“အိုဇေးလ်မပါတဲ့ အာဆင်နယ်ဟာ အသင်းကြီးမဟုတ်ပါဘူး” – ဂျေမီ ကာရေဂါ

[UNICODE]

လီဗာပူးလ် ဂန္တဝင်ဟောင်း ဂျေမီ ကာရေဂါက အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို ပွဲထွက်ခွင့် မဖြစ်မနေပြန်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပြီး အိုဇေးလ်မပါဝင်တဲ့ အာဆင်နယ်အသင်းဟာ ဘာထိပ်တန်းအဆင့်မှာမှ ရှိမနေဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော် (လီဗာပူးလ်နဲ့) ပွဲ မတိုင်ခင်ကတည်းက ပြောခဲ့ပါတယ်။ အိုဇေးလ် ပြန်ပြီး ပါဝင်ခွင့်ရသင့်တယ်လို့ပေါ့။ သူက ကမ္ဘာ့ဖလား ချန်ပီယံဟောင်းတစ်ယောက်ပါ။ လူငယ်တွေနဲ့ သွားကန်နေရမှာလား။ သူက သူ့ရဲ့ ကစားခွင်မှာဆိုရင် အရမ်းကို ကောင်းမွန်တဲ့ ကစားသမားပါ။ (လီဗာပူးလ်နဲ့ပွဲက) သူပါဝင်ပတ်သတ်ခဲ့တဲ့ သွင်းဂိုးတွေဆိုရင် အံ့ဘနန်းပါပဲ။ သူက သူ့အဆင့်အတန်းနဲ့ တည်ငြိမ်မှုကို ပြသွားပါတယ်” လို့ လီဗာပူးလ် ဂန္တဝင်ဟောင်းက ဆိုခဲ့ပါတယ်။

“ကျွန်တော်က အိုဇေးလ်ရဲ့ ပရိတ်သတ်ကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကြောင့်နဲ့တော့ အာဆင်နယ်လူစာရင်းမှာ သူပါဝင်ကစားဖို့ မထိုက်တန်ဘူးလို့ ပြောမှာမဟုတ်ပါဘူး။ သူမပါရင် အာဆင်နယ်က ထိပ်တန်းအသင်းမဟုတ်ပါဘူး။ ဝေဖန်တဲ့သူတွေက ပြောကြတယ် အိုဇေးလ်က အာဆင်နယ်ကို ချန်ပီယံလိဂ် ဒါမှမဟုတ် ပရီးမီးယားလိဂ်ရအောင် ကူညီနိုင်မှာမဟုတ်ဘူးတဲ့။ ခုလည်း ကြည့်ပါဦး သူတို့ အဆင့် ၄ ဝင်ဖို့ ရုံးကန်နေရတယ်မဟုတ်ဘူးလား။ သူတို့အသင်းရဲ့ အကောင်းဆုံး ၁၁ ယောက်မှာ အိုဇေးလ်က မဖြစ်မနေပါဝင်နေရမယ့် သူပါ” လို့ အင်္ဂလန်ခံစစ်မှူးဟောင်းက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

မီဆွတ် အိုဇေးလ်ဟာ လီဗာပူးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ ၆၅ မိနစ်သာ ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့သလို တခြားသွင်းဂိုး ၂ ဂိုးရဲ့ Final Third ball တွေဟာလည်း ဖန်တီးပေးပို့ခဲ့သူဖြစ်ပါတယ်။

အိုဇေးလ်ကို ပွဲထွက်ခွင့်ကနေ ချန်လှပ်ထားတဲ့ အာဆင်နယ် နည်းပြဖြစ်သူ အူနိုင်း အမ်မရီကတော့ လီဗာပူးလ်နဲ့ ပွဲစဉ်က ဂျာမန်သားရဲ့ ခြေစွမ်းကို ချီးမွမ်းစကားဆိုခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပြန်လည်ကစားခွင့်ပေးသွားဖို့ရှိနေကြောင်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
Ref: Sky Sports, Football London

[ZAWGYI]

လီဗာပူးလ္ ဂႏၲဝင္ေဟာင္း ေဂ်မီ ကာေရဂါက အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို ပြဲထြက္ခြင့္ မျဖစ္မေနျပန္ေပးဖို႔ လိုအပ္တယ္လို႔ ေျပာဆိုလိုက္ၿပီး အိုေဇးလ္မပါဝင္တဲ့ အာဆင္နယ္အသင္းဟာ ဘာထိပ္တန္းအဆင့္မွာမွ ရွိမေနဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။

“ကြၽန္ေတာ္ (လီဗာပူးလ္နဲ႔) ပြဲ မတိုင္ခင္ကတည္းက ေျပာခဲ့ပါတယ္။ အိုေဇးလ္ ျပန္ၿပီး ပါဝင္ခြင့္ရသင့္တယ္လို႔ေပါ့။ သူက ကမာၻ႔ဖလား ခ်န္ပီယံေဟာင္းတစ္ေယာက္ပါ။ လူငယ္ေတြနဲ႔ သြားကန္ေနရမွာလား။ သူက သူ႔ရဲ႕ ကစားခြင္မွာဆိုရင္ အရမ္းကို ေကာင္းမြန္တဲ့ ကစားသမားပါ။ (လီဗာပူးလ္နဲ႔ပြဲက) သူပါဝင္ပတ္သတ္ခဲ့တဲ့ သြင္းဂိုးေတြဆိုရင္ အံ့ဘနန္းပါပဲ။ သူက သူ႔အဆင့္အတန္းနဲ႔ တည္ၿငိမ္မႈကို ျပသြားပါတယ္” လို႔ လီဗာပူးလ္ ဂႏၲဝင္ေဟာင္းက ဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္က အိုေဇးလ္ရဲ႕ ပရိတ္သတ္ႀကီးေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီအခ်က္ေၾကာင့္နဲ႔ေတာ့ အာဆင္နယ္လူစာရင္းမွာ သူပါဝင္ကစားဖို႔ မထိုက္တန္ဘူးလို႔ ေျပာမွာမဟုတ္ပါဘူး။ သူမပါရင္ အာဆင္နယ္က ထိပ္တန္းအသင္းမဟုတ္ပါဘူး။ ေဝဖန္တဲ့သူေတြက ေျပာၾကတယ္ အိုေဇးလ္က အာဆင္နယ္ကို ခ်န္ပီယံလိဂ္ ဒါမွမဟုတ္ ပရီးမီးယားလိဂ္ရေအာင္ ကူညီႏိုင္မွာမဟုတ္ဘူးတဲ့။ ခုလည္း ၾကည့္ပါဦး သူတို႔ အဆင့္ ၄ ဝင္ဖို႔ ႐ုံးကန္ေနရတယ္မဟုတ္ဘူးလား။ သူတို႔အသင္းရဲ႕ အေကာင္းဆုံး ၁၁ ေယာက္မွာ အိုေဇးလ္က မျဖစ္မေနပါဝင္ေနရမယ့္ သူပါ” လို႔ အဂၤလန္ခံစစ္မႉးေဟာင္းက သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

မီဆြတ္ အိုေဇးလ္ဟာ လီဗာပူးလ္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ခဲ့တဲ့ ကာရာေဘာင္း ဖလားပြဲစဥ္မွာ ၆၅ မိနစ္သာ ပါဝင္ကစားခြင့္ ရရွိခဲ့ေပမယ့္ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သလို တျခားသြင္းဂိုး ၂ ဂိုးရဲ႕ Final Third ball ေတြဟာလည္း ဖန္တီးေပးပို႔ခဲ့သူျဖစ္ပါတယ္။

အိုေဇးလ္ကို ပြဲထြက္ခြင့္ကေန ခ်န္လွပ္ထားတဲ့ အာဆင္နယ္ နည္းျပျဖစ္သူ အူႏိုင္း အမ္မရီကေတာ့ လီဗာပူးလ္နဲ႔ ပြဲစဥ္က ဂ်ာမန္သားရဲ႕ ေျခစြမ္းကို ခ်ီးမြမ္းစကားဆိုခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ျပန္လည္ကစားခြင့္ေပးသြားဖို႔ရွိေနေၾကာင္း ပြဲၿပီး သတင္းစာရွင္းလင္းပြဲမွာ ထည့္သြင္းေျပာဆိုသြားခဲ့ပါတယ္။
Ref: Sky Sports, Football London



error: Content is protected !!