မတ်ဆုအိုဇေးက အာဆင်နယ်၌ကစားဖို့ လေ့ကျင့်ခန်းလုံလောက်စွမလုပ်ဟု ပြောဆိုလိုက် တဲ့ ချာလီနစ်ကိုးလတ်။
ဒီရာသီ အူနိုင်းအမ်မရီက မတ်ဆုအိုဇေးကို လျစ်လျူရှုထားခြင်းမှာ ဂျာမနီသားက လေ့ကျင့် ခန်း လုံလောက်စွာမလုပ်၍ဟု အာဆင်နယ်ဂန္တဝင် ချာလီနစ်ကိုးလတ်က ပြောဆိုခဲ့ပါတယ်။ အိုဇေး ဟာ ဒီရာသီ ပရီးမီးယားလိဂ်၁ပွဲသာကစားရသေးပြီး နောက်ဆုံး၃ပွဲ၌ အသင်းလူစာရင်း၌ပင် မပါဝင် ခဲ့ပေ။ ရှက်ဖီးနှင့်ကစားခဲ့သည့်ပွဲ၌လည်း ၁၈ဦးအသင်းလူစာရင်း၌ မပါဝင်ခဲ့ပေ။
ယူရိုပါလိဂ် ဗစ်တိုးရီးယားSC ပွဲ၌လည်း အူနိုင်းအမ်မရီမှာ ရွေးချယ်စရာမရှိကြောင်း အိုဇေး ကို အသုံးမပြုရခြင်းမှာ လေ့ကျင့်ခန်း၌ စွမ်းဆောင်ရည် ကျဆင်းမှုကြောင့်ဟု နစ်ကိုလတ်က ဆိုပါ တယ်။ ‘အမ်မရီက မတ်ဆုအိုဇေးကို ဒီအခြေနေရောက်အောင် ပစ်ထားတော့မှာလား?’ Sky Sports ၌ နစ်ကိုးလတ်ရေးသားခဲ့ပါတယ်။ ‘အူနိုင်းအမ်မရီက အိုဇေးလေ့ကျင့်ခန်း ကောင်းကောင်းမလုပ်တာ သိတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့လည်း အသင်းလူစာရင်းထဲ မထည့်တာပေါ့။’
အာဆင်နယ်ဟာ ဦးဆောင်သူ လီဗာပူးနှင့် ရမှတ်ကျဉ်းမြောင်းလာအောင် လုပ်ဆောင်လျက် ရှိပါတယ်။ ပွဲစဉ်၉ပွဲ ကစားပြီးချိန်၌ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အာဆင်နယ်ဟာ လီဗားပူး အောက် ၁၀မှတ်အကွာ ရမှတ်၁၅မှတ်ဖြင့် အဆင့်၅နေရာ ရောက်ရှိနေပါတယ်။
Ref ; Metro / Translator ; ANT
********** Zawgyi **********
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!