‘မက်ဆီပြန်လာခြင်းက ဘာစီလိုနာရှေ့တန်းကို ဂိုးပြန်သွင်းစေပါတယ်။’ ‘ပိုရက်’

လီယွန်နယ်မက်ဆီပြန်ကစားခြင်းက လူးဝစ်ဆွာရက်၏ အကောင်းဆုံးပုံစံကို ပြန်မြင်စေလိမ့် မည်ဖြစ်ပြီး ၎င်းကိုဖယ်ထုတ်ခြင်းက မိုက်မဲသည့်လုပ်ရပ်သာဖြစ်မည်ဟု ဂတ်ပိုရက်က ယုံကြည်နေပါ တယ်။ မက်ဆီမပါသည့်ချိန် ဆွာရက်က ၅ပွဲမှာ ၂ဂိုးသာ သွင်းယူထားနိုင်ပေမယ့် မက်ဆီပြန်ပါသည့် အောက်တိုဘာ၌ ၄ဂိုးပင်သွင်းနိုင်ခဲ့ကာ ဘာစီလိုနာလည်း လာလီဂါဇယားထိပ်ပြန်ရောက်ပြီး ချန်ပီ ယံလိဂ်အုပ်စုဗိုလ်လည်း ရနေပါတယ်။

‘ဆွာရက်ကို ဖယ်ထုတ်လို့ ဘယ်တော့မှမရဘူး။’ ဟု ပိုရက်က Goal ကို ပြောပါတယ်။ ‘ဘာ စီလိုနာ အခြားတိုက်စစ်မှူး လိုကောင်းလိုပါလိမ့်မယ်။ ဒါမယ့် ဆွာရက် ၁ဦးတည်း တွက်လို့မရဘူး။ မက်ဆီပြန်လာပြီး ကစားနိုင်ဖို့စောင့်ရုံပဲ။ ဒါကိုလူတွေမေ့နေကြတယ်။ မက်ဆီမကစားနိုင်တဲ့ချိန် ဆွာ ရက်နဲ့ မက်ဆီကြား ဆက်သွယ်မှုပြတ်သွားတယ်။ မက်ဆီက ဆွာရက်အတွက် နေရာလွတ်ဖန်တီး ပေးတယ်။ ဆွာရက် ဆီဗီလာနဲ့ပွဲမှာ နောက်ပြန်ဂိုးသွင်းနိုင်တာ ဥပမာပဲ။ နောက်တန်းလည်း မက်ဆီ ကိုဘောလုံးပေးပြီး ဆွာရက်ကိုနေရာလွတ်ရစေပြီး လွတ်လွတ်လပ်လပ် ကစားစေတယ်။’

‘နိုင်ငံအသင်းနည်းပြလုပ်မလား လူတွေမေးကြတော့ လုပ်ချင်တယ်ပဲ ကျနော်ဖြေတယ်။ ဒါ မယ့် ခုနည်းပြလည်း ကောင်းပါတယ်။ ဒါမယ့် ဆွာရက်အနားယူချိန်မှဆိုရင်တော့ ကျနော့်အဖို့ ရှက် ဖို့ကောင်းပါတယ်။ ဒါဘောလုံးပါပဲ။ ဆွာရက်ပုံစံကို မဆိုးရိမ်ပါဘူး။ သူက ပွဲချိန်အစကနေ အဆုံးထိ အကောင်းဆုံး လုပ်ပြတဲ့သူ၁ယောက်ပဲ။ သူဘာကာမှာပဲ ကစားသမားဘဝအဆုံးသတ်မယ်လို့ မျှော် လင့်ပါတယ်။ သူတခြားကိုထွက်သွားလို့ရပါတယ်။ ဒါပေမယ့် သူကမိသားစုစိတ်ဓာတ်ရှိသူဆိုတော့ မိသားစုကို ဦးစားပေးပါတယ်။’ ဟု ပိုရက်က ပြောကြားသွားခဲ့ပါတယ်။

Ref ; Goal / Translator ; ANT

 

********** Zawgyi **********

 

‘မက္ဆီျပန္လာျခင္းက ဘာစီလိုနာေရွ႕တန္းကို ဂိုးျပန္သြင္းေစပါတယ္။’ ‘ပိုရက္’

လီယြန္နယ္မက္ဆီျပန္ကစားျခင္းက လူးဝစ္ဆြာရက္၏ အေကာင္းဆုံးပုံစံကို ျပန္ျမင္ေစလိမ့္ မည္ျဖစ္ၿပီး ၎ကိုဖယ္ထုတ္ျခင္းက မိုက္မဲသည့္လုပ္ရပ္သာျဖစ္မည္ဟု ဂတ္ပိုရက္က ယုံၾကည္ေနပါ တယ္။ မက္ဆီမပါသည့္ခ်ိန္ ဆြာရက္က ၅ပြဲမွာ ၂ဂိုးသာ သြင္းယူထားႏိုင္ေပမယ့္ မက္ဆီျပန္ပါသည့္ ေအာက္တိုဘာ၌ ၄ဂိုးပင္သြင္းႏိုင္ခဲ့ကာ ဘာစီလိုနာလည္း လာလီဂါဇယားထိပ္ျပန္ေရာက္ၿပီး ခ်န္ပီ ယံလိဂ္အုပ္စုဗိုလ္လည္း ရေနပါတယ္။

‘ဆြာရက္ကို ဖယ္ထုတ္လို႔ ဘယ္ေတာ့မွမရဘူး။’ ဟု ပိုရက္က Goal ကို ေျပာပါတယ္။ ‘ဘာ စီလိုနာ အျခားတိုက္စစ္မႉး လိုေကာင္းလိုပါလိမ့္မယ္။ ဒါမယ့္ ဆြာရက္ ၁ဦးတည္း တြက္လို႔မရဘူး။ မက္ဆီျပန္လာၿပီး ကစားႏိုင္ဖို႔ေစာင့္႐ုံပဲ။ ဒါကိုလူေတြေမ့ေနၾကတယ္။ မက္ဆီမကစားႏိုင္တဲ့ခ်ိန္ ဆြာ ရက္နဲ႔ မက္ဆီၾကား ဆက္သြယ္မႈျပတ္သြားတယ္။ မက္ဆီက ဆြာရက္အတြက္ ေနရာလြတ္ဖန္တီး ေပးတယ္။ ဆြာရက္ ဆီဗီလာနဲ႔ပြဲမွာ ေနာက္ျပန္ဂိုးသြင္းႏိုင္တာ ဥပမာပဲ။ ေနာက္တန္းလည္း မက္ဆီ ကိုေဘာလုံးေပးၿပီး ဆြာရက္ကိုေနရာလြတ္ရေစၿပီး လြတ္လြတ္လပ္လပ္ ကစားေစတယ္။’

‘ႏိုင္ငံအသင္းနည္းျပလုပ္မလား လူေတြေမးၾကေတာ့ လုပ္ခ်င္တယ္ပဲ က်ေနာ္ေျဖတယ္။ ဒါ မယ့္ ခုနည္းျပလည္း ေကာင္းပါတယ္။ ဒါမယ့္ ဆြာရက္အနားယူခ်ိန္မွဆိုရင္ေတာ့ က်ေနာ့္အဖို႔ ရွက္ ဖို႔ေကာင္းပါတယ္။ ဒါေဘာလုံးပါပဲ။ ဆြာရက္ပုံစံကို မဆိုးရိမ္ပါဘူး။ သူက ပြဲခ်ိန္အစကေန အဆုံးထိ အေကာင္းဆုံး လုပ္ျပတဲ့သူ၁ေယာက္ပဲ။ သူဘာကာမွာပဲ ကစားသမားဘဝအဆုံးသတ္မယ္လို႔ ေမွ်ာ္ လင့္ပါတယ္။ သူတျခားကိုထြက္သြားလို႔ရပါတယ္။ ဒါေပမယ့္ သူကမိသားစုစိတ္ဓာတ္ရွိသူဆိုေတာ့ မိသားစုကို ဦးစားေပးပါတယ္။’ ဟု ပိုရက္က ေျပာၾကားသြားခဲ့ပါတယ္။

Ref ; Goal / Translator ; ANT

 



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!