မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း
ရိုင်ယန်ဂစ်က ခရစ်စတီယာနိုရော်နယ်ဒိုကို ချီး
ကျူးပြောဆိုခဲ့ပြီး သရဲနီကစားသမားဘဝမှာ
အေးပါပုံကိုလည်း ပြောဆိုခဲ့ပါတယ်။
သို့သော် ရော်နယ်ဒိုဟာ ၂၀၀၃ က စပေါ့တင်း
လစ္စဘွန်းမှ ယူနိုက်တက်သို့ပြောင်းရွေ့စဥ်
အင်္ဂလန်ဘောလုံးလောက၌ စျေးအကြီးဆုံး
ဆယ်ကျော်သက် ဘောလုံးသမားဖြစ်ခဲ့ပြီး သရဲနီ ကစားသမားဘဝအစ၌ ရုန်းကန်ခဲ့ရပါတယ်။
“သူ ဘော်လ်တန်နဲ့ ပထမဆုံးပွဲမှာ ပရိတ်သတ်ကို
ဝမ်းမြောက်စေခဲ့ပေမယ့် စိတ်ပျက်စရာအနည်း
ငယ် ဖြစ်စေခဲ့ပါတယ်။
ဘောလုံးဖြတ်ကျော်ဖို့ကြိုးစားတဲ့ခါ ဘောလုံး
ကိုင်ကစားတာများပြီး ဒိုက်ပစ်လဲကျနေတာ
တွေကြောင့် ယူနိုက်တက်ကစားသမားဘဝက
ကြမ်းတမ်းခဲ့ပါတယ်။
ဒါပေမယ့် ဒါကသိပ်မကြာပါဘူး။ မကြာခင်မှာပဲ
သူက ယူနိုက်တက်မှာ အရေးပါဆုံးကစားသမား
ဖြစ်လာခဲ့တယ်။
တီဗက်၊ ရွန်းနီ၊ စခိုးတို့ ရှိပေမယ့်လည်း ရော်နယ်
ဒိုက ပွဲအဖြေကဲဲပြားခြားနားအောင် လုပ်နိုင်စွမ်း
ရှိတယ်။
ခက်ခဲတဲ့အခြေအနေကနေ ဂိုးသွင်းနိုင်ပြီး ပွဲကြီး
တွေမှာ အကောင်းဆုံးကစားသမားဆုတောင်
ရသူ ဖြစ်လာခဲ့တယ်။” ဟု ဂစ်က beIN Sports ကို ပြောကြားခဲ့သည်။
ရော်နယ်ဒိုဟာ တိုးတက်အောင် နှစ်များစွာ ကြိုး
စားမှုကြောင့် ယခုလို အောင်မြင်တဲ့ဘဝ ရလာ
ခြင်းဖြစ်ကြောင်း ဂစ်က ယုံကြည်နေပါတယ်။
“ကျနော် ရီးရဲနဲ့ ဂျူဗင်တပ် ချန်ပီယံလိဂ် ဖိုင်နယ်
မှာ သူ့ကိုစောင့်ကြည့်ဖူးပါတယ်။ သူဒီလောက်
စိတ်အားထက်သန်တာ မမြင်ရတာကြာခဲ့ပြီ။ သူက ဂိုးစည်းနားနဲ့ ဂိုးစည်းထဲမှာဆို သိပ်ကို
အသက်ဝင်လာတယ်။
သူဘောလုံးရတာနဲ့ လျင်လျင်မြန်မြန်ဂိုးသွင်း
တယ်။ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတိုက်၊ ဖရီးကစ်၊ ပယ်နယ်တီတွေနဲ့ပေါ့။ ဒီလိုပုံစံမျိုး စွမ်း
ဆောင်နိုင်ပြီဆိုရင်တော့ ကမ္ဘာ့အကောင်းဆုံး
ဘောလုံးသမား၁ဦးလို့ သတ်မှတ်နိုင်ပါပြီ။
Ref; Goal / Translator; ANT
********** Zawgyi **********
ေရာ္နယ္ဒို ဒိုက္ပစ္သူကေန အေကာင္းဆုံးကစား
သမားျဖစ္လာခဲ့ပုံကို ထုတ္ေဖာ္ေျပာၾကားလိုက္
တဲ့ ရိုင္ယန္ဂစ္။
***
မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္း
ရိုင္ယန္ဂစ္က ခရစ္စတီယာနိုေရာ္နယ္ဒိုကို ခ်ီး
က်ဴးေျပာဆိုခဲ့ၿပီး သရဲနီကစားသမားဘဝမွာ
ေအးပါပုံကိုလည္း ေျပာဆိုခဲ့ပါတယ္။
သို႔ေသာ္ ေရာ္နယ္ဒိုဟာ ၂၀၀၃ က စေပါ့တင္း
လစၥဘြန္းမွ ယူနိုက္တက္သို႔ေျပာင္းေ႐ြ႕စဥ္
အဂၤလန္ေဘာလုံးေလာက၌ ေစ်းအႀကီးဆုံး
ဆယ္ေက်ာ္သက္ ေဘာလုံးသမားျဖစ္ခဲ့ၿပီး သရဲနီ ကစားသမားဘဝအစ၌ ႐ုန္းကန္ခဲ့ရပါတယ္။
“သူ ေဘာ္လ္တန္နဲ႕ ပထမဆုံးပြဲမွာ ပရိတ္သတ္ကို
ဝမ္းေျမာက္ေစခဲ့ေပမယ့္ စိတ္ပ်က္စရာအနည္း
ငယ္ ျဖစ္ေစခဲ့ပါတယ္။
ေဘာလုံးျဖတ္ေက်ာ္ဖို႔ႀကိဳးစားတဲ့ခါ ေဘာလုံး
ကိုင္ကစားတာမ်ားၿပီး ဒိုက္ပစ္လဲက်ေနတာ
ေတြေၾကာင့္ ယူနိုက္တက္ကစားသမားဘဝက
ၾကမ္းတမ္းခဲ့ပါတယ္။
ဒါေပမယ့္ ဒါကသိပ္မၾကာပါဘူး။ မၾကာခင္မွာပဲ
သူက ယူနိုက္တက္မွာ အေရးပါဆုံးကစားသမား
ျဖစ္လာခဲ့တယ္။
တီဗက္၊ ႐ြန္းနီ၊ စခိုးတို႔ ရွိေပမယ့္လည္း ေရာ္နယ္
ဒိုက ပြဲအေျဖကဲဲျပားျခားနားေအာင္ လုပ္နိုင္စြမ္း
ရွိတယ္။
ခက္ခဲတဲ့အေျခအေနကေန ဂိုးသြင္းနိုင္ၿပီး ပြဲႀကီး
ေတြမွာ အေကာင္းဆုံးကစားသမားဆုေတာင္
ရသူ ျဖစ္လာခဲ့တယ္။” ဟု ဂစ္က beIN Sports ကို ေျပာၾကားခဲ့သည္။
ေရာ္နယ္ဒိုဟာ တိုးတက္ေအာင္ ႏွစ္မ်ားစြာ ႀကိဳး
စားမႈေၾကာင့္ ယခုလို ေအာင္ျမင္တဲ့ဘဝ ရလာ
ျခင္းျဖစ္ေၾကာင္း ဂစ္က ယုံၾကည္ေနပါတယ္။
“က်ေနာ္ ရီးရဲနဲ႕ ဂ်ဴဗင္တပ္ ခ်န္ပီယံလိဂ္ ဖိုင္နယ္
မွာ သူ႕ကိုေစာင့္ၾကည့္ဖူးပါတယ္။ သူဒီေလာက္
စိတ္အားထက္သန္တာ မျမင္ရတာၾကာခဲ့ၿပီ။ သူက ဂိုးစည္းနားနဲ႕ ဂိုးစည္းထဲမွာဆို သိပ္ကို
အသက္ဝင္လာတယ္။
သူေဘာလုံးရတာနဲ႕ လ်င္လ်င္ျမန္ျမန္ဂိုးသြင္း
တယ္။ ဘယ္ေျခ၊ ညာေျခ၊ ေခါင္းတိုက္၊ ဖရီးကစ္၊ ပယ္နယ္တီေတြနဲ႕ေပါ့။ ဒီလိုပုံစံမ်ိဳး စြမ္း
ေဆာင္နိုင္ၿပီဆိုရင္ေတာ့ ကမာၻ႔အေကာင္းဆုံး
ေဘာလုံးသမား၁ဦးလို႔ သတ္မွတ္နိုင္ပါၿပီ။
Ref; Goal / Translator; ANT