၁၊ ၁၁၊ ၂၀၁၉ – နေ့လယ်ခင်းသတင်းတိုများ

[UNICODE]

၁။ ဂျူဗင်တပ်အသင်းဟာ ရက်ဘူးလ် ဆားလ်ဘတ်အသင်းက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီဖြစ်ပြီး သူတို့အသင်းရဲ့ နံပတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ Goal က ဖော်ပြခဲ့ပါတယ်။ အဆိုပါ နော်ဝေသားကို ရီးရဲလ်မက်ဒရစ်နဲ့ မန်ယူတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၂။ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းက ထွက်ခွာတော့မယ့် စပိန်ကွင်းလယ်လူ အစ္စကို ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။

၃။ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူချင်နေတဲ့ ပြင်သစ်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီရဲ့ တန်ကြေးကို လိုင်ယွန်အသင်းဘက်က ပေါင် ၄၅ သန်းသတ်မှတ်လိုက်ပါတယ်။

၄။ အင်တာမီလန်၊ အေစီမီလန်နဲ့ ဂျူဗင်တပ်အသင်းတွေဟာ ဘာစီလိုနာကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ အိုင်ဗန် ရာကီတစ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ချဉ်းကပ်နေကြပါတယ်။

၅။ လီယွန်နယ် မက်ဆီ နဲ့ လူးဝစ္စ ဆွာရက်ဇ်တို့ဟာ အသင်းဖော်သစ် ဂရစ်မန်းကို လျစ်လျူရှုနေကြတယ်လို့ ဘာစီလိုနာပရိသတ်တွေက ယူဆနေကြပါတယ်။ အက်သလက်တီကိုကနေ ဘာစီလိုနာကို ပေါင်သန်း ၁၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်မန်းဟာ အသင်းသစ်မှာ အထိုင်ကျဖို့အတွက် ရုန်းကန်နေရဆဲဖြစ်ပြီး အသင်းဖော်တွေနဲ့လည်း နားလည်မှုမရသေးဘူးလို့ သတင်းတွေထွက်နေပါတယ်။ ဗယ်လာဒိုလစ်နဲ့ပွဲတုန်းကလည်း အပိုင်ဂိုးသွင်းယူနိုင်မယ့် အနေအထားမျိုးမှာရှိနေတဲ့ ဂရစ်မန်းကို မက်ဆီနဲ့ ဆွာရက်ဇ်တို့က ဘောလုံးမပေးခဲ့ကြတာကြောင့် ဘာစီလိုနာ ပရိတ်သတ်တွေက ခုလို ထင်မြင်နေကြတာဖြစ်ပါတယ်။

၆။ ဒါဘီကောင်တီအသင်းဟာ သူတို့အသင်းက အသင်းခေါင်းဆောင် ရစ်ချ်တ ကောက်ချ်ကို စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကာယကံရှင်ကစားသမားဟာ အရက်အလွန်အကျွံသောက်သုံးနေပြီး အမူးလွန်ပြီး ကွင်းပြင်ပ လူမှုပြဿနာတွေ ကျူးလွန်နေတာကြောင့်လို့ အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

၇။ လီဗာပူးလ်အသင်းရဲ့ နည်းပြ ယာဂင် ကလော့ပ်က အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ် မာတီနယ်လီဟာ ရာစုနှစ်ရဲ့ ကြယ်ပွင့်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။ “ဒီလို ကစားသမားမျိုးနဲ့ ရင်ဆိုင်ရတာက ခက်ခဲလွန်းပါတယ်။ မာတီနယ်လီဟာ သူ့အသက်အရွယ်တန်းမှာ ရာစုနှစ်ရဲ့ ကြယ်ပွင့်လေးပါ။ သူက တကယ့်ကို အံ့မခနး တိုက်စစ်မှူးပါ။ သူနဲ့ ရင်ဆိုင်ရတာက တကယ်ကို ခက်ခဲလွန်းပါတယ်” လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

၈။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကွင်းလယ်လူ လူကာ မိုဒရစ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး တန်ကြေး ယူရို ၁၀ သန်း ရရှိရင် ကမ်းလှမ်းမှုတွေကို လက်ခံဆွေးနွေးသွားတော့မှာဖြစ်တယ်လို့ Calcio Mercato သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၉။ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ဟောင်း ဂျေဒန် ဆန်ချိုကို အသင်းထံ ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ မူလတုန်းက ဆန်ချိုကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ မပါဝင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မန်ယူ၊ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့အပြိုင် အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ Fourfourtwo သတင်းဌာနက ဖော်ပြသွားပါတယ်။

၁၀။ ရိုးမားအသင်းဟာ ခရစ္စ စမောလင်းကို အပြီးသတ်ခေါ်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး မန်ယူအသင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။ စီးရီးအေကလပ်ဘက်က ယူရို ၁၀ သန်းနဲ့ စတင်ကမ်းလှမ်းထားပြီး မကြာမှီရက်ပိုင်းအတွင်း အဖြေသိရဖို့ရှိနေတယ်လို့ Gianluca Di Marzio က ရေးသားခဲ့ပါတယ်။

[ZAWGYI]

၁။ ဂ်ဴဗင္တပ္အသင္းဟာ ရက္ဘူးလ္ ဆားလ္ဘတ္အသင္းက တိုက္စစ္မႉး အာလင္း ဟာလန္းကို ေခၚယူဖို႔ အျပင္းအထန္ ႀကိဳးပမ္းေနၿပီျဖစ္ၿပီး သူတို႔အသင္းရဲ႕ နံပတ္တစ္ ပစ္မွတ္အျဖစ္ သတ္မွတ္ထားတယ္လို႔ Goal က ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ ေနာ္ေဝသားကို ရီးရဲလ္မက္ဒရစ္နဲ႔ မန္ယူတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

၂။ မန္စီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ရီးရဲလ္မက္ဒရစ္အသင္းက ထြက္ခြာေတာ့မယ့္ စပိန္ကြင္းလယ္လူ အစၥကို ကို ေခၚယူဖို႔ အၿပိဳင္ႀကိဳးပမ္းေနၾကပါတယ္။

၃။ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ေခၚယူခ်င္ေနတဲ့ ျပင္သစ္တိုက္စစ္မႉး မူဆာ ဒမ္ဘီလီရဲ႕ တန္ေၾကးကို လိုင္ယြန္အသင္းဘက္က ေပါင္ ၄၅ သန္းသတ္မွတ္လိုက္ပါတယ္။

၄။ အင္တာမီလန္၊ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္အသင္းေတြဟာ ဘာစီလိုနာကေန ထြက္ခြာေတာ့မယ့္ ကြင္းလယ္လူ အိုင္ဗန္ ရာကီတစ္ကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ အၿပိဳင္အဆိုင္ ခ်ဥ္းကပ္ေနၾကပါတယ္။

၅။ လီယြန္နယ္ မက္ဆီ နဲ႔ လူးဝစၥ ဆြာရက္ဇ္တို႔ဟာ အသင္းေဖာ္သစ္ ဂရစ္မန္းကို လ်စ္လ်ဴရႈေနၾကတယ္လို႔ ဘာစီလိုနာပရိသတ္ေတြက ယူဆေနၾကပါတယ္။ အက္သလက္တီကိုကေန ဘာစီလိုနာကို ေပါင္သန္း ၁၂၀ နဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဂရစ္မန္းဟာ အသင္းသစ္မွာ အထိုင္က်ဖို႔အတြက္ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး အသင္းေဖာ္ေတြနဲ႔လည္း နားလည္မႈမရေသးဘူးလို႔ သတင္းေတြထြက္ေနပါတယ္။ ဗယ္လာဒိုလစ္နဲ႔ပြဲတုန္းကလည္း အပိုင္ဂိုးသြင္းယူႏိုင္မယ့္ အေနအထားမ်ိဳးမွာရွိေနတဲ့ ဂရစ္မန္းကို မက္ဆီနဲ႔ ဆြာရက္ဇ္တို႔က ေဘာလုံးမေပးခဲ့ၾကတာေၾကာင့္ ဘာစီလိုနာ ပရိတ္သတ္ေတြက ခုလို ထင္ျမင္ေနၾကတာျဖစ္ပါတယ္။

၆။ ဒါဘီေကာင္တီအသင္းဟာ သူတို႔အသင္းက အသင္းေခါင္းေဆာင္ ရစ္ခ်္တ ေကာက္ခ်္ကို စာခ်ဳပ္ဖ်က္သိမ္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ကာယကံရွင္ကစားသမားဟာ အရက္အလြန္အကြၽံေသာက္သုံးေနၿပီး အမူးလြန္ၿပီး ကြင္းျပင္ပ လူမႈျပႆနာေတြ က်ဴးလြန္ေနတာေၾကာင့္လို႔ အသင္းက ထုတ္ျပန္ခဲ့ပါတယ္။

၇။ လီဗာပူးလ္အသင္းရဲ႕ နည္းျပ ယာဂင္ ကေလာ့ပ္က အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယယ္ မာတီနယ္လီဟာ ရာစုႏွစ္ရဲ႕ ၾကယ္ပြင့္ျဖစ္တယ္လို႔ ခ်ီးမြမ္းေျပာဆိုလိုက္ပါတယ္။ “ဒီလို ကစားသမားမ်ိဳးနဲ႔ ရင္ဆိုင္ရတာက ခက္ခဲလြန္းပါတယ္။ မာတီနယ္လီဟာ သူ႔အသက္အ႐ြယ္တန္းမွာ ရာစုႏွစ္ရဲ႕ ၾကယ္ပြင့္ေလးပါ။ သူက တကယ့္ကို အံ့မခနး တိုက္စစ္မႉးပါ။ သူနဲ႔ ရင္ဆိုင္ရတာက တကယ္ကို ခက္ခဲလြန္းပါတယ္” လို႔ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

၈။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ကြင္းလယ္လူ လူကာ မိုဒရစ္ကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ၿပီး တန္ေၾကး ယူ႐ို ၁၀ သန္း ရရွိရင္ ကမ္းလွမ္းမႈေတြကို လက္ခံေဆြးေႏြးသြားေတာ့မွာျဖစ္တယ္လို႔ Calcio Mercato သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

၉။ မန္ခ်က္စတာ စီးတီးအသင္းဟာ သူတို႔ရဲ႕ လူငယ္ၾကယ္ပြင့္ေဟာင္း ေဂ်ဒန္ ဆန္ခ်ိဳကို အသင္းထံ ျပန္လည္ေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ မူလတုန္းက ဆန္ခ်ိဳကို ေခၚယူလိုတဲ့အသင္းေတြထဲမွာ မပါဝင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ မန္ယူ၊ ခ်ယ္လ္ဆီး၊ လီဗာပူးလ္တို႔နဲ႔အၿပိဳင္ အဂၤလန္ၾကယ္ပြင့္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္တယ္လို႔ Fourfourtwo သတင္းဌာနက ေဖာ္ျပသြားပါတယ္။

၁၀။ ႐ိုးမားအသင္းဟာ ခရစၥ စေမာလင္းကို အၿပီးသတ္ေခၚယူဖို႔ကိစၥနဲ႔ ပတ္သက္ၿပီး မန္ယူအသင္းနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ သတင္းေတြကဆိုပါတယ္။ စီးရီးေအကလပ္ဘက္က ယူ႐ို ၁၀ သန္းနဲ႔ စတင္ကမ္းလွမ္းထားၿပီး မၾကာမွီရက္ပိုင္းအတြင္း အေျဖသိရဖို႔ရွိေနတယ္လို႔ Gianluca Di Marzio က ေရးသားခဲ့ပါတယ္။



error: Content is protected !!