ဖခင်ခြေရာကို တစ်ထပ်တည်း နင်းလျှောက်လာနေတဲ့ ဂျူနီယာ ရော်နယ်ဒို

[UNICODE]

အီတလီအခြေစိုက် ဘောလုံးကင်းထောက်တွေရဲ့ အစီရင်ခံမှုအရ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် ယူ-၉ အသင်းအတွက် ၂၈ ပွဲ ကစားပေးထားချိန်မှာ ၅၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာ ရော်နယ်ဒိုကတော့ တစ်ချိန်မှာ ဖခင်ဖြစ်သူရဲ့ ခြေရာကိုလိုက်နင်းနိုင်မယ့်သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဖအေဖြစ်သူရဲ့ ဗီဇစိတ်ပါဝင်လာခဲ့သူပီပီ ဂျူနီယာရော်နယ်ဒိုက သူ့အသက်အရွယ်တန်းပြိုင်ပွဲတွေမှာ ခြေစွမ်းကောင်းတွေကို ပြသနေခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရော်နယ်ဒိုပြောင်းရွှေ့ခဲ့ရာမှာ ဂျူနီယာ ရော်နယ်ဒိုကလည်း လူငယ်အသင်းပြောင်းရွှေ့ခဲ့ရပါတယ်။ ဂျူဗင်တပ်စ် ယူ-၉ အသင်းမှာ ကစားနေခဲ့တဲ့ ဂျူနီယာ ရော်နယ်ဒိုက အသက်အရွယ်နဲ့မလိုက်ဖက်အောင်ကို ခြေစွမ်းပြနေတာဖြစ်ပြီး ဖခင်ဖြစ်သူလိုပဲ ဂိုးတွေ အများအပြား သွင်းယူပေးထားပြီးဖြစ်ပါတယ်။

ဘောလုံးကင်းထောက်တွေရဲ့ အစီရင်ခံမှုအရ ဂျူနီယာ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် ယူ-၉ အတွက် ၂၈ ပွဲသာ ကစားပေးထားသေးချိန်မှာ ၅၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဂိုးဖန်တီးမှုကလည်း ၁၈ ကြိမ်အထိ ပြုလုပ်ထားတယ်လို့ သိရပြီး တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှုပေါင်း ၇၆ ဂိုးအထိ ရှိနေခဲ့တာဖြစ်လို့ အံ့အားသင့်စရာအရည်အသွေးလည်း ဖြစ်နေခဲ့ပါတယ်။

ပွဲဦးထွက်မှာပဲ အသင်းအတွက် လေးဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် ဂျူနီယာရော်နယ်ဒိုက အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်ကလည်း သားဖြစ်သူကို အနီးကပ်လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေသလို လူငယ်အကယ်ဒမီကောင်းတွေမှာလည်း တက်ရောက်သင်ကြားခွင့်ရရှိခဲ့တာကလည်း ဂျူနီယာရော်နယ်ဒိုအတွက် ကံကောင်းမှုတစ်ခုဖြစ်ခဲ့ရပါတယ်။
Ref: Bola

[ZAWGYI]

အီတလီအေျခစိုက္ ေဘာလုံးကင္းေထာက္ေတြရဲ႕ အစီရင္ခံမႈအရ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ သားျဖစ္သူ ဂ်ဴနီယာ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ ယူ-၉ အသင္းအတြက္ ၂၈ ပြဲ ကစားေပးထားခ်ိန္မွာ ၅၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ဴဗင္တပ္စ္အသင္း တိုက္စစ္မႉး ေရာ္နယ္ဒိုရဲ႕ သားျဖစ္သူ ဂ်ဴနီယာ ေရာ္နယ္ဒိုကေတာ့ တစ္ခ်ိန္မွာ ဖခင္ျဖစ္သူရဲ႕ ေျခရာကိုလိုက္နင္းႏိုင္မယ့္သူအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ ဖေအျဖစ္သူရဲ႕ ဗီဇစိတ္ပါဝင္လာခဲ့သူပီပီ ဂ်ဴနီယာေရာ္နယ္ဒိုက သူ႔အသက္အ႐ြယ္တန္းၿပိဳင္ပြဲေတြမွာ ေျခစြမ္းေကာင္းေတြကို ျပသေနခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္ကို ေရာ္နယ္ဒိုေျပာင္းေ႐ႊ႕ခဲ့ရာမွာ ဂ်ဴနီယာ ေရာ္နယ္ဒိုကလည္း လူငယ္အသင္းေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။ ဂ်ဴဗင္တပ္စ္ ယူ-၉ အသင္းမွာ ကစားေနခဲ့တဲ့ ဂ်ဴနီယာ ေရာ္နယ္ဒိုက အသက္အ႐ြယ္နဲ႔မလိုက္ဖက္ေအာင္ကို ေျခစြမ္းျပေနတာျဖစ္ၿပီး ဖခင္ျဖစ္သူလိုပဲ ဂိုးေတြ အမ်ားအျပား သြင္းယူေပးထားၿပီးျဖစ္ပါတယ္။

ေဘာလုံးကင္းေထာက္ေတြရဲ႕ အစီရင္ခံမႈအရ ဂ်ဴနီယာ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ ယူ-၉ အတြက္ ၂၈ ပြဲသာ ကစားေပးထားေသးခ်ိန္မွာ ၅၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဂိုးဖန္တီးမႈကလည္း ၁၈ ႀကိမ္အထိ ျပဳလုပ္ထားတယ္လို႔ သိရၿပီး တိုက္႐ိုက္ဂိုးပါဝင္ပတ္သက္မႈေပါင္း ၇၆ ဂိုးအထိ ရွိေနခဲ့တာျဖစ္လို႔ အံ့အားသင့္စရာအရည္အေသြးလည္း ျဖစ္ေနခဲ့ပါတယ္။

ပြဲဦးထြက္မွာပဲ အသင္းအတြက္ ေလးဂိုးအထိ သြင္းယူေပးခဲ့ၿပီးေနာက္ ဂ်ဴနီယာေရာ္နယ္ဒိုက အားလုံးရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ ေရာ္နယ္ဒိုကိုယ္တိုင္ကလည္း သားျဖစ္သူကို အနီးကပ္ေလ့က်င့္သင္ၾကားေပးမႈေတြ ရွိေနသလို လူငယ္အကယ္ဒမီေကာင္းေတြမွာလည္း တက္ေရာက္သင္ၾကားခြင့္ရရွိခဲ့တာကလည္း ဂ်ဴနီယာေရာ္နယ္ဒိုအတြက္ ကံေကာင္းမႈတစ္ခုျဖစ္ခဲ့ရပါတယ္။
Ref: Bola



error: Content is protected !!