမားစာရင်းမှာ အာဆင်နယ် လူငယ် ၃ ဦးအထိ ပါဝင်နေပါတယ်။ အာဆင်နယ်အသင်းက ကွင်းလယ်လူ မက်တီယို ဂွမ်ဒူဇီက တန်ကြေး ယူရို ၄၅ သန်းနဲ့ နံပါတ် ၁၊ စိန့် အန်တီယန်မှာ အငှားသွားကစားနေတဲ့ ဝီလီယံ ဆာလီဘားက တန်ကြေး ယူရို ၂၅ သန်းနဲ့ အဆင့် ၃ နဲ့ ရီးစ် နယ်လ်ဆင်က တန်ကြေး ယူရို ၁၇ သန်းနဲ့ အဆင့် ၁၀ နေရာတွေမှာ ရပ်တည်နေတာဖြစ်ပါတယ်။

၈။ အာဆင်နယ်ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်ခ်က မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်အသင်း ပျောက်ဆုံးနေတဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “သူက အာဆင်နယ်မှာ ဘာတွေ ပျောက်ဆုံးနေတယ်ဆိုတာကို ပြသသွားခဲ့ပါတယ်။ ထိချက်တွေ ဘောလုံးပေးပို့မှုတွေပေါ့။ လူတိုင်း မမြင်နိုင်တာကို အိုဇေးလ်က မြင်နိုင်စွမ်းရှိပါတယ်။ ဥပမာ မိတ်လန်း-နိုင်းလ်စ်ရဲ့ သွင်းဂိုးကို သူဖန်တီးပေးခဲ့ပုံကို ကြည့်ပေါ့။ လူဘယ်လောက်များများက ဒီလိုပေးပို့လို့ရနိုင်တယ်လု့ိ ထင်မြင်ကြမှာတဲ့လဲ။ ဒါပေမယ့် သူ လုပ်ပြသွားပါတယ်” လို့ ဘန့်ခ်က Quest ကို ပြောကြားသွားခဲ့ပါတယ်။

[ZAWGYI]

၁။ လီဗာပူးလ္နဲ႔ ပြဲစဥ္မွ ဆိုး႐ြားတဲ့ လက္စြမ္းမ်ိဳးျပသခဲ့တဲ့ အာဂ်င္တီးနား ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို အသင္းဂ်ာစီနဲ႔ ဆက္ၿပီး မျမင္ေတြ႕လိုေတာ့ဘူးလို႔ အာဆင္နယ္ပရိတ္သတ္ေတြက ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။ မာတီနက္ဇ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္ ၂ ပြဲမွာ ေပးဂိုး ၈ ဂိုးအထိ ခြင့္ျပဳထားရသူျဖစ္ပါတယ္။

၂။ အဂၤလန္ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက အာဆင္နယ္ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီရဲ႕ ပရီးမီးယားလိဂ္ ေန႔ရက္ေတြ ကုန္ဆုံးသြားၿပီလို႔ သုံးသပ္လိုက္ပါတယ္။ လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေျခစြမ္းေကာင္းမျပသႏိုင္ခဲ့တဲ့ မူစတာဖီအေနနဲ႔ ပရီးမီးယားလိဂ္မွာ ပါဝင္ကစားခြင့္ရရွိဖို႔ မလြယ္ကူေတာ့ဘူးလို႔ ကာေရဂါက သုံးသပ္ခဲ့ၿပီး အသင္းေျပာင္းေ႐ႊ႕ဖို႔ တိုက္တြန္းသြားခဲ့ပါတယ္။

၃။ မန္ယူ ဂႏၲဝင္ေဟာင္း ဂယ္ရီ နဗီးလ္က အာဆင္နယ္ ကြင္းလယ္လူ ဂရာနစ္ ရွာခါအေနနဲ႔ အမွားေတြကေန သင္ခန္းစားယူသင့္ၿပီလို႔ တိုက္တြန္းေျပာဆိုလိုက္ပါတယ္။ Sky Sports ရဲ႕ သုံးသပ္သူ နဗီးလ္က သူကိုယ္တိုင္လည္း ဆြစ္ဇာလန္သားထက္ပိုဆိုးတဲ့ ျပႆနာေတြ ႀကဳံခဲ့ဖူးတာမို႔ အက်ပ္အတည္းေတြ ျပႆနာေတြကို ေနာက္မွာ ခ်န္ထားခဲ့ၿပီး အရာရာ အသစ္ကျပန္စ၊ ျပန္ႀကိဳးစားဖို႔သာ အေကာင္းဆုံးနည္းလမ္းျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

၄။ အာဆင္နယ္ ဂႏၲဝင္ေဟာင္းေတြျဖစ္ၾကတဲ့ သီယာရီ အြန္နရီ၊ လီး ဒစ္ဆင္နဲ႔ အဲလက္ စေကာ့ထ္ (အမ်ိဳးသမီး) တို႔ဟာ Amazon Prime ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ တင္ဆက္သူေတြအျဖစ္ တာဝန္ယူသြားေတာ့မွာျဖစ္ၿပီး ပြဲႀကိဳသုံးသပ္မႈက႑မွာ ပါဝင္တင္ဆက္သြားၾကမွာျဖစ္ပါတယ္။

၅။ အာဆင္နယ္အမ်ိဳးသမီးအသင္းဟာ ဆလားဗီးယား ပရာဟာအသင္းကို အိမ္ကြင္းမွာ ၈-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးတဲ့ေနာက္ ၂ ေက်ာ့ေပါင္း ရလဒ္ ၁၃-၂ နဲ႔ အမ်ိဳးသမီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္အမ်ိဳးသမီးအသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၂၀၀၆-၀၇ ရာသီတုန္းက တစ္ႀကိမ္ ဗိုလ္စြဲခဲ့ဖူးၿပီး အမ်ိဳးသမီးခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖူးတဲ့ တစ္သင္းတည္းေသာ အဂၤလိပ္အသင္းအျဖစ္ မွတ္တမ္းဝင္ထားပါတယ္။

၆။ လီဗာပူးလ္အသင္းရဲ႕ ပရိတ္သတ္ေတြဟာ အာဆင္နယ္အသင္းက လူငယ္တိုက္စစ္မႉး ဂါဘရီယယ္ မာတီနယ္လီရဲ႕ ေျခစြမ္းကို ႏွစ္ၿခိဳက္သေဘာက်ေနၾကၿပီး ကာရာေဘာင္းဖလားပြဲစဥ္အၿပီးမွာ ခ်ီးမြမ္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ သူတို႔အသင္းက လူငယ္ကစားသမား ႐ိုင္ယန္ ဘ႐ူးစတားကိုလည္း မာတီနယ္လီကို အတုယူၿပီး ဂိုးသြင္းစြမ္းရည္ထက္ျမက္ေအာင္ ေလ့လာသင့္တယ္လို႔ တြစ္တာမွာ ေျပာဆိုေနၾကပါတယ္။

၇။ ေဘာလုံးကစားသမားေတြရဲ႕ တန္ေၾကးေတြကို တြက္ခ်က္ေဖာ္ျပေနတဲ့ Transfermarkt ဝက္ဘ္ဆိုက္ရဲ႕ ေဖာ္ျပခ်က္အရ ယူ႐ိုပါလိဂ္ရဲ႕ တန္ေၾကးအႀကီးဆုံး အသက္ ၂၁ ႏွစ္ေအာက္ ကစားသမားစာရင္းမွာ အာဆင္နယ္ လူငယ္ ၃ ဦးအထိ ပါဝင္ေနပါတယ္။ အာဆင္နယ္အသင္းက ကြင္းလယ္လူ မက္တီယို ဂြမ္ဒူဇီက တန္ေၾကး ယူ႐ို ၄၅ သန္းနဲ႔ နံပါတ္ ၁၊ စိန႔္ အန္တီယန္မွာ အငွားသြားကစားေနတဲ့ ဝီလီယံ ဆာလီဘားက တန္ေၾကး ယူ႐ို ၂၅ သန္းနဲ႔ အဆင့္ ၃ နဲ႔ ရီးစ္ နယ္လ္ဆင္က တန္ေၾကး ယူ႐ို ၁၇ သန္းနဲ႔ အဆင့္ ၁၀ ေနရာေတြမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

၈။ အာဆင္နယ္ပရိတ္သတ္တစ္ေယာက္ျဖစ္တဲ့ ပရီးမီးယားလိဂ္ တိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္ခ္က မီဆြတ္ အိုေဇးလ္ဟာ အာဆင္နယ္အသင္း ေပ်ာက္ဆုံးေနတဲ့ အဓိက အစိတ္အပိုင္းတစ္ခုျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ “သူက အာဆင္နယ္မွာ ဘာေတြ ေပ်ာက္ဆုံးေနတယ္ဆိုတာကို ျပသသြားခဲ့ပါတယ္။ ထိခ်က္ေတြ ေဘာလုံးေပးပို႔မႈေတြေပါ့။ လူတိုင္း မျမင္ႏိုင္တာကို အိုေဇးလ္က ျမင္ႏိုင္စြမ္းရွိပါတယ္။ ဥပမာ မိတ္လန္း-ႏိုင္းလ္စ္ရဲ႕ သြင္းဂိုးကို သူဖန္တီးေပးခဲ့ပုံကို ၾကည့္ေပါ့။ လူဘယ္ေလာက္မ်ားမ်ားက ဒီလိုေပးပို႔လို႔ရႏိုင္တယ္လု႔ိ ထင္ျမင္ၾကမွာတဲ့လဲ။ ဒါေပမယ့္ သူ လုပ္ျပသြားပါတယ္” လို႔ ဘန႔္ခ္က Quest ကို ေျပာၾကားသြားခဲ့ပါတယ္။



error: Content is protected !!