ချယ်ဆီးနည်းပြဟောင်း မော်ရီဇီယိုဆာရီဟာ နွေရာသီက ဂျူဗင်တပ်နည်းပြရာထူးကို မာဆီ မီလီယာနို အယ်လီဂရီထံမှ ဆက်ခံခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီက ဂျူဗင်တပ်ကို ၈နှစ်ဆက် ဆုဖ လားရယူပေးနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက ဆာရီလက်ထက်၌ ကလပ်ဟာ ပိုမိုကောင်းမွန်လာကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရော်နယ်ဒိုက အသင်းတိုးတက်လာမှုအဖို့ ကျေနပ်ကြောင်း၊ ဆာရီ၏နည်းစနစ်က ၎င်းတို့ကို ပိုမိုအန္တရယ်ရှိသည့်အသင်းဖြစ်လာစေကြောင်း လိုကိုမိုးတစ်မော်စကိုနှင့် ချန်ပီယံလိဂ်ပွဲကြို သတင်း စာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။ ‘ကျနော်တို့ ဆာရီနဲ့အတူ တိုးတက်လာခဲ့တယ်။ ကျနော်ပိုပြီး လွတ် လွတ်လပ်လပ် ကစားခွင့်ရတယ်။ ပြုပြင်စရာကျန်သေးပေမယ့် ကျနော်တို့တိုးတက်လာလို့ ကျနော် ပျော်ပါတယ်။ အယ်လီဂရီလက်ထက်မှာ ကျနော်တို့လုပ်ပြနိုင်ခဲ့တယ်။ ဒါမယ့် ဆာရီလက်ထက်မှာ ကျနော်တို့ တိုးတက်လာတယ်။ ကျနော့်ကစားပုံလည်း ပြောင်းလဲခဲ့တယ်။’
ဂျူဗင်တပ်က ချန်ပီယံလိဂ်အောင်မြင်မှုရဖို့ မျှော်လင့်ပြီး ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီး လက်ရှိ ချန်ပီယံလိဂ် အုပ်စုD၌ အုပ်စုဒုတိယရထားပါတယ်။ ‘ချန်ပီလိဂ်ရဖို့က ကျနော်တို့ ပစ်မှတ်ပါ။ ရလဒ် တွေက အရေးကြီးပါတယ်။ Ballon d’Or ကိစ္စ ကျနော်ပြောစရာမရှိပါဘူး။ ၁ဦး၁ယောက် အောင်မြင် မှုက အသင်းအောင်မြင်မှုရလဒ်ပဲဖြစ်ရတယ်။ ကျနော် ရ၊ မရ အရေးမကြီးပါဘူး။’
‘ကျနော်တို့ အခွင့်ရေးတွေ ပိုဖန်တီးလာနိုင်တယ်။ ဘောလုံးပိုင်ဆိုင်မှု ပိုရလာတယ်။ ကွဲပြား တဲ့ကစားဟန်နဲ့ ကစားလာရတယ်။ နည်းပြသစ်လက်အောက်မှာ ကစားရတာ ကျေနပ်ပြီး ပျော်ရွှင်ရ ပါတယ်။’ ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။ ၃၄နှစ်သား ပေါ်တူဂီအသင်းခေါင်းတောင် ရော်နယ်ဒို ဟာ ဒီရာသီ ၅ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။
Ref ; Dailymail / Translator ; ANT
********** Zawgyi **********
ဂ်ဴဗင္တပ္က အယ္လီဂရီထက္ ဆာရီလက္ေအာက္၌ ပိုေကာင္းေနသည္ဟု ယံုၾကည္ေနတဲ့ ခရစ္စတီယာႏိုေရာ္နယ္ဒို။
ခ်ယ္ဆီးနည္းျပေဟာင္း ေမာ္ရီဇီယိုဆာရီဟာ ေႏြရာသီက ဂ်ဴဗင္တပ္နည္းျပရာထူးကို မာဆီ မီလီယာႏို အယ္လီဂရီထံမွ ဆက္ခံခဲ့တာျဖစ္ပါတယ္။ အယ္လီဂရီက ဂ်ဴဗင္တပ္ကို ၈ႏွစ္ဆက္ ဆုဖ လားရယူေပးႏိုင္ခဲ့ေပမယ့္ ေရာ္နယ္ဒိုက ဆာရီလက္ထက္၌ ကလပ္ဟာ ပိုမိုေကာင္းမြန္လာေၾကာင္း ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။
ေရာ္နယ္ဒိုက အသင္းတိုးတက္လာမွဳအဖို႔ ေက်နပ္ေၾကာင္း၊ ဆာရီ၏နည္းစနစ္က ၎တို႔ကို ပိုမိုအႏၱရယ္ရွိသည့္အသင္းျဖစ္လာေစေၾကာင္း လိုကိုမိုးတစ္ေမာ္စကိုႏွင့္ ခ်န္ပီယံလိဂ္ပြဲၾကိဳ သတင္း စာရွင္းလင္းပြဲ၌ ေျပာဆိုခဲ့သည္။ ‘က်ေနာ္တို႔ ဆာရီနဲ႔အတူ တိုးတက္လာခဲ့တယ္။ က်ေနာ္ပိုျပီး လြတ္ လြတ္လပ္လပ္ ကစားခြင့္ရတယ္။ ျပဳျပင္စရာက်န္ေသးေပမယ့္ က်ေနာ္တို႔တိုးတက္လာလို႔ က်ေနာ္ ေပ်ာ္ပါတယ္။ အယ္လီဂရီလက္ထက္မွာ က်ေနာ္တို႔လုပ္ျပႏိုင္ခဲ့တယ္။ ဒါမယ့္ ဆာရီလက္ထက္မွာ က်ေနာ္တို႔ တိုးတက္လာတယ္။ က်ေနာ့္ကစားပံုလည္း ေျပာင္းလဲခဲ့တယ္။’
ဂ်ဴဗင္တပ္က ခ်န္ပီယံလိဂ္ေအာင္ျမင္မွဳရဖို႔ ေမွ်ာ္လင့္ျပီး ေရာ္နယ္ဒိုကို ေခၚယူခဲ့ျပီး လက္ရွိ ခ်န္ပီယံလိဂ္ အုပ္စုD၌ အုပ္စုဒုတိယရထားပါတယ္။ ‘ခ်န္ပီလိဂ္ရဖို႔က က်ေနာ္တို႔ ပစ္မွတ္ပါ။ ရလဒ္ ေတြက အေရးၾကီးပါတယ္။ Ballon d’Or ကိစၥ က်ေနာ္ေျပာစရာမရွိပါဘူး။ ၁ဦး၁ေယာက္ ေအာင္ျမင္ မွဳက အသင္းေအာင္ျမင္မွဳရလဒ္ပဲျဖစ္ရတယ္။ က်ေနာ္ ရ၊ မရ အေရးမၾကီးပါဘူး။’
‘က်ေနာ္တို႔ အခြင့္ေရးေတြ ပိုဖန္တီးလာႏိုင္တယ္။ ေဘာလံုးပိုင္ဆိုင္မွဳ ပိုရလာတယ္။ ကြဲျပား တဲ့ကစားဟန္နဲ႔ ကစားလာရတယ္။ နည္းျပသစ္လက္ေအာက္မွာ ကစားရတာ ေက်နပ္ျပီး ေပ်ာ္ရႊင္ရ ပါတယ္။’ ဟု ေရာ္နယ္ဒိုက ေျပာၾကားခဲ့သည္။ ၃၄ႏွစ္သား ေပၚတူဂီအသင္းေခါင္းေတာင္ ေရာ္နယ္ဒို ဟာ ဒီရာသီ ၅ဂိုး သြင္းယူထားႏိုင္ခဲ့ပါတယ္။
Ref ; Dailymail / Translator ; ANT