၁၊ ၁၁၊ ၂၀၁၉ – နံနက်ခင်းသတင်းတိုများ

[UNICODE]

၁။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ဟောင်း နီဂျယ် ဝင်းတားဘန်းက လက်ရှိနည်းပြ အူနိုင်း အမ်မရကို ထုတ်ပယ်ခဲ့မယ်ဆိုရင် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယာရာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသင်းဟောင်းထံ တိုက်တွန်းလိုက်ပါတယ်။ “ကျွန်တော်ပြောချင်တာကတော့ ပက်ထရစ် ဗီယာရာကို မျက်ခြေမပျက်စောင့်ကြည့်နေဖို့ပါပဲ။ အသင်းကို ဦးဆောင်နိုင်မယ့် တစ်စုံတစ်ယောက်ရှိတယ်ဆိုရင် သူ့ကို ရွေးချယ်တာက နည်းမှန်လမ်းမှန်ပါပဲ။ အာတီတာနဲ့ ယွန်းဘတ်တို့က ရဲရင့်တဲ့သူတွေဖြစ်ချင်ဖြစ်ကြပါမယ်။ သူတို့က ထက်မြက်တဲ့သူတွေဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် အသင်းကို ဦးစီးဦးဆောင်ပြုနိုင်တဲ့ လယ်ဗယ်မျိုးနဲ့ နည်းပြဆိုရင်တော့ သူ (ဗီယာရာ) က အသင့်တော်ဆုံးပါပဲ” လို့ ဝင်တားဘန်းက ဆိုခဲ့ပါတယ်။

၂။ လက်စတာ စီးတီးနည်းပြ ဘရန်ဒန် ရော်ဂျာစ်က အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားနေရာကို တူရကီ လူငယ်ကြယ်ပွင့် ကက်ဂလာ ဆိုယွန်ကူက အပြည့်အဝ အစားထိုးနိုင်ခဲ့ပြီလို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။ “သူက ခုချိန်မှာဆို (ဆိုယွန်ကူ) ပရိတ်သတ်အကြိုက် ဟီးရိုးဖြစ်နေပါပြီ” လို့ သူက ပြောဆိုသွားခဲ့ပါတယ်။

၃။ လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတင် လိုက်ပဇစ် တိုက်စစ်မှူး တီမို ဝါနာကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။ Express ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ မန်ယူအသင်းရဲ့ ရန်ကို စိုးရိမ်လာတာကြောင့် ဝါနာကို စောစီးစွာ ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

၄။ အေစီမီလန်အသင်းဟာ လီဗာပူးလ်ခံစစ်မှူး ဒီဂျန် လိုဗ်ရန်ကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းတော့မှာဖြစ်တယ်လို့ Mail က ဖော်ပြခဲ့ပါတယ်။

၅။ ဂျူဗင်တပ်အသင်းဟာ မန်ယအူသင်းက အလိုရှိနေတဲ့ ခရိုအေးရှားတိုက်စစ်မှူး မာရီယို မန်ဇူကစ်ရဲ့ တန်ကြေးကို ပေါင် ၅.၄ သန်း သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ စီးရီးအေကလပ်ဟာ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှူးကို လာမယ့် ဇန်နဝါရီမှာ ရောင်းထုတ်တော့မှာပါ။

၆။ ဘာစီလိုနာအသင်းဟာ ခရူဇီယိုအသင်းက အသက် ၂၀ အရွယ် ကွင်းလယ်လူ အီဒါဆင်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ ဘာစီလိုနာ အားကစားဒါရိုက်တာ အဲရစ် အဘီဒယ်ဟာ ခရူဇီယိုအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ဘရာဇီးလ်နိုင်ငံကို ခရီးထွက်နေပါတယ်။

၇။ အယ်လ်အေ ဂယ်လက်ဆီအသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်ချ်ကို အသင်းမှာ ဆက်လက် ထားရှိနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။ မိုဗစ်ချ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေသူဖြစ်ပါတယ်။

၈။ လိုင်ယွန်အသင်းဟာ သူတို့ အသည်းအသန်အလိုရှိနေတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး အိုလီဗီယာ ဂျရူးကို ခေါ်ယူဖို့ စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ လိုင်ယွန်တာဝန်ရှိသူတွေဟာ ဂျရူးကို ဆက်သွယ်မှု စတင်ပြုလုပ်နေပြီဖြစ်ပြီး ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

၉။ မန်ယူနဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဂျိုဇီ မော်ရင်ဟိုက သူ့အနေနဲ့ အဓိက ဆုဖလားတွေကိုင်မြှောက်ဖို့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းကို ကိုင်တွယ်နည်းပြတော့မှာဖြစ်တယ်လို့ Sky Sports ကို အတည်ပြု ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်နည်းပြဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို စပါးအသင်းကလည်း သူ့ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

၁၀။ ဝက်ဖို့ဒ်အသင်းဟာ အသက် ၁၈ နှစ်အရွယ် ဘရာဇီးလ် လူငယ်တိုက်စစ်မှူး ယော်အို ပက်ဒရိုကို ပေါင် ၂ သန်းနဲ့ ခေါ်ယူဖို့ ဖလူမင်းနီးစ်အသင်းနဲ့ သဘောတူညီချက် ရယူနိုင်ခဲ့ပေမယ့် ကစားသမားဟာ အလုပ်လုပ်ခွင့်ပါမစ် ရရှိဖို့ ခက်ခဲနေတယ်လို့ Standard သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

[ZAWGYI]

၁။ အာဆင္နယ္အသင္းရဲ႕ ဂႏၲဝင္ေဟာင္း နီဂ်ယ္ ဝင္းတားဘန္းက လက္ရွိနည္းျပ အူႏိုင္း အမ္မရကို ထုတ္ပယ္ခဲ့မယ္ဆိုရင္ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီယာရာကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ အသင္းေဟာင္းထံ တိုက္တြန္းလိုက္ပါတယ္။ “ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ပက္ထရစ္ ဗီယာရာကို မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနဖို႔ပါပဲ။ အသင္းကို ဦးေဆာင္ႏိုင္မယ့္ တစ္စုံတစ္ေယာက္ရွိတယ္ဆိုရင္ သူ႔ကို ေ႐ြးခ်ယ္တာက နည္းမွန္လမ္းမွန္ပါပဲ။ အာတီတာနဲ႔ ယြန္းဘတ္တို႔က ရဲရင့္တဲ့သူေတြျဖစ္ခ်င္ျဖစ္ၾကပါမယ္။ သူတို႔က ထက္ျမက္တဲ့သူေတြျဖစ္ခ်င္ျဖစ္မွာပါ။ ဒါေပမယ့္ အသင္းကို ဦးစီးဦးေဆာင္ျပဳႏိုင္တဲ့ လယ္ဗယ္မ်ိဳးနဲ႔ နည္းျပဆိုရင္ေတာ့ သူ (ဗီယာရာ) က အသင့္ေတာ္ဆုံးပါပဲ” လို႔ ဝင္တားဘန္းက ဆိုခဲ့ပါတယ္။

၂။ လက္စတာ စီးတီးနည္းျပ ဘရန္ဒန္ ေရာ္ဂ်ာစ္က အသင္းကေန ထြက္ခြာသြားၿပီျဖစ္တဲ့ ဟယ္ရီ မက္ဂြိဳင္းယားေနရာကို တူရကီ လူငယ္ၾကယ္ပြင့္ ကက္ဂလာ ဆိုယြန္ကူက အျပည့္အဝ အစားထိုးႏိုင္ခဲ့ၿပီလို႔ Sky Sports နဲ႔ အင္တာဗ်ဴးမွာ ေျပာဆိုသြားခဲ့ပါတယ္။ “သူက ခုခ်ိန္မွာဆို (ဆိုယြန္ကူ) ပရိတ္သတ္အႀကိဳက္ ဟီး႐ိုးျဖစ္ေနပါၿပီ” လို႔ သူက ေျပာဆိုသြားခဲ့ပါတယ္။

၃။ လီဗာပူးလ္အသင္းဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာတင္ လိုက္ပဇစ္ တိုက္စစ္မႉး တီမို ဝါနာကို ေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနပါတယ္။ Express ရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းတာဝန္ရွိသူေတြဟာ မန္ယူအသင္းရဲ႕ ရန္ကို စိုးရိမ္လာတာေၾကာင့္ ဝါနာကို ေစာစီးစြာ ေခၚယူဖို႔ ႀကိဳးပမ္းသြားေတာ့မွာျဖစ္တယ္လို႔ ဆိုပါတယ္။

၄။ ေအစီမီလန္အသင္းဟာ လီဗာပူးလ္ခံစစ္မႉး ဒီဂ်န္ လိုဗ္ရန္ကို ေခၚယူဖို႔ ျပန္လည္ႀကိဳးပမ္းေတာ့မွာျဖစ္တယ္လို႔ Mail က ေဖာ္ျပခဲ့ပါတယ္။

၅။ ဂ်ဴဗင္တပ္အသင္းဟာ မန္ယူသင္းက အလိုရွိေနတဲ့ ခ႐ိုေအးရွားတိုက္စစ္မႉး မာရီယို မန္ဇူကစ္ရဲ႕ တန္ေၾကးကို ေပါင္ ၅.၄ သန္း သတ္မွတ္လိုက္ၿပီျဖစ္ပါတယ္။ စီးရီးေအကလပ္ဟာ အသက္ ၃၃ ႏွစ္ အ႐ြယ္ တိုက္စစ္မႉးကို လာမယ့္ ဇန္နဝါရီမွာ ေရာင္းထုတ္ေတာ့မွာပါ။

၆။ ဘာစီလိုနာအသင္းဟာ ခ႐ူဇီယိုအသင္းက အသက္ ၂၀ အ႐ြယ္ ကြင္းလယ္လူ အီဒါဆင္ကို ေခၚယူဖို႔ စီစဥ္ေနပါတယ္။ လက္ရွိမွာ ဘာစီလိုနာ အားကစားဒါ႐ိုက္တာ အဲရစ္ အဘီဒယ္ဟာ ခ႐ူဇီယိုအသင္းတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးဖို႔ ဘရာဇီးလ္ႏိုင္ငံကို ခရီးထြက္ေနပါတယ္။

၇။ အယ္လ္ေအ ဂယ္လက္ဆီအသင္းဟာ သူတို႔ရဲ႕ တိုက္စစ္မႉး ဇလာတန္ အီဗရာဟီမိုဗစ္ခ်္ကို အသင္းမွာ ဆက္လက္ ထားရွိႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းသြားဦးမွာျဖစ္တယ္လို႔ သိရပါတယ္။ မိုဗစ္ခ်္ဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ေနသူျဖစ္ပါတယ္။

၈။ လိုင္ယြန္အသင္းဟာ သူတို႔ အသည္းအသန္အလိုရွိေနတဲ့ ခ်ယ္လ္ဆီးတိုက္စစ္မႉး အိုလီဗီယာ ဂ်႐ူးကို ေခၚယူဖို႔ စတင္လႈပ္ရွားေနၿပီျဖစ္ပါတယ္။ လိုင္ယြန္တာဝန္ရွိသူေတြဟာ ဂ်႐ူးကို ဆက္သြယ္မႈ စတင္ျပဳလုပ္ေနၿပီျဖစ္ၿပီး ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

၉။ မန္ယူနဲ႔ ခ်ယ္လ္ဆီးနည္းျပေဟာင္း ဂ်ိဳဇီ ေမာ္ရင္ဟိုက သူ႔အေနနဲ႔ အဓိက ဆုဖလားေတြကိုင္ေျမႇာက္ဖို႔ ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္းကို ကိုင္တြယ္နည္းျပေတာ့မွာျဖစ္တယ္လို႔ Sky Sports ကို အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။ ေမာ္ရင္ဟိုဟာ အာဆင္နယ္အသင္းကို ကိုင္တြယ္နည္းျပဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနသလို စပါးအသင္းကလည္း သူ႔ကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

၁၀။ ဝက္ဖို႔ဒ္အသင္းဟာ အသက္ ၁၈ ႏွစ္အ႐ြယ္ ဘရာဇီးလ္ လူငယ္တိုက္စစ္မႉး ေယာ္အို ပက္ဒ႐ိုကို ေပါင္ ၂ သန္းနဲ႔ ေခၚယူဖို႔ ဖလူမင္းနီးစ္အသင္းနဲ႔ သေဘာတူညီခ်က္ ရယူႏိုင္ခဲ့ေပမယ့္ ကစားသမားဟာ အလုပ္လုပ္ခြင့္ပါမစ္ ရရွိဖို႔ ခက္ခဲေနတယ္လို႔ Standard သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။



error: Content is protected !!