အာဆင်နယ်အသင်းကို ပြောင်းလဲနိုင်တဲ့ နည်းလမ်းတွေ ရှိနေကြောင်း ချပြလိုက်တဲ့ မော်ရင်ဟို

[UNICODE]

အာဆင်နယ် နည်းပြရာထူးကို ရယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းကြီးနေတဲ့ ပေါ်တူဂီလူမျိုးနည်းပြ ဂျိုဇီ မော်ရင်ဟိုက သူ့အနေနဲ့ အူဘာမီယန်း၊ လာကာဇက်နဲ့ နီကိုလပ်စ် ပပ်ပေတို့ကို ဘယ်နည်းဘယ်ပုံ တွဲဖက်ကစားမယ်ဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၅၆ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ Sky Sports ရဲ့ ရုပ်သံသုံးသပ်သူ မော်ရင်ဟိုက အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဟာ ရွေးချယ်စရာတွေများပြားလွန်းပြီး နည်းမှန်လမ်းမှန် အသုံးချနိုင်မယ့် အဖြေသာလိုအပ်နေတာဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

“သူတို့မှာ ရွေးချယ်စရာ ၂ ခု ရှိနေတယ်ဗျ။ တစ်ခုက စပါနဲ့ ပွဲတုန်းကလိုမျိုး ကစားတာပါ။ ကွင်းလယ်လူ ၃ ယောက်တန်းထား၊ ဗဟိုကွင်းလယ်လူ ၂ ဦးနဲ့ No.10 role ကစားသမားတစ်ဦးတွဲဖက်ကစားတာမျိုးပေါ့။ ဒီအနေအထားက လာကာဇက်ကို (ကွင်းလယ်စက်ဝိုင်းနဲ့ ပင်နယ်တီဧရိယာ) စည်းနှစ်ခုအကြားအထိ ပြန်ဆင်းခိုင်စရာမလိုပဲ ပံ့ပို့မှုတွေ လုံလုံလောက်လောက် ဖန်တီးနိုင်ပါတယ်” လို့ ပေါ်တူဂီလူမျိုးနည်းပြဟောင်းက ပြောဆိုသွားခဲ့ပါတယ်။

“နောက်ထပ် အခြေအနေတစ်ခုမှာတော့ ပပ်ပေကို အသုံးချဖို့ အရမ်းကို လိုအပ်ပါတယ်။ အထူးသဖြင့် အတွင်းမှာ ပိုပြီး ထဲထဲဝင်ဝင် ဝင်ကစားခိုင်းဖို့ပေါ့။ ခုခေတ်မှာ အသင်းတိုင်းက ၄ ယောက်တန်း ခံစစ်နဲ့ ကစားကြပါတယ်။ ဒါပေမယ့် သေချာကြည့်မယ်ဆိုရင် သူတို့က ၄ ယောက်တန်း စီထားပေမယ့် တကယ်တမ်း ခံစစ်ကို တည်ဆောက်ထားက ၃ ယောက်တည်းပါ။ ညာနောက်ခံလူတွေဟာ လုံးဝနီးပါး တိုက်စစ်ကို ပံ့ပိုးဖို့ အသုံးချလေ့ရှိပြီး Wingback ဖြစ်လုနီးပါးပါပဲ။ ဒီလို ပံ့ပိုးမှုရတာကြောင့် ညာတောင်ပံတိုက်စစ်ကစားသမားလုပ်သူက အတွင်းဘက်ကို ပိုဝင်ပြီး မွှေနှောက်ကစားကြပါတယ်။ တကယ်လို့ ပပ်ပေသာ ဒီလို ပုံစံမျိုးနဲ့ အတွင်းကို ပိုဝင်ကစားမယ်ဆိုရင် သူ့အနေနဲ့ လာကာဇက်ဆီကို ထောင့်ဖြတ်ပေးပို့မှုတွေ ပိုလုပ်နိုင်ပါလိမ့်မယ်။ ဂွမ်ဒူဇီ စပါးနဲ့ပွဲမှာ အူဘာမီယန်းဆီ ပေးပို့သွားတာလိုမျိုးပေ့ါ။ ပပ်ပေက တောင်ပံညာဘက်ခြမ်းမှာကစားတဲ့ ဘယ်ခြေအားသန် ကစားသမားပါ။ သူက အူဘာမီယန်းကို ရှာဖွေပြီး ထောင့်ဖြတ် ပေးပို့မှုတွေနဲ့ ပေးပို့နိုင်ပါလိမ့်မယ်။ ” လို့ သူက ဆက်လက်ရှင်းပြသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရုံးကန်နေရတာနဲ့ ပတ်သက်လို့လည်း မော်ရင်ဟိုက “သူတို့မှာ ရွေးချယ်စရာတွေအများကြီးပါ။ သူတို့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အရံခုံမှာဆိုရင် အိုဇေးလ်၊ စီဘာယော့စ်တို့လို ကစားသမားမျိုးတွေ ရှိနေသေးတယ်။ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ လူကောင်းတွေ ရှိနေတာမို့ ဘယ်လို မှန်မှန်ကန်ကန်သုံးမလဲဆိုတဲ့ အဖြေပဲ လိုအပ်တာပါ” လို့ မန်ယူနဲ့ ချယ်လ်ဆီး နည်းပြဟောင်းက ပြောဆိုသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံနည်းပြဟောင်း ဂျိုဇီ မော်ရင်ဟိုဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်နည်းပြဖို့ စိတ်အားထက်သန်နေသူဖြစ်ပြီး လန်ဒန်ကလပ်သာ နည်းပြသစ် ခန့်အပ်မယ်ဆိုရင် တာဝန်ယူဖို့ အသင့်ရှိနေကြောင်း အသိပေးမှုပြုလုပ်ထားသူဖြစ်တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
Ref: Football London, Sky Sports, ESPN

[ZAWGYI]

အာဆင္နယ္ နည္းျပရာထူးကို ရယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းႀကီးေနတဲ့ ေပၚတူဂီလူမ်ိဳးနည္းျပ ဂ်ိဳဇီ ေမာ္ရင္ဟိုက သူ႔အေနနဲ႔ အူဘာမီယန္း၊ လာကာဇက္နဲ႔ နီကိုလပ္စ္ ပပ္ေပတို႔ကို ဘယ္နည္းဘယ္ပုံ တြဲဖက္ကစားမယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အသက္ ၅၆ ႏွစ္ အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ Sky Sports ရဲ႕ ႐ုပ္သံသုံးသပ္သူ ေမာ္ရင္ဟိုက အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ဟာ ေ႐ြးခ်ယ္စရာေတြမ်ားျပားလြန္းၿပီး နည္းမွန္လမ္းမွန္ အသုံးခ်ႏိုင္မယ့္ အေျဖသာလိုအပ္ေနတာျဖစ္တယ္လို႔ သုံးသပ္သြားပါတယ္။

“သူတို႔မွာ ေ႐ြးခ်ယ္စရာ ၂ ခု ရွိေနတယ္ဗ်။ တစ္ခုက စပါနဲ႔ ပြဲတုန္းကလိုမ်ိဳး ကစားတာပါ။ ကြင္းလယ္လူ ၃ ေယာက္တန္းထား၊ ဗဟိုကြင္းလယ္လူ ၂ ဦးနဲ႔ No.10 role ကစားသမားတစ္ဦးတြဲဖက္ကစားတာမ်ိဳးေပါ့။ ဒီအေနအထားက လာကာဇက္ကို (ကြင္းလယ္စက္ဝိုင္းနဲ႔ ပင္နယ္တီဧရိယာ) စည္းႏွစ္ခုအၾကားအထိ ျပန္ဆင္းခိုင္စရာမလိုပဲ ပံ့ပို႔မႈေတြ လုံလုံေလာက္ေလာက္ ဖန္တီးႏိုင္ပါတယ္” လို႔ ေပၚတူဂီလူမ်ိဳးနည္းျပေဟာင္းက ေျပာဆိုသြားခဲ့ပါတယ္။

“ေနာက္ထပ္ အေျခအေနတစ္ခုမွာေတာ့ ပပ္ေပကို အသုံးခ်ဖို႔ အရမ္းကို လိုအပ္ပါတယ္။ အထူးသျဖင့္ အတြင္းမွာ ပိုၿပီး ထဲထဲဝင္ဝင္ ဝင္ကစားခိုင္းဖို႔ေပါ့။ ခုေခတ္မွာ အသင္းတိုင္းက ၄ ေယာက္တန္း ခံစစ္နဲ႔ ကစားၾကပါတယ္။ ဒါေပမယ့္ ေသခ်ာၾကည့္မယ္ဆိုရင္ သူတို႔က ၄ ေယာက္တန္း စီထားေပမယ့္ တကယ္တမ္း ခံစစ္ကို တည္ေဆာက္ထားက ၃ ေယာက္တည္းပါ။ ညာေနာက္ခံလူေတြဟာ လုံးဝနီးပါး တိုက္စစ္ကို ပံ့ပိုးဖို႔ အသုံးခ်ေလ့ရွိၿပီး Wingback ျဖစ္လုနီးပါးပါပဲ။ ဒီလို ပံ့ပိုးမႈရတာေၾကာင့္ ညာေတာင္ပံတိုက္စစ္ကစားသမားလုပ္သူက အတြင္းဘက္ကို ပိုဝင္ၿပီး ေမႊေႏွာက္ကစားၾကပါတယ္။ တကယ္လို႔ ပပ္ေပသာ ဒီလို ပုံစံမ်ိဳးနဲ႔ အတြင္းကို ပိုဝင္ကစားမယ္ဆိုရင္ သူ႔အေနနဲ႔ လာကာဇက္ဆီကို ေထာင့္ျဖတ္ေပးပို႔မႈေတြ ပိုလုပ္ႏိုင္ပါလိမ့္မယ္။ ဂြမ္ဒူဇီ စပါးနဲ႔ပြဲမွာ အူဘာမီယန္းဆီ ေပးပို႔သြားတာလိုမ်ိဳးေပ့ါ။ ပပ္ေပက ေတာင္ပံညာဘက္ျခမ္းမွာကစားတဲ့ ဘယ္ေျခအားသန္ ကစားသမားပါ။ သူက အူဘာမီယန္းကို ရွာေဖြၿပီး ေထာင့္ျဖတ္ ေပးပို႔မႈေတြနဲ႔ ေပးပို႔ႏိုင္ပါလိမ့္မယ္။ ” လို႔ သူက ဆက္လက္ရွင္းျပသြားခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုင္းမွာ ႐ုံးကန္ေနရတာနဲ႔ ပတ္သက္လို႔လည္း ေမာ္ရင္ဟိုက “သူတို႔မွာ ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးပါ။ သူတို႔ ကစားသမားေကာင္းေတြ ပိုင္ဆိုင္ထားပါတယ္။ အရံခုံမွာဆိုရင္ အိုေဇးလ္၊ စီဘာေယာ့စ္တို႔လို ကစားသမားမ်ိဳးေတြ ရွိေနေသးတယ္။ သူတို႔ရဲ႕ တိုက္စစ္ပိုင္းမွာ လူေကာင္းေတြ ရွိေနတာမို႔ ဘယ္လို မွန္မွန္ကန္ကန္သုံးမလဲဆိုတဲ့ အေျဖပဲ လိုအပ္တာပါ” လို႔ မန္ယူနဲ႔ ခ်ယ္လ္ဆီး နည္းျပေဟာင္းက ေျပာဆိုသြားခဲ့ပါတယ္။

ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံနည္းျပေဟာင္း ဂ်ိဳဇီ ေမာ္ရင္ဟိုဟာ အာဆင္နယ္အသင္းကို ကိုင္တြယ္နည္းျပဖို႔ စိတ္အားထက္သန္ေနသူျဖစ္ၿပီး လန္ဒန္ကလပ္သာ နည္းျပသစ္ ခန႔္အပ္မယ္ဆိုရင္ တာဝန္ယူဖို႔ အသင့္ရွိေနေၾကာင္း အသိေပးမႈျပဳလုပ္ထားသူျဖစ္တယ္လို႔ ESPN က ေဖာ္ျပခဲ့ပါတယ္။
Ref: Football London, Sky Sports, ESPN



error: Content is protected !!