ယူနိုက်တက်၌ ကာလရှည်နေပြီး ဥရောပပွဲကစားဖို့ရောက်ရှိလာတဲ့ ဟယ်ရီမက်ဂွိုင်းယား။

ကမ္ဘာ့ဈေးအကြီးဆုံး ပေါင်သန်း၈၀တန် ဗဟိုနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားဟာ မန်ယူ၌ နှစ်များစွာနေပြီး ဥရောပအောင်မြင်မှုများရရှိအောင် ကူညီလိုနေပါတယ်။ ၎င်းက ယူနိုက်တက်နှင့် ၆ နှစ် + ၁နှစ်သက်တမ်းတိုးခွင့် စာချုပ်ချုပ်ဆိုထားသူပါ။ ‘ကျနော် ဒီအသင်း အစိတ်ပိုင်းဖြစ်ရတာ ဝမ်း သာပါတယ်။ အနာဂတ်မှာ ဒီအသင်း အစိတ်ပိုင်းဖြစ်လာတော့မှာပါ။ ကျနော် ကာလရှည်စာချုပ်ချုပ် ဆိုထားပါတယ်။ တိုးတက်အောင်လုပ်ဖို့လည်း ရည်ရွယ်ထားပါတယ်။’ ဟု မက်ဂွိုင်းယားက သတင်း ထောက်များကို ပြောကြားခဲ့ပါတယ်။


မက်ဂွိုင်းယားဟာ ၂၀၁၄က ဟူစီးတီးနှင့် ယူရိုပါလိဂ်ခြေစစ်ပွဲ၁ပွဲသာ ကစားထားရသေးသူ ဖြစ်ပြီး ပါတစ်ဇန်ဘီရိုဂရက်နှင့်ပွဲ၌ ယူနိုက်တက်အတွက် အားကုန်ထုတ်ကစားပေးရန် အားခဲထား ပါတယ်။ ‘ယူနိုက်တက်လိုအသင်းနဲ့ စာချုပ်ချုပ်ထားရင် ပွဲကြီးတွေကစားချင်မှာပဲ။ ဥရောပမှာ ကစား ဖို့က စိန်ခေါ်မှု၁ခုပါ။ ကျနော် ကစားချင်နေတဲ့ပွဲမျိုးပေါ့။’ ဟု မက်ဂွိုင်းယားက ပြောကြားခဲ့သည်။


သရဲနီတို့ဟာ ဆိုးရှားလက်ထက် အဝေးကွင်း၌ရလဒ်မကောင်းခဲ့ပဲ နော်ဝှစ်ချ်၊ ချယ်ဆီး၊ ဘုန်း မောက်တို့နှင့်ပွဲများတွင် ပြောင်းလဲဖို့လိုကြောင်း မက်ဂွိုင်းယားက ဝန်ခံပြောကြားခဲ့ပါတယ်။ ‘အဝေး ကွင်းမှာ နိုင်ပွဲမရတာမကောင်းလို့ ဒါကို ကျနော်တို့ ပြောင်းလဲဖို့ကြိုးစားနေပါတယ်။ အဝေးကွင်း၄ပွဲ ကစားဖို့ရှိတော့ ကျနော်တို့နိုင်ပွဲရဖို့ မျှော်လင့်ပါတယ်။’

Ref ; Goal / Translator ; ANT

 

********** Zawgyi **********

 

ယူႏိုက္တက္၌ ကာလရွည္ေနျပီး ဥေရာပပြဲကစားဖို႔ေရာက္ရွိလာတဲ့ ဟယ္ရီမက္ဂြိဳင္းယား။

ကမာၻ႔ေစ်းအၾကီးဆံုး ေပါင္သန္း၈၀တန္ ဗဟိုေနာက္ခံလူ ဟယ္ရီမက္ဂြိဳင္းယားဟာ မန္ယူ၌ ႏွစ္မ်ားစြာေနျပီး ဥေရာပေအာင္ျမင္မွဳမ်ားရရွိေအာင္ ကူညီလိုေနပါတယ္။ ၎က ယူႏိုက္တက္ႏွင့္ ၆ ႏွစ္ + ၁ႏွစ္သက္တမ္းတိုးခြင့္ စာခ်ဳပ္ခ်ဳပ္ဆိုထားသူပါ။ ‘က်ေနာ္ ဒီအသင္း အစိတ္ပိုင္းျဖစ္ရတာ ၀မ္း သာပါတယ္။ အနာဂတ္မွာ ဒီအသင္း အစိတ္ပိုင္းျဖစ္လာေတာ့မွာပါ။ က်ေနာ္ ကာလရွည္စာခ်ဳပ္ခ်ဳပ္ ဆိုထားပါတယ္။ တိုးတက္ေအာင္လုပ္ဖို႔လည္း ရည္ရြယ္ထားပါတယ္။’ ဟု မက္ဂြိဳင္းယားက သတင္း ေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။


မက္ဂြိဳင္းယားဟာ ၂၀၁၄က ဟူစီးတီးႏွင့္ ယူရိုပါလိဂ္ေျခစစ္ပြဲ၁ပြဲသာ ကစားထားရေသးသူ ျဖစ္ျပီး ပါတစ္ဇန္ဘီရိုဂရက္ႏွင့္ပြဲ၌ ယူႏိုက္တက္အတြက္ အားကုန္ထုတ္ကစားေပးရန္ အားခဲထား ပါတယ္။ ‘ယူႏိုက္တက္လိုအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ထားရင္ ပြဲၾကီးေတြကစားခ်င္မွာပဲ။ ဥေရာပမွာ ကစား ဖို႔က စိန္ေခၚမွဳ၁ခုပါ။ က်ေနာ္ ကစားခ်င္ေနတဲ့ပြဲမ်ဳိးေပါ့။’ ဟု မက္ဂြိဳင္းယားက ေျပာၾကားခဲ့သည္။


သရဲနီတို႔ဟာ ဆိုးရွားလက္ထက္ အေ၀းကြင္း၌ရလဒ္မေကာင္းခဲ့ပဲ ေနာ္၀ွစ္ခ်္၊ ခ်ယ္ဆီး၊ ဘုန္း ေမာက္တို႔ႏွင့္ပြဲမ်ားတြင္ ေျပာင္းလဲဖို႔လိုေၾကာင္း မက္ဂြိဳင္းယားက ၀န္ခံေျပာၾကားခဲ့ပါတယ္။ ‘အေ၀း ကြင္းမွာ ႏိုင္ပြဲမရတာမေကာင္းလို႔ ဒါကို က်ေနာ္တို႔ ေျပာင္းလဲဖို႔ၾကိဳးစားေနပါတယ္။ အေ၀းကြင္း၄ပြဲ ကစားဖို႔ရွိေတာ့ က်ေနာ္တို႔ႏိုင္ပြဲရဖို႔ ေမွ်ာ္လင့္ပါတယ္။’

Ref ; Goal / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!