ပွဲကြည့်စဉ်မှာ ဖီးဂျုံးဘာပြောခဲ့တယ်ဆိုတာ ရှင်းပြလိုက်တဲ့ အက်ဒ်ဝုဝါ့ဒ်။

ယူနိုက်တက် ဝက်စ်ဟမ်းကို ၂-ဝဖြင့် ရှူံးနိမ့်ခဲ့သည့်ပွဲ၌ သရဲနီဒုဥက္ကဋ္ဌအက်ဒ်ဝုဝါ့ဒ်က ပွဲကြည့် စင် ၎င်းနောက်မှ ဖီးဂျုံးကိုစကားပြောနေကြောင်း မျက်စိလျင်သူများ မြင်ခဲ့ကြပါတယ်။ ဖီးလ်ဂျုံးနှင့် စ ကားပြောနေခြင်းမဟုတ်ပဲ ကလပ်အကြီးကဲရေဘက်ကာဘရစ်တိန်နှင့် ပြောနေခြင်းဖြစ်ကြောင်း၊ ဖီး ဂျုံးလည်း လူကျွံဘောဟုတ်မဟုတ် ပြောနေခြင်းသာဖြစ်ကြောင်း ဝုဝါ့ဒ်က United We Stand နှင့် အင်တာဗျူးတွင် ပြန်လည်ဖြေရှင်းလိုက်ပါတယ်။


၄၇နှစ်သားက လီဗာပူးနှင့်သရေပွဲပြီး အသင်း၏ လတ်တလောစွမ်းဆောင်ရည် ညံ့နေပုံ၊ ချန် ပီယံလိဂ်ဝင်ခွင့်ရဖို့ ထိန်းညှိမှုပြုလုပ်ရန်လည်း ပြောကြားခဲ့ပါတယ်။ အသင်းကဘာကြောင့် လတ်တ လောစွမ်းဆောင်ရည် ညံ့နေသလဲမေးခွန်းကို ဝုဝါ့ဒ်က ‘ဒါကို ကျနော်မငြင်းပါဘူး။ ကစားသမားအချို့ ကလည်း သူတို့အတွက် အခက်ခဲဆုံးရာသီလို့ ပြောကြတယ်။’ ဟု ဖြေကြားခဲ့ပါတယ်။


ဘာကြောင့် ကစားသမားတွေ ရုန်းကန်နေရသလဲ မေးခွန်ကိုတော့ ‘ပတ်ဝန်းကျင်အခြေအ နေတွေရယ်၊ မီဒီယာ ဝေဖန်မှုတွေကြောင့်ပါ။ အိုလီဂန်နာဆိုးရှား နည်းပြစဖြစ်တော့ မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် မီဒီယာတွေက ဝေဖန်မှုတွေစလာပါတယ်။ ဒီဝေဖန်မှုတွေက ကစားသ မားတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းကို ထိခိုက်စေပါတယ်။ နောက်၁ချက်က အိုလီက ကွင်းလယ်မှာ ဘော လုံးသိပ်မပေးပဲ ၁ချက်ထိ ကစားဟန်ကိုပြောင်းခဲ့တယ်။ ဒီလို လုပ်အားနှုန်းများတဲ့ ကစားဟန်ကို က စားသမားတွေ အသားမကျသေးလို့ပါ။ သူ့အပေါ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ရ၊ မရနဲ့ ဆုံးဖြတ်မှာတော့ မဟုတ်ပါဘူး။’ ဟု ဝုဝါ့ဒ်က ဖြေကြားသွားခဲ့ပါတယ်။

Ref ; Express / Translator ; ANT

 

********** Zawgyi **********

 

ပြဲၾကည့္စဥ္မွာ ဖီးဂ်ဳံးဘာေျပာခဲ့တယ္ဆိုတာ ရွင္းျပလိုက္တဲ့ အက္ဒ္၀ု၀ါ့ဒ္။

ယူႏိုက္တက္ ၀က္စ္ဟမ္းကို ၂-၀ျဖင့္ ရွံဴးနိမ့္ခဲ့သည့္ပြဲ၌ သရဲနီဒုဥကၠ႒အက္ဒ္၀ု၀ါ့ဒ္က ပြဲၾကည့္ စင္ ၎ေနာက္မွ ဖီးဂ်ဳံးကိုစကားေျပာေနေၾကာင္း မ်က္စိလ်င္သူမ်ား ျမင္ခဲ့ၾကပါတယ္။ ဖီးလ္ဂ်ဳံးႏွင့္ စ ကားေျပာေနျခင္းမဟုတ္ပဲ ကလပ္အၾကီးကဲေရဘက္ကာဘရစ္တိန္ႏွင့္ ေျပာေနျခင္းျဖစ္ေၾကာင္း၊ ဖီး ဂ်ဳံးလည္း လူကြ်ံေဘာဟုတ္မဟုတ္ ေျပာေနျခင္းသာျဖစ္ေၾကာင္း ၀ု၀ါ့ဒ္က United We Stand ႏွင့္ အင္တာဗ်ဴးတြင္ ျပန္လည္ေျဖရွင္းလိုက္ပါတယ္။


၄၇ႏွစ္သားက လီဗာပူးႏွင့္သေရပြဲျပီး အသင္း၏ လတ္တေလာစြမ္းေဆာင္ရည္ ညံ့ေနပံု၊ ခ်န္ ပီယံလိဂ္၀င္ခြင့္ရဖို႔ ထိန္းညွိမွဳျပဳလုပ္ရန္လည္း ေျပာၾကားခဲ့ပါတယ္။ အသင္းကဘာေၾကာင့္ လတ္တ ေလာစြမ္းေဆာင္ရည္ ညံ့ေနသလဲေမးခြန္းကို ၀ု၀ါ့ဒ္က ‘ဒါကို က်ေနာ္မျငင္းပါဘူး။ ကစားသမားအခ်ဳိ႕ ကလည္း သူတို႔အတြက္ အခက္ခဲဆံုးရာသီလို႔ ေျပာၾကတယ္။’ ဟု ေျဖၾကားခဲ့ပါတယ္။


ဘာေၾကာင့္ ကစားသမားေတြ ရုန္းကန္ေနရသလဲ ေမးခြန္ကိုေတာ့ ‘ပတ္၀န္းက်င္အေျခအ ေနေတြရယ္၊ မီဒီယာ ေ၀ဖန္မွဳေတြေၾကာင့္ပါ။ အိုလီဂန္နာဆိုးရွား နည္းျပစျဖစ္ေတာ့ မယံုႏိုင္စရာ ေကာင္းခဲ့ပါတယ္။ ဒါေပမယ့္ မီဒီယာေတြက ေ၀ဖန္မွဳေတြစလာပါတယ္။ ဒီေ၀ဖန္မွဳေတြက ကစားသ မားေတြရဲ႕ စိတ္ပိုင္းနဲ႔ ရုပ္ပိုင္းကို ထိခိုက္ေစပါတယ္။ ေနာက္၁ခ်က္က အုိလီက ကြင္းလယ္မွာ ေဘာ လံုးသိပ္မေပးပဲ ၁ခ်က္ထိ ကစားဟန္ကိုေျပာင္းခဲ့တယ္။ ဒီလို လုပ္အားႏွဳန္းမ်ားတဲ့ ကစားဟန္ကို က စားသမားေတြ အသားမက်ေသးလို႔ပါ။ သူ႔အေပၚကို ခ်န္ပီယံလိဂ္ ၀င္ခြင့္ရ၊ မရနဲ႔ ဆံုးျဖတ္မွာေတာ့ မဟုတ္ပါဘူး။’ ဟု ၀ု၀ါ့ဒ္က ေျဖၾကားသြားခဲ့ပါတယ္။

Ref ; Express / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!