အေဂျက်ကိုအနိုင်ရသည့်ပွဲ၌ တမ်မီအေဗရာဟမ် ဖရန့်လမ်းပတ်ကို စိတ်ပျက်နေလိမ့်မည်ဟု ပြောကြားလိုက်တဲ့ ဂလန်းဟိုဒယ်။
အေဂျက်ကို ၁-၀ နှင့်အနိုင်ရသည့်ပွဲ၌ တမ်မီအေဗရာဟမ်ဟာ မစ်ချီဘတ်ရှူဝါရီနှင့် လူစား လဲခံခဲ့ရပြီး ဖရန့်လမ်းပတ်၏ဆုံးဖြတ်ချက်ကို စိတ်ပျက်နေလိမ့်မည်ဟု ဂဟန်းဟိုဒယ်က ယုံကြည်နေ ပါတယ်။ ဘတ်ရှူဝါရီက ပွဲထွက်မကစားရခဲ့ပေမယ့် ယိုဟန်ခရိုင်းရပ်အာရီနာကွင်း၌ အရံခုံမှထလာ ပြီး ချယ်ဆီးအတွက် အနိုင်၃မှတ်ကို ရယူပေးနိုင်ခဲ့ပြီး အုပ်စုဗိုလ်ဖြစ်စေခဲ့ပါတယ်။
‘ဘတ်ရှူဝါရီ ပွဲထွက်ကစားမယ်။ အရံကစားမယ်ဆိုတာ မန်နေဂျာပဲ သိပါလိမ့်မယ်။’ ဟု ဟို ဒယ်က BT Sport ကိုပြောကြားခဲ့သည်။ ‘ဘတ်ရှူဝါရီက ဂျီရော့ဒ်နေရာ ရယူနိုင်ခဲ့တယ်။ အေဗရာ ဟမ်လည်း ဒီပွဲမှာကောင်းခဲ့ပါတယ်။ ဒါမယ့် အေဗရာဟမ်က ငါလူစားလဲခံခဲ့ရလို့ စိတ်ပျက်မိတယ်။ သူက အနိုင်ပွဲ ရယူပေးနိုင်ခဲ့တယ်လို့ ထိုင်ပြီးတွေးနေမှာ အသေချာပါပဲ။ ဖရန့်အတွက်လည်း အမှတ် ရစရာ ညနေခင်းလေးပါပဲ။’
ချယ်ဆီးဟာ စနေနေ့၌ ဘန်လေနှင့်ပရီးမီးယားလိဂ်ပွဲ ပြန်ကစားရမည်ဖြစ်သည်။ ဖရန့်၏ အ သင်းသားများ နိုင်ငံမြောက်ပိုင်းဘန်လေသို့ အဝေးကွင်းပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိပ်သီး၄သင်းနေရာ မြဲအောင် လုပ်တောင်ရမည်ဖြစ်သည်။ ချယ်ဆီးဟာနောက်လ၌ စတန့်ဖို့ဒ်ဘရစ်ချ်၌ အေဂျက်နှင့် ဒု အကျော့ ကစားရမည်ဖြစ်ပါသည်။
Ref ; Metro / Tanslator ; ANT
********** Zawgyi **********
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!