သီရာရီဟင်နရီကဲ့သို့ဖြစ်ချင်ခဲ့တဲ့ ပေါင်သန်း၅၀တန် ညာနောက်ခံလူ ယူနိုက်တက်ကြယ်ပွင့် အေရွန်ဝမ်ဘစ်ဆာကာ။

အေရွန်ဝမ်ဘစ်ဆာကာက ယူနိုက်တက်၌ ပေါင်သန်း၅၀တန် ညာနောက်ခံလူဖြစ်နေပေမယ့် ကနဦး၌ သီရာရီဟင်နရီကဲ့သို့ ရှေ့တန်းကစားချင်ခဲ့သည်ဟု ဝန်ခံပြောကြားခဲ့ပါတယ်။ ဘစ်ဆာကာ ဟာ အင်္ဂလန်တောင်ပိုင်းဇာတိဖြစ်ပြီး ခရစ်စတယ်ပဲလေ့အကယ်ဒမီထွက် ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဆုရှင်ဟင်နရီဟာ အာဆင်နယ်၌စတားဖြစ်ပြီး ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ဝမ်ဘစ်ဆာကာက ဟင်နရီကဲ့သို့ဖြစ်ချင်ခဲ့ပေမယ့် နောက်တန်း၌ ပြောင်းလဲကစားဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။ ‘ကျနော် ဟင်နရီလို ဖြစ်ချင်ခဲ့တာ။’ ဟု ၂၁နှစ်သားက Joe ကိုပြောသည်။ ‘ကျနော် ဂိုးသွင်းရတာကြိုက်တယ်။ သူဂိုးသွင်းပုံတွေသဘောကျတယ်။ ကျနော်ငယ်ငယ်က ဂိုးသွင်းပြီး ဓာတ် ပုံရိုက်ယူနေကြ။ ဒါမယ့် ပဲလေ့က ညာနောက်ခံလိုနေတော့ ကျနော်အဲ့နေရာ လေ့ကျင့်ကြည့်တယ်။ ဒါနဲ့ ကျနော် ဖျက်ထုတ်ပုံနဲ့၊ ခံစစ်ကစားတာကောင်းနေတာ တွေ့တာပဲ။’

ဝမ်ဘစ်ဆာကာဟာ လင်းယုန်တို့၏ အသင်းကြီးမှာ ၁ရာသီသာ ကစားခဲ့ပြီး ယူနိုက်တက်သို့ ပေါင်သန်း၅၀နှင့် ပြောင်းရွေ့နိုင်သည်ထိ တန်ဖိုးမြင့်တက်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန် U-21 လက် ရွေးစင်က ‘အသင်းသစ်မှာ အတွေ့ကြုံသစ်တွေရပါတယ်။ အမြန်အထိုင်ကျခဲ့ပြီး အသင်းဖော်တွေက လည်း ကျနော့်အတွက် ကောင်းမွန်ပါတယ်။ မားကယ်ရပ်ဖို့ဒ်၊ အန်တိုနီမာရှယ်တို့နဲ့ အတူလေ့ကျင့် ခွင့်ရတာ ကျနော့်အတွက် အကျိုးဖြစ်ပါတယ်။’ ဟု ပြောကြားခဲ့ပါသေးတယ်။ ဝမ်ဘစ်ဆာကာဟာ ဒဏ်ရာမှပြန်ကောင်းသည့်ချိန် လီဗာပူးနှင့် ၁-၁ သရေကျသည့်ပွဲ၌ သရဲနီတို့ိအတွက် ခြေစွမ်းပြခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံ ၈ပွဲ ပါဝင်ကစားပေးထားပါတယ်။
Ref ; Goal / Translator ; ANT

 

********** Zawgyi *********

 

သီရာရီဟင္နရီကဲ့သို႔ျဖစ္ခ်င္ခဲ့တဲ့ ေပါင္သန္း၅၀တန္ ညာေနာက္ခံလူ ယူႏိုက္တက္ၾကယ္ပြင့္ ေအရြန္၀မ္ဘစ္ဆာကာ။

ေအရြန္၀မ္ဘစ္ဆာကာက ယူႏိုက္တက္၌ ေပါင္သန္း၅၀တန္ ညာေနာက္ခံလူျဖစ္ေနေပမယ့္ ကနဦး၌ သီရာရီဟင္နရီကဲ့သို႔ ေရွ႕တန္းကစားခ်င္ခဲ့သည္ဟု ၀န္ခံေျပာၾကားခဲ့ပါတယ္။ ဘစ္ဆာကာ ဟာ အဂၤလန္ေတာင္ပိုင္းဇာတိျဖစ္ျပီး ခရစ္စတယ္ပဲေလ့အကယ္ဒမီထြက္ ျဖစ္ပါတယ္။ ကမာၻ႔ဖလား ဆုရွင္ဟင္နရီဟာ အာဆင္နယ္၌စတားျဖစ္ျပီး ဂိုးသြင္းအမ်ားဆံုး ကစားသမားလည္း ျဖစ္ပါတယ္။

၀မ္ဘစ္ဆာကာက ဟင္နရီကဲ့သို႔ျဖစ္ခ်င္ခဲ့ေပမယ့္ ေနာက္တန္း၌ ေျပာင္းလဲကစားျဖစ္ခဲ့ပံုကို ေျပာျပခဲ့ပါတယ္။ ‘က်ေနာ္ ဟင္နရီလို ျဖစ္ခ်င္ခဲ့တာ။’ ဟု ၂၁ႏွစ္သားက Joe ကိုေျပာသည္။ ‘က်ေနာ္ ဂိုးသြင္းရတာၾကိဳက္တယ္။ သူဂိုးသြင္းပံုေတြသေဘာက်တယ္။ က်ေနာ္ငယ္ငယ္က ဂိုးသြင္းျပီး ဓာတ္ ပံုရိုက္ယူေနၾက။ ဒါမယ့္ ပဲေလ့က ညာေနာက္ခံလိုေနေတာ့ က်ေနာ္အဲ့ေနရာ ေလ့က်င့္ၾကည့္တယ္။ ဒါနဲ႔ က်ေနာ္ ဖ်က္ထုတ္ပံုနဲ႔၊ ခံစစ္ကစားတာေကာင္းေနတာ ေတြ႔တာပဲ။’

၀မ္ဘစ္ဆာကာဟာ လင္းယုန္တို႔၏ အသင္းၾကီးမွာ ၁ရာသီသာ ကစားခဲ့ျပီး ယူႏိုက္တက္သို႔ ေပါင္သန္း၅၀ႏွင့္ ေျပာင္းေရြ႕ႏိုင္သည္ထိ တန္ဖိုးျမင့္တက္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္ U-21 လက္ ေရြးစင္က ‘အသင္းသစ္မွာ အေတြ႔ၾကံဳသစ္ေတြရပါတယ္။ အျမန္အထိုင္က်ခဲ့ျပီး အသင္းေဖာ္ေတြက လည္း က်ေနာ့္အတြက္ ေကာင္းမြန္ပါတယ္။ မားကယ္ရပ္ဖို႔ဒ္၊ အန္တိုနီမာရွယ္တို႔နဲ႔ အတူေလ့က်င့္ ခြင့္ရတာ က်ေနာ့္အတြက္ အက်ဳိးျဖစ္ပါတယ္။’ ဟု ေျပာၾကားခဲ့ပါေသးတယ္။ ၀မ္ဘစ္ဆာကာဟာ ဒဏ္ရာမွျပန္ေကာင္းသည့္ခ်ိန္ လီဗာပူးႏွင့္ ၁-၁ သေရက်သည့္ပြဲ၌ သရဲနီတို႔ိအတြက္ ေျခစြမ္းျပခဲ့ျပီး ဒီရာသီျပိဳင္ပြဲစံု ၈ပြဲ ပါ၀င္ကစားေပးထားပါတယ္။
Ref ; Goal / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!