အေဂျက်နှင့်ပွဲ၌ အရံခုံမှထလာပြီး အနိုင်ဂိုးဖန်တီးပေးခဲ့တဲ့ ခရစ်ရှန်ပူလီဆစ်ကို ချီးကျူးပြော ဆိုလိုက်တဲ့ အိုဝင်ဟားဂရော့ဗ်။

အေဂျက်ကို ၁-၀ နှင့်အနိုင်ရခဲ့သည့်ပွဲ၌ အရံခံမှထလာပြီး အနိုင်ဂိုးဖန်တီးပေးခဲ့တဲ့ ချယ်ဆီး တောင်ပံ ခရစ်ရှန်ပူလီဆစ် စွမ်းဆောင်ရည်က အံ့မခန်းဟု အိုဝင်ဟားဂရေ့ဗ်က ချီးကျူးပြောဆို လိုက်ပါတယ်။ အမေရိကန်လက်ရွေးစင်က အစောပိုင်း ခြင်္သေ့ပြာအတွက် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရ ပေမယ့် ယခုအကောင်းဆုံးခြေစွမ်းပြလျက်ရှိသည်။ အမ်စတာဒမ်တွင်ကစားခဲ့သည့်ပွဲ၌ ပူလီဆစ် ဟာ ဒုတိယပိုင်း ဝီလံယံအစားလူစားဝင်ခဲ့ပြီး မစ်ချီဘက်ရှူဝါရီ၏ နောက်ကျအနိုင်ဂိုးကို ဖန်တီးပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။

‘ပူလီဆစ်က နည်းစနစ်ပိုင်းသိပ်ကောင်းတဲ့ ကစားသမားပါ။’ ဟု အင်္ဂလန်ကွင်းလယ်ဟောင်း က BT Sport ကိုပြောကြားခဲ့သည်။ ‘သူလုံလောက်တဲ့ ပွဲကစားချိန်မရခဲ့ပေမယ့် ရတဲ့အချိန်လေး ပြ သွားတဲ့ခြေစွမ်းက အံ့မခန်းပါပဲ။ ကစားပွဲထဲဝင်လာတယ်။ စွမ်းဆောင်ရည်က အလွန်ကြောက်စရာ ကောင်းပါတယ်။ သူဘောလုံးထိချိန်တိုင်း ကောင်းတာတစ်ခုခုဖြစ်လာတာပါပဲ။ ဒါက ဖရန့်အတွက် အလွန်ကောင်းပြီး အသုံးဝင်သူပါပဲ။ ဟူစတန်အိုဒွိုင်းလည်း ငယ်ရွယ်ခြေစွမ်းထက်သူပါပဲ။ ပက်ဒရိုနဲ့ ဝီလီယမ်တို့နဲ့တွဲပြီး ခြေစွမ်းပြနိုင်ပါတယ်။’

ချယ်ဆီးအတွက် နောက်ခရီးစဉ်၁ခုမှာ တပ်ဖ်မော၌ ဘန်လေနှင့် ပရီးမီးယားလိဂ်ပွဲ ကစားရ မှာဖြစ်ပြီး ဘော့စနီးယားဒေါ့မွန် ကစားသမားဟောင်း ၂၁ နှစ်သား ခရစ်ရှန်ပူလီဆစ်ဟာလည်း ၎င်း ၏ပုံစံကောင်း ပြသနိုင်လိမ့်မည်ဟု ယုံကြည်ရပါတယ်။

Ref ; Dailymail / Translator ; ANT

 

********** Zawgyi **********

 

ေအဂ်က္ႏွင့္ပြဲ၌ အရံခံုမွထလာျပီး အႏိုင္ဂိုးဖန္တီးေပးခဲ့တဲ့ ခရစ္ရွန္ပူလီဆစ္ကို ခ်ီးက်ဴးေျပာ ဆိုလိုက္တဲ့ အုိ၀င္ဟားဂေရာ့ဗ္။

ေအဂ်က္ကို ၁-၀ ႏွင့္အႏိုင္ရခဲ့သည့္ပြဲ၌ အရံခံမွထလာျပီး အႏိုင္ဂိုးဖန္တီးေပးခဲ့တဲ့ ခ်ယ္ဆီး ေတာင္ပံ ခရစ္ရွန္ပူလီဆစ္ စြမ္းေဆာင္ရည္က အံ့မခန္းဟု အို၀င္ဟားဂေရ႕ဗ္က ခ်ီးက်ဴးေျပာဆို လိုက္ပါတယ္။ အေမရိကန္လက္ေရြးစင္က အေစာပိုင္း ျခေသၤ့ျပာအတြက္ ေျခစြမ္းျပရန္ရုန္းကန္ခဲ့ရ ေပမယ့္ ယခုအေကာင္းဆံုးေျခစြမ္းျပလ်က္ရွိသည္။ အမ္စတာဒမ္တြင္ကစားခဲ့သည့္ပြဲ၌ ပူလီဆစ္ ဟာ ဒုတိယပိုင္း ၀ီလံယံအစားလူစား၀င္ခဲ့ျပီး မစ္ခ်ီဘက္ရွဴ၀ါရီ၏ ေနာက္က်အႏိုင္ဂိုးကို ဖန္တီးေပး ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

‘ပူလီဆစ္က နည္းစနစ္ပိုင္းသိပ္ေကာင္းတဲ့ ကစားသမားပါ။’ ဟု အဂၤလန္ကြင္းလယ္ေဟာင္း က BT Sport ကိုေျပာၾကားခဲ့သည္။ ‘သူလံုေလာက္တဲ့ ပြဲကစားခ်ိန္မရခဲ့ေပမယ့္ ရတဲ့အခ်ိ္န္ေလး ျပ သြားတဲ့ေျခစြမ္းက အံ့မခန္းပါပဲ။ ကစားပြဲထဲ၀င္လာတယ္။ စြမ္းေဆာင္ရည္က အလြန္ေၾကာက္စရာ ေကာင္းပါတယ္။ သူေဘာလံုးထိခ်ိန္တိုင္း ေကာင္းတာတစ္ခုခုျဖစ္လာတာပါပဲ။ ဒါက ဖရန္႔အတြက္ အလြန္ေကာင္းျပီး အသံုး၀င္သူပါပဲ။ ဟူစတန္အိုဒိြဳင္းလည္း ငယ္ရြယ္ေျခစြမ္းထက္သူပါပဲ။ ပက္ဒရိုနဲ႔ ၀ီလီယမ္တို႔နဲ႔တြဲျပီး ေျခစြမ္းျပႏိုင္ပါတယ္။’

ခ်ယ္ဆီးအတြက္ ေနာက္ခရီးစဥ္၁ခုမွာ တပ္ဖ္ေမာ၌ ဘန္ေလႏွင့္ ပရီးမီးယားလိဂ္ပြဲ ကစားရ မွာျဖစ္ျပီး ေဘာ့စနီးယားေဒါ့မြန္ ကစားသမားေဟာင္း ၂၁ ႏွစ္သား ခရစ္ရွန္ပူလီဆစ္ဟာလည္း ၎ ၏ပံုစံေကာင္း ျပသႏိုင္လိမ့္မည္ဟု ယံုၾကည္ရပါတယ္။

Ref ; Dailymail / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!