၃၁၊ ၁၀၊ ၂၀၁၉ လာလီဂါနဲ့စီးရီးအေ သတင်းတိုများ

[Unicode] ဂျီနိုအာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်အသင်းရဲ့ စွမ်းဆောင်ရည်တွေကို တိုက်စစ်မှူး ရော်နယ်လ်ဒိုက အားရကျေနပ်နေပြီး ဂျူဗင်တပ်အသင်းရဲ့ ဆောင်ပုဒ်ဟာ အဆုံးအစွန်အထိ တိုက်ပွဲဝင်သွားဖို့ပဲ ဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

ဘာစီလိုနာအသင်းသာ နေမာကို ခေါ်ယူပေးမယ်ဆိုရင် ကစားသမားတွေအနေနဲ့ လစာလျော့ယူကာ အနစ်နာခံပေးသွားဖို့ အသင့်ရှိနေကြောင့် နောက်ခံလူပီကေးက ပြောကြားခဲ့ပါတယ်။ နူးကမ့်အသင်းအနေနဲ့ ဘရာဇီးလ်သားကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးနဲ့ လစာမြင့်မြင့်မားမား အသုံးပြုရဖို့ ရှိနေတာကြောင့် ဖြစ်ပါတယ်။

စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ ဘယ်နောက်ခံလူနေရာမှာ အင်အားဖြည့်တင်းဖို့အတွက် နာပိုလီအသင်းရဲ့ အသက် (၂၈)နှစ်သား ဖာအိုယူဇီဂူလမ်ကို ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်ဂျီးရီးယားသားဟာ ဒီနှစ်ရာသီမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။

လီဂါနက်စ်အသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ရီးယဲလ်မက်ဒရစ်နည်းပြဇီဒန်းကတော့ တိုက်စစ်မှူး ဘင်ဇီမာရဲ့ အရည်အသွေးကို ချီးကျူးသွားခဲ့ပြီး သွင်းဂိုးတွေထက် သူ့ရဲ့ အထောက်အပံ့တွေက အသင်းအတွက် ပိုတန်ဖိုးရှိတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

နာပိုလီအသင်းကတော့ တိုက်စစ်မှူး မယ်လစ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပိုလန်သားရဲ့ စာချုပ်သက်တမ်းဟာ (၂၀၂၁)ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်မှာ တနှစ်လုပ်ခ ယူရို (၃.၅)သန်း ရရှိသွားမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားကလပ် ဆန်လော်ရန်ဇိုအသင်းမှာ ကစားနေတဲ့ အသက် (၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး မာတီယာစ်ပလာစီယိုစ်က သူ့အနေနဲ့ တနေ့နေ့မှာ ဘာစီလိုနာ သို့မဟုတ် ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားချင်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဒေ့ါမွန်အသင်းရဲ့ လူးကပ်စ်ပစ်ဇက်နဲ့ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်ကစားသမား အမ်မရီချန်တို့ကို ခေါ်ယူဖို့အတွက် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်း ကြိုးပမ်းလာပါတယ်။ အဆိုပါကစားသမား (၂)ဦးစလုံးကို နည်းပြတူဟယ်လ်က ကြိုက်နှစ်သက်နေတာကြောင့်ပါ။

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယိုရာမို့စ်က‌တော့ လီဂါနက်စ်အသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းဂိုးတဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် လာလီဂါ (၁၆)ရာသီဆက် ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် ဘာစီလိုနာကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့စံချိန်ကို အမီလိုက်ခဲ့ပါတယ်။

[ZawGyi] ဂ်ီႏိုအာအသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဂ်ဴဗင္တပ္အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြကို တိုက္စစ္မႉး ေရာ္နယ္လ္ဒိုက အားရေက်နပ္ေနၿပီး ဂ်ဴဗင္တပ္အသင္းရဲ႕ ေဆာင္ပုဒ္ဟာ အဆုံးအစြန္အထိ တိုက္ပြဲဝင္သြားဖို႔ပဲ ျဖစ္ေၾကာင္း ႀကဳံးဝါးခဲ့ပါတယ္။

ဘာစီလိုနာအသင္းသာ ေနမာကို ေခၚယူေပးမယ္ဆိုရင္ ကစားသမားေတြအေနနဲ႔ လစာေလ်ာ့ယူကာ အနစ္နာခံေပးသြားဖို႔ အသင့္ရွိေနေၾကာင့္ ေနာက္ခံလူပီေကးက ေျပာၾကားခဲ့ပါတယ္။ ႏူးကမ့္အသင္းအေနနဲ႔ ဘရာဇီးလ္သားကိုသာ ေခၚယူခဲ့မယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာျမင့္ျမင့္မားမား အသုံးျပဳရဖို႔ ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။

စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းကေတာ့ ဘယ္ေနာက္ခံလူေနရာမွာ အင္အားျဖည့္တင္းဖို႔အတြက္ နာပိုလီအသင္းရဲ႕ အသက္ (၂၈)ႏွစ္သား ဖာအိုယူဇီဂူလမ္ကို ေဆြးေႏြးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ အယ္လ္ဂ်ီးရီးယားသားဟာ ဒီႏွစ္ရာသီမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနသူ ျဖစ္ပါတယ္။

လီဂါနက္စ္အသင္းကို (၅)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ရီးယဲလ္မက္ဒရစ္နည္းျပဇီဒန္းကေတာ့ တိုက္စစ္မႉး ဘင္ဇီမာရဲ႕ အရည္အေသြးကို ခ်ီးက်ဴးသြားခဲ့ၿပီး သြင္းဂိုးေတြထက္ သူ႔ရဲ႕ အေထာက္အပံ့ေတြက အသင္းအတြက္ ပိုတန္ဖိုးရွိတာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

နာပိုလီအသင္းကေတာ့ တိုက္စစ္မႉး မယ္လစ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ပိုလန္သားရဲ႕ စာခ်ဳပ္သက္တမ္းဟာ (၂၀၂၁)ခုႏွစ္မွာ ကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သစ္မွာ တႏွစ္လုပ္ခ ယူ႐ို (၃.၅)သန္း ရရွိသြားမွာ ျဖစ္ပါတယ္။

အာဂ်င္တီးနားကလပ္ ဆန္ေလာ္ရန္ဇိုအသင္းမွာ ကစားေနတဲ့ အသက္ (၁၇)ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားေလး မာတီယာစ္ပလာစီယိုစ္က သူ႔အေနနဲ႔ တေန႔ေန႔မွာ ဘာစီလိုနာ သို႔မဟုတ္ ရီးယဲလ္မက္ဒရစ္အသင္းမွာ ကစားခ်င္တယ္လို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ေဒ့ါမြန္အသင္းရဲ႕ လူးကပ္စ္ပစ္ဇက္နဲ႔ ဂ်ဴဗင္တပ္အသင္းရဲ႕ ကြင္းလယ္ကစားသမား အမ္မရီခ်န္တို႔ကို ေခၚယူဖို႔အတြက္ ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္း ႀကိဳးပမ္းလာပါတယ္။ အဆိုပါကစားသမား (၂)ဦးစလုံးကို နည္းျပတူဟယ္လ္က ႀကိဳက္ႏွစ္သက္ေနတာေၾကာင့္ပါ။

ရီးယဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္က‌ေတာ့ လီဂါနက္စ္အသင္းကို (၅)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းဂိုးတဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ လာလီဂါ (၁၆)ရာသီဆက္ ဂိုးသြင္းယူႏိုင္တဲ့ ကစားသမားအျဖစ္ ဘာစီလိုနာၾကယ္ပြင့္ လီယြန္နယ္မက္ဆီရဲ႕စံခ်ိန္ကို အမီလိုက္ခဲ့ပါတယ္။



error: Content is protected !!