ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ ပိတ်ပြစ်ဒါဏ်ကို ဖီဖာဘာကြောင့် မပါယ်ဖျက်ပေးတာလဲ

[UNICODE]

ဗြိတိန် နာမည်ကျော်သတင်းစာ The Sun ဟာ ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ပိတ် ပြစ်ဒါဏ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က ဘာကြောင့် မပါယ်ဖျက်ပေးရတာလဲဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ဖွင့်ချခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကစားသမားခေါ်ယူရာမှာ တရားမဝင်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ခေါ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြောင်းအရွှေ့ကာလ ၂ ခုစာ ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံထားရပြီး အလားတူအမှုမျိုးတွေရင်ဆိုင်ခဲ့ရဖူးတဲ့ ဘာစီလိုနာ၊ အက်သလက်တီကိုစတဲ့အသင်းတွေတုန်းက ပြစ်ဒါဏ်ရဲ့ တစ်ဝက်ကို ပယ်ဖျက်ပေးခြင်းခံခဲ့ရပေမယ့် ချယ်လ်ဆီးကိုတော့ ဖီဖာက အဆိုပါ အခွင့်အရေးမျိုးမပေးခဲ့ပါဘူး။

လန်ဒန်ကလပ်ဟာ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို အားကစားဆိုင်ရာ အနုညာတ တရားခုံရုံး (CAS) အယူခံတင်ထားပေမယ့်လည်း ကြားနာမှုပြုလုပ်ဖို့ အကြိမ်ကြိမ်ငြင်းဆိုခံထားရပါတယ်။

လက်ရှိမှာတော့ ဘာကြောင့် ချယ်လ်ဆီးအသင်း အခုလိုဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး The Sun က ဖွင့်ချခဲ့ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမားခေါ်ယူမှုတွေပြုလုပ်ရာမှာ ဖီဖာရဲ့ ဥပဒေတွေထဲက အချက်ပေါင်း ၁၅၀ ကျော်ကို ချိုးဖောက်ခဲ့ပြီး အဲ့လို ဥပဒေကို ချိုးဖောက်ပြီးခေါ်ယူခဲ့တဲ့ ကစားသမားအရေတွက်အားဖြင့်လည်း ၇၁ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် လူငယ်ကစားသမားတွေကို လျှို့ဝှက်စာချုပ်ချုပ်ဆိုက လူငယ်အသင်းမှာ ကစားစေခဲ့ပေမယ့် တကယ်တမ်း စာရွက်စာတမ်းတင်ပြရာမှာတော့ စမ်းသပ်ခံကစားသမားအဖြစ်သာ ဖော်ပြခဲ့တာမျိုးဖြစ်ပါတယ်။

လက်ရှိ လိုင်ယွန်အသင်းမှာကစားနေတဲ့ ဘာကီနာဖာဆိုလက်ရွေးစင်ကစားသမား ဘာထရန် ထရာအိုရေးဆိုရင် ချယ်လ်ဆီးအသင်းက ခေါ်ယူခဲ့တယ်လို့ တရားဝင် မကြေညာခင် ၃ နှစ်လောက်ကတည်း စတမ်းဖို့ဒ်ဘရစ်ချ်ကို ကြိုတင်ရောက်ရှိနေသူဖြစ်ပြီး သူ့ကို ခေါ်ယူခဲ့ကြောင်း အမှန်တကယ် ကြေညာခဲ့တာက ၂၀၁၄ ခုနှစ်မှဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ချို့ လူငယ်ကစားသမားတွေဟာ အသင်းက ခေါ်ယူကြောင်း မကြေညာခင် လူငယ်အသင်းမှာ ပွဲ ၂၀ ကနေ ၇၅ ပွဲအထိ ပါဝင်ကစားပေးထားပြီးဖြစ်ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ လုပ်ရပ်မျိုးတွေ လုပ်ဆောင်ဖို့ ကရိုင်ဒန်အရပ်က ဝှစ်ဂစ်ဖ်ကျောင်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အဆိုပါ အပြုအမူတွေဟာ ဖီဖာနဲ့ အက်ဖ်အေတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခဲ့တာဖြစ်ပြီးတော့ ဖီဖာအာဏာပိုင်တွေဘက်က ပြစ်ဒါဏ်ပယ်ဖျက်ဖို့ အခွင့်အရေးမပေးရတဲ့ အကြောင်းအရင်းဟာ အဆိုပါ ဆိုးရွားလှတဲ့ အပြုအမူတွေကြောင့်ဖြစ်တယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။
Ref: The Sun

[ZAWGYI]

ၿဗိတိန္ နာမည္ေက်ာ္သတင္းစာ The Sun ဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕ပိတ္ ျပစ္ဒါဏ္ကို ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ FIFA က ဘာေၾကာင့္ မပါယ္ဖ်က္ေပးရတာလဲဆိုတာနဲ႔ ပတ္သက္လို႔ အေသးစိတ္အခ်က္အလက္ေတြကို ဖြင့္ခ်ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ကစားသမားေခၚယူရာမွာ တရားမဝင္တဲ့ နည္းလမ္းေတြကို အသုံးျပဳၿပီး ေခၚယူခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အေျပာင္းအေ႐ႊ႕ကာလ ၂ ခုစာ ကစားသမားသစ္ ေခၚယူခြင့္ ပိတ္ပင္ခံထားရၿပီး အလားတူအမႈမ်ိဳးေတြရင္ဆိုင္ခဲ့ရဖူးတဲ့ ဘာစီလိုနာ၊ အက္သလက္တီကိုစတဲ့အသင္းေတြတုန္းက ျပစ္ဒါဏ္ရဲ႕ တစ္ဝက္ကို ပယ္ဖ်က္ေပးျခင္းခံခဲ့ရေပမယ့္ ခ်ယ္လ္ဆီးကိုေတာ့ ဖီဖာက အဆိုပါ အခြင့္အေရးမ်ိဳးမေပးခဲ့ပါဘူး။

လန္ဒန္ကလပ္ဟာ ဖီဖာရဲ႕ ဆုံးျဖတ္ခ်က္ကို အားကစားဆိုင္ရာ အႏုညာတ တရားခုံ႐ုံး (CAS) အယူခံတင္ထားေပမယ့္လည္း ၾကားနာမႈျပဳလုပ္ဖို႔ အႀကိမ္ႀကိမ္ျငင္းဆိုခံထားရပါတယ္။

လက္ရွိမွာေတာ့ ဘာေၾကာင့္ ခ်ယ္လ္ဆီးအသင္း အခုလိုျဖစ္ေနတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး The Sun က ဖြင့္ခ်ခဲ့ပါတယ္။ The Sun ရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီးအသင္းဟာ လူငယ္ကစားသမားေခၚယူမႈေတြျပဳလုပ္ရာမွာ ဖီဖာရဲ႕ ဥပေဒေတြထဲက အခ်က္ေပါင္း ၁၅၀ ေက်ာ္ကို ခ်ိဳးေဖာက္ခဲ့ၿပီး အဲ့လို ဥပေဒကို ခ်ိဳးေဖာက္ၿပီးေခၚယူခဲ့တဲ့ ကစားသမားအေရတြက္အားျဖင့္လည္း ၇၁ ဦးအထိ ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ဥပမာအားျဖင့္ လူငယ္ကစားသမားေတြကို လွ်ိဳ႕ဝွက္စာခ်ဳပ္ခ်ဳပ္ဆိုက လူငယ္အသင္းမွာ ကစားေစခဲ့ေပမယ့္ တကယ္တမ္း စာ႐ြက္စာတမ္းတင္ျပရာမွာေတာ့ စမ္းသပ္ခံကစားသမားအျဖစ္သာ ေဖာ္ျပခဲ့တာမ်ိဳးျဖစ္ပါတယ္။

လက္ရွိ လိုင္ယြန္အသင္းမွာကစားေနတဲ့ ဘာကီနာဖာဆိုလက္ေ႐ြးစင္ကစားသမား ဘာထရန္ ထရာအိုေရးဆိုရင္ ခ်ယ္လ္ဆီးအသင္းက ေခၚယူခဲ့တယ္လို႔ တရားဝင္ မေၾကညာခင္ ၃ ႏွစ္ေလာက္ကတည္း စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ႀကိဳတင္ေရာက္ရွိေနသူျဖစ္ၿပီး သူ႔ကို ေခၚယူခဲ့ေၾကာင္း အမွန္တကယ္ ေၾကညာခဲ့တာက ၂၀၁၄ ခုႏွစ္မွျဖစ္တယ္လို႔ ဆိုပါတယ္။ တစ္ခ်ိဳ႕ လူငယ္ကစားသမားေတြဟာ အသင္းက ေခၚယူေၾကာင္း မေၾကညာခင္ လူငယ္အသင္းမွာ ပြဲ ၂၀ ကေန ၇၅ ပြဲအထိ ပါဝင္ကစားေပးထားၿပီးျဖစ္ၾကတယ္လို႔ ဆိုပါတယ္။ အဆိုပါ လုပ္ရပ္မ်ိဳးေတြ လုပ္ေဆာင္ဖို႔ က႐ိုင္ဒန္အရပ္က ဝွစ္ဂစ္ဖ္ေက်ာင္းနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့တာျဖစ္တယ္လို႔ သတင္းမွာေဖာ္ျပထားပါတယ္။

ခ်ယ္လ္ဆီးအသင္းရဲ႕ အဆိုပါ အျပဳအမူေတြဟာ ဖီဖာနဲ႔ အက္ဖ္ေအတို႔ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို ေျပာင္ေျပာင္တင္းတင္းခ်ိဳးေဖာက္ေနခဲ့တာျဖစ္ၿပီးေတာ့ ဖီဖာအာဏာပိုင္ေတြဘက္က ျပစ္ဒါဏ္ပယ္ဖ်က္ဖို႔ အခြင့္အေရးမေပးရတဲ့ အေၾကာင္းအရင္းဟာ အဆိုပါ ဆိုး႐ြားလွတဲ့ အျပဳအမူေတြေၾကာင့္ျဖစ္တယ္လို႔ The Sun က ေဖာ္ျပသြားခဲ့ပါတယ္။
Ref: The Sun



error: Content is protected !!