စပါးနည်းပြမော်ရီစီယိုပိုချက်တီနို၌ ယူနိုက်တက်သို့သွားရန် အရံအစီစဉ်ရှိသည်ဟု ယုံကြည် နေတဲ့ ချာလီနစ်ကိုးလတ်။

စပါးနည်းပြ မော်ရီစီယိုပိုချက်တီနိုဟာ အသင်းရလဒ်ဆိုးနေပေမယ့် ငြိမ်သက်နေသည်မှာ မြောက်လန်ဒန်မှထွက်ခွာပြီး အရံအစီစဉ်ရှိနေသည့်သက်သေဟု Sky Sports ရုပ်သံသုံးသပ်သူ ချာ လီနစ်ကိုးလတ်က သုံးသပ်လိုက်ပါတယ်။ ချန်ပီယံလိဂ်၌ ဘိုင်ယန်ကို ၇-၂ ဖြင့် ရှူံးနိမ့်မှု၊ ပရီးမီးယား လိဂ်၌ ဘရိုက်တန်ကို ၃-၀ ဖြင့် ရှူံးနိမ့်မှု၊ ဝက်ဖို့ဒ်နှင့်သရေကျမှု ရလဒ်ဆိုးများကြောင့် ပိုချက်တီနိုက ဖိအားအောက်ရောက်ရှိနေပါတယ်။ စပါးက ရက်စတားဘဲဂရိတ်ကို ၅-၀ ဖြင့်အနိုင်ရခဲ့ပေမယ့် ဒီအ ပါတ်ပရီးမီးယားလိဂ်၌ ရှူံးပွဲမရှိသေးတဲ့ လီဗာပူးနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။


ပွဲကြိုသုံးသပ်ချက်အစီစဉ်၌ နစ်ကိုးလတ်က ‘ဒါပွဲကြီးပွဲကောင်းပါပဲ။ တော့တင်ဟမ်က ချန်ပီ ယံလိဂ်မှာ ပေါက်ကွဲပြခဲ့တယ်။ ပိုချက်တီနိုကို ယူနိုက်တက်နဲ့ ရီးရဲက လိုချင်နေတော့ သူ့မှာအရံအစီ စဉ် ရှိပုံရပါတယ်။ ပိုင်ရှင်နဲ့ အခြေနေတိုးတက်လာတာလည်း သူသိပါတယ်။ ကစားသမားတွေလည်း သူ့အတွက် ညစာဧည့်ခံချင်နေကြတယ်လေ။ တိုဘီအက်ဒါဝီရယ်လည်း နားနေတယ်။ သူတို့ခု လီဗာ ပူးနဲ့ ရင်ဆိုင်ကစားရတော့မယ်။ တိုဘီက သူ့စာချုပ်ကို ဘာလို့ကုန်ဆုံးအောင် လုပ်နေတာလဲ? စပါး က ဝက်ဖို့ဒ်နဲ့ သရေကျခဲ့ပြီး ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ထားတော့ အန်ဖီးမှာကစားဖို့ စိတ်ဓာတ်တက် ကြွနေမှာပါ။ မန်ချက်နဲ့ပွဲက အနိုင်မရပေမယ့် ဂျန့်နဲပွဲမှာဂိုးသွင်းခဲ့တဲ့ မိုဟာမက်ဆာလာ ပြန်ပါမယ်ဆို တော့ သူတို့ပဲနိုင်ပါလိမ့်မယ်။’ Sky Sports မှာ ပြောကြားသွားခဲ့ပါတယ်။


နစ်ကိုးလတ်က လီဗာပူးဟာ စပါးကို ၃-၀ ဖြင့်အနိုင်ရမည်ဟု ခန့်မှန်းသွားခဲ့ပါတယ်။ ယာဂင် ကလော့အသင်းက ချန်ပီယံမန်စီးတီးထက် ၆မှတ် အသာရနေပြီး ၉ပွဲကစား၊ ၈ပွဲထိ အနိုင်ရထားကာ ယူနိုက်တက်နှင့်သာ သရေကျထားပါတယ်။ စပါးကမူ အဆင့်၇နေရာ၌ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာထက် ၅မှတ် လျော့နည်းလျက်ရှိပါတယ်။
Ref; DailyStar / Tanslator ; ANT

 

********** Zawgyi **********

 

စပါးနည္းျပေမာ္ရီစီယိုပိုခ်က္တီႏို၌ ယူႏိုက္တက္သို႔သြားရန္ အရံအစီစဥ္ရွိသည္ဟု ယံုၾကည္ ေနတဲ့ ခ်ာလီနစ္ကိုးလတ္။

စပါးနည္းျပ ေမာ္ရီစီယိုပိုခ်က္တီႏိုဟာ အသင္းရလဒ္ဆိုးေနေပမယ့္ ျငိမ္သက္ေနသည္မွာ ေျမာက္လန္ဒန္မွထြက္ခြာျပီး အရံအစီစဥ္ရွိေနသည့္သက္ေသဟု Sky Sports ရုပ္သံသံုးသပ္သူ ခ်ာ လီနစ္ကိုးလတ္က သံုးသပ္လိုက္ပါတယ္။ ခ်န္ပီယံလိဂ္၌ ဘိုင္ယန္ကို ၇-၂ ျဖင့္ ရွံဴးနိမ့္မွဳ၊ ပရီးမီးယား လိဂ္၌ ဘရိုက္တန္ကို ၃-၀ ျဖင့္ ရွံဴးနိမ့္မွဳ၊ ၀က္ဖို႔ဒ္ႏွင့္သေရက်မွဳ ရလဒ္ဆိုးမ်ားေၾကာင့္ ပိုခ်က္တီႏိုက ဖိအားေအာက္ေရာက္ရွိေနပါတယ္။ စပါးက ရက္စတားဘဲဂရိတ္ကို ၅-၀ ျဖင့္အႏိုင္ရခဲ့ေပမယ့္ ဒီအ ပါတ္ပရီးမီးယားလိဂ္၌ ရွံဴးပြဲမရွိေသးတဲ့ လီဗာပူးႏွင့္ ရင္ဆိုင္ကစားရမည္ျဖစ္သည္။


ပြဲၾကိဳသံုးသပ္ခ်က္အစီစဥ္၌ နစ္ကိုးလတ္က ‘ဒါပြဲၾကီးပြဲေကာင္းပါပဲ။ ေတာ့တင္ဟမ္က ခ်န္ပီ ယံလိဂ္မွာ ေပါက္ကြဲျပခဲ့တယ္။ ပိုခ်က္တီႏိုကို ယူႏိုက္တက္နဲ႔ ရီးရဲက လိုခ်င္ေနေတာ့ သူ႔မွာအရံအစီ စဥ္ ရွိပံုရပါတယ္။ ပိုင္ရွင္နဲ႔ အေျခေနတိုးတက္လာတာလည္း သူသိပါတယ္။ ကစားသမားေတြလည္း သူ႔အတြက္ ညစာဧည့္ခံခ်င္ေနၾကတယ္ေလ။ တိုဘီအက္ဒါ၀ီရယ္လည္း နားေနတယ္။ သူတို႔ခု လီဗာ ပူးနဲ႔ ရင္ဆိုင္ကစားရေတာ့မယ္။ တိုဘီက သူ႔စာခ်ဳပ္ကို ဘာလို႔ကုန္ဆံုးေအာင္ လုပ္ေနတာလဲ? စပါး က ၀က္ဖို႔ဒ္နဲ႔ သေရက်ခဲ့ျပီး ခ်န္ပီယံလိဂ္မွာ ဂိုးျပတ္ႏိုင္ထားေတာ့ အန္ဖီးမွာကစားဖို႔ စိတ္ဓာတ္တက္ ၾကြေနမွာပါ။ မန္ခ်က္နဲ႔ပြဲက အႏိုင္မရေပမယ့္ ဂ်န္႔နဲပြဲမွာဂိုးသြင္းခဲ့တဲ့ မိုဟာမက္ဆာလာ ျပန္ပါမယ္ဆို ေတာ့ သူတို႔ပဲႏိုင္ပါလိမ့္မယ္။’ Sky Sports မွာ ေျပာၾကားသြားခဲ့ပါတယ္။


နစ္ကိုးလတ္က လီဗာပူးဟာ စပါးကို ၃-၀ ျဖင့္အႏိုင္ရမည္ဟု ခန္႔မွန္းသြားခဲ့ပါတယ္။ ယာဂင္ ကေလာ့အသင္းက ခ်န္ပီယံမန္စီးတီးထက္ ၆မွတ္ အသာရေနျပီး ၉ပြဲကစား၊ ၈ပြဲထိ အႏိုင္ရထားကာ ယူႏိုက္တက္ႏွင့္သာ သေရက်ထားပါတယ္။ စပါးကမူ အဆင့္၇ေနရာ၌ ရပ္တည္ေနျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ေနရာထက္ ၅မွတ္ ေလ်ာ့နည္းလ်က္ရွိပါတယ္။
Ref; DailyStar / Tanslator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!