ရှာခါရဲ့ “မွေးကင်းစကလေးကို ကင်ဆာဖြစ်ပြီးသေပါစေ” လို့ ပြောဆိုခဲ့ကြတဲ့ အာဆင်နယ်ပရိတ်သတ်တွေ

[UNICODE]

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ဂရာနစ် ရှာခါက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်တုန်းက ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကို ခံရချိန်မှာ သူဘာကြောင့် အကြီးအကျယ် စိတ်ဆိုး ဒေါသထွက်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကြေညာချက်မှာ အာဆင်နယ်ပရိတ်သတ်တွေဟာ သူ ကိုယ်တိုင်ကိုသာမက ဇနီးဖြစ်သူနဲ့ မွေးကင်းစကလေးငယ်ကိုပါ အသက်အန္တရာယ် ချိန်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ် ပရိတ်သတ်တွေဟာ ရှာခါရဲ့ လူမှုကွန်ယက်အကောင့်တွေမှာ “မင်း ခြေထောက်ကို ငါတို့ ချိုးပစ်မယ်” ၊ “မင်းမိန်းမကို သတ်ပစ်မယ်” “မင့်သမီးလေး ကင်ဆာဖြစ်ပြီးသေပါစေ” စတဲ့ စကားလုံးတွေနဲ့ ဝိုင်းဝန်းရေးသားခဲ့ကြတယ်လို့ အဆိုပါကြေညာချက်မှာဖော်ပြထားပါတယ်။

ရှာခါရဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာ အာဆင်နယ်ပရိတ်သတ်အများအပြားက ကာယကံရှင်ကစားသမားကို တွစ်တာနဲ့ အင်စတာဂရမ် လူမှုကွန်ယက်တွေကနေတဆင့် တောင်းပန်စကားဆိုခဲ့ကြပြီး ဆွစ်ဇာလန်သားဘက်မှာ အပြည့်အဝရပ်တည်နေကြောင်း အသိပေးပြောဆိုခဲ့ကြပါတယ်။

အာဆင်နယ်ပရိတ်သတ်တွေရဲ့ အပြုအမူအပေါ် ဂန္တဝင်ဟောင်း ချာလီ နီကိုလပ်စ်ကလည်း ဝေဖန်ခဲ့ပြီး အဆိပ်သင့်နေတဲ့ လူမှုအဖွဲ့အစည်းလို့ ပြောဆိုသွားခဲ့ပါတယ်။
Ref: Xhaka’s Instagram, Sky Sports, The Sun

[ZAWGYI]

အာဆင္နယ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ဂရာနစ္ ရွာခါက ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ ပြဲစဥ္တုန္းက ပရိတ္သတ္ေတြရဲ႕ ေလွာင္ေျပာင္မႈကို ခံရခ်ိန္မွာ သူဘာေၾကာင့္ အႀကီးအက်ယ္ စိတ္ဆိုး ေဒါသထြက္ခဲ့တာလဲဆိုတာနဲ႔ ပတ္သက္ၿပီး တရားဝင္ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

အဆိုပါ ေၾကညာခ်က္မွာ အာဆင္နယ္ပရိတ္သတ္ေတြဟာ သူ ကိုယ္တိုင္ကိုသာမက ဇနီးျဖစ္သူနဲ႔ ေမြးကင္းစကေလးငယ္ကိုပါ အသက္အႏၲရာယ္ ခ်ိန္းေျခာက္မႈေတြ လုပ္ခဲ့တယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။

အာဆင္နယ္ ပရိတ္သတ္ေတြဟာ ရွာခါရဲ႕ လူမႈကြန္ယက္အေကာင့္ေတြမွာ “မင္း ေျခေထာက္ကို ငါတို႔ ခ်ိဳးပစ္မယ္” ၊ “မင္းမိန္းမကို သတ္ပစ္မယ္” “မင့္သမီးေလး ကင္ဆာျဖစ္ၿပီးေသပါေစ” စတဲ့ စကားလုံးေတြနဲ႔ ဝိုင္းဝန္းေရးသားခဲ့ၾကတယ္လို႔ အဆိုပါေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ရွာခါရဲ႕ ေၾကညာခ်က္ထြက္ေပၚလာခဲ့ၿပီးတဲ့ေနာက္မွာ အာဆင္နယ္ပရိတ္သတ္အမ်ားအျပားက ကာယကံရွင္ကစားသမားကို တြစ္တာနဲ႔ အင္စတာဂရမ္ လူမႈကြန္ယက္ေတြကေနတဆင့္ ေတာင္းပန္စကားဆိုခဲ့ၾကၿပီး ဆြစ္ဇာလန္သားဘက္မွာ အျပည့္အဝရပ္တည္ေနေၾကာင္း အသိေပးေျပာဆိုခဲ့ၾကပါတယ္။

အာဆင္နယ္ပရိတ္သတ္ေတြရဲ႕ အျပဳအမူအေပၚ ဂႏၲဝင္ေဟာင္း ခ်ာလီ နီကိုလပ္စ္ကလည္း ေဝဖန္ခဲ့ၿပီး အဆိပ္သင့္ေနတဲ့ လူမႈအဖြဲ႕အစည္းလို႔ ေျပာဆိုသြားခဲ့ပါတယ္။
Ref: Xhaka’s Instagram, Sky Sports, The Sun



error: Content is protected !!