မကြာခင်မှာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တော့မယ်လို့ သုံးသပ်ခံခဲ့ရတဲ့ ချယ်လ်ဆီး

[UNICODE]

လီဗာပူးဂန္တဝင်ကစားသမား ဂျေမီကာရေဂါဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းအနေနဲ့ ထိပ်ဆုံးလေးနေရာအတွင်း ဝင်ရောက်နိုင်လိမ့်မယ်လို့ လုံးဝယုံကြည်ထားပြီး မကြာမီနှစ်အနည်းငယ်အတွင်း အမှတ်ပေးဖလားကိုပါ စိန်ခေါ်နိုင်တော့မှာဖြစ်တယ်လို့ Sky Sports ကို ပြောဆိုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ရာသီသစ်မစတင်မီမှာ အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ အီဒင်ဟာဇက်ကို ဆုံးရှုံးခဲ့ရသလို အပြောင်းအရွှေ့ပိတ်ဆို့မှုပြစ်ဒဏ်လည်း ချမှတ်ခံထားရတာကြောင့် ယခုရာသီ နည်းပြသစ်လမ်းပတ်လက်ထက်မှာ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်ခံခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ နည်းပြ လမ်းပတ်ရဲ့ ဦးဆောင်မှုအောက်မှာ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့် ၁၀ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၀ အထိ ရယူနိုင်ခဲ့ပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ရာသီအစတုန်းက ချယ်ဆီးကို နည်းနည်းစိုးရိမ်မှုရှိခဲ့ပါတယ်။ အတွေ့အကြုံအများကြီးမရှိသေးတဲ့ ငယ်ရွယ်တဲ့နည်းပြလေ။ သူတို့တွေ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားကိုလည်း ဆုံးရှုံးခဲ့ပြီး ကစားသမားသစ်လည်း ခေါ်ယူလို့ မရခဲ့ပါဘူး။ သူတို့တွေ နှစ်အတော်ကြာ အရမ်းကောင်းမွန်တဲ့လူငယ်အသင်းရှိနေခဲ့တာကို ကျွန်တော်တို့ သိပါတယ်။ သူတို့တွေ လူငယ်ကစားသမားတွေကို အခွင့်အရေးပေးနေပါတယ်။ ဒါပေမယ့် သူတို့က အဲဒီအခွင့်အရေးကို ယူရုံတင်မဟုတ်ဘဲ ကြည့်ရတာ လုံးဝကို ထိပ်တန်းကစားသမားတွေလိုပါပဲ” လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

“ခင်ဗျား တွေးနေတာက ဒီ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်အတွင်းမှာ ဒီလူငယ်ကစားသမားတွေက တကယ်ကို ထူးခြားလာမယ်ပေ့ါ။ ငယ်မွေးခြံပေါက်ကစားသမားတွေနဲ့ အသင်းတစ်သင်း။ မန်ချက်စတာယူနိုက်တက် အဲဒီနှစ်တွေမှာ ဘာတွေများ လုပ်နေခဲ့လဲလို့ ခင်ဗျား တွေးမှာပါ။ ဒါပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒီ လူငယ်ကစားသမားတွေက စူပါစတားတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်ဖို့အတွက် ဖြည့်စွက်မှုဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီရာသီမှာတော့ သူတို့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် မမြင်ပါဘူး။ ဒီရာသီမှာ သူတို့ ထိပ်ဆုံးလေးနေရာအတွင်းဝင်တယ်ဆိုရင် နည်းပြလမ်းပတ်က အရမ်းကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့တာပဲ” လို့ လီဗာပူးလ်ခံစစ်မှူးဟောင်းကြီးက ပြောဆိုသွားခဲ့ပါတယ်။
Ref: Sky Sports, Metro

[ZAWGYI]

လီဗာပူးဂႏၲဝင္ကစားသမား ေဂ်မီကာေရဂါဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ခ်ယ္ဆီးအသင္းအေနနဲ႔ ထိပ္ဆုံးေလးေနရာအတြင္း ဝင္ေရာက္ႏိုင္လိမ့္မယ္လို႔ လုံးဝယုံၾကည္ထားၿပီး မၾကာမီႏွစ္အနည္းငယ္အတြင္း အမွတ္ေပးဖလားကိုပါ စိန္ေခၚႏိုင္ေတာ့မွာျဖစ္တယ္လို႔ Sky Sports ကို ေျပာဆိုသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ရာသီသစ္မစတင္မီမွာ အသင္းရဲ႕ၾကယ္ပြင့္ကစားသမားျဖစ္တဲ့ အီဒင္ဟာဇက္ကို ဆုံးရႈံးခဲ့ရသလို အေျပာင္းအေ႐ႊ႕ပိတ္ဆို႔မႈျပစ္ဒဏ္လည္း ခ်မွတ္ခံထားရတာေၾကာင့္ ယခုရာသီ နည္းျပသစ္လမ္းပတ္လက္ထက္မွာ ႐ုန္းကန္ရလိမ့္မယ္လို႔ သုံးသပ္ခံခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နည္းျပ လမ္းပတ္ရဲ႕ ဦးေဆာင္မႈေအာက္မွာ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္အဖြင့္ ၁၀ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၂၀ အထိ ရယူႏိုင္ခဲ့ၿပီး အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ရာသီအစတုန္းက ခ်ယ္ဆီးကို နည္းနည္းစိုးရိမ္မႈရွိခဲ့ပါတယ္။ အေတြ႕အႀကဳံအမ်ားႀကီးမရွိေသးတဲ့ ငယ္႐ြယ္တဲ့နည္းျပေလ။ သူတို႔ေတြ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားကိုလည္း ဆုံးရႈံးခဲ့ၿပီး ကစားသမားသစ္လည္း ေခၚယူလို႔ မရခဲ့ပါဘူး။ သူတို႔ေတြ ႏွစ္အေတာ္ၾကာ အရမ္းေကာင္းမြန္တဲ့လူငယ္အသင္းရွိေနခဲ့တာကို ကြၽန္ေတာ္တို႔ သိပါတယ္။ သူတို႔ေတြ လူငယ္ကစားသမားေတြကို အခြင့္အေရးေပးေနပါတယ္။ ဒါေပမယ့္ သူတို႔က အဲဒီအခြင့္အေရးကို ယူ႐ုံတင္မဟုတ္ဘဲ ၾကည့္ရတာ လုံးဝကို ထိပ္တန္းကစားသမားေတြလိုပါပဲ” လို႔ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။

“ခင္ဗ်ား ေတြးေနတာက ဒီ ၂ ႏွစ္ ဒါမွမဟုတ္ ၃ ႏွစ္အတြင္းမွာ ဒီလူငယ္ကစားသမားေတြက တကယ္ကို ထူးျခားလာမယ္ေပ့ါ။ ငယ္ေမြးၿခံေပါက္ကစားသမားေတြနဲ႔ အသင္းတစ္သင္း။ မန္ခ်က္စတာယူႏိုက္တက္ အဲဒီႏွစ္ေတြမွာ ဘာေတြမ်ား လုပ္ေနခဲ့လဲလို႔ ခင္ဗ်ား ေတြးမွာပါ။ ဒါေပမယ့္ လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ဒီ လူငယ္ကစားသမားေတြက စူပါစတားေတြနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ေနာက္ထပ္တစ္ႀကိမ္ စိန္ေခၚဖို႔အတြက္ ျဖည့္စြက္မႈျဖစ္လာမယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဒီရာသီမွာေတာ့ သူတို႔ ခ်န္ပီယံဆုအတြက္ စိန္ေခၚႏိုင္မယ္လို႔ ကြၽန္ေတာ္ မျမင္ပါဘူး။ ဒီရာသီမွာ သူတို႔ ထိပ္ဆုံးေလးေနရာအတြင္းဝင္တယ္ဆိုရင္ နည္းျပလမ္းပတ္က အရမ္းေကာင္းမြန္တဲ့အလုပ္ကို လုပ္ႏိုင္ခဲ့တာပဲ” လို႔ လီဗာပူးလ္ခံစစ္မႉးေဟာင္းႀကီးက ေျပာဆိုသြားခဲ့ပါတယ္။
Ref: Sky Sports, Metro



error: Content is protected !!