ဘရူနိုဖာနန်ဒက် အပြောင်းရွေ့အကြောင်းပြောဆိုလိုက်တဲ့ အက်ဒ်ဝုဝါ့ဒ်

ဒီနွေရာသီ ဘရူနိုဖာနန်ဒက်ကို အိုးထရက်ဖို့ဒ်သို့ခေါ်ယူရန် ချိတ်ဆက်နေခြင်းကြောင့် မန်ယူ ကိုအသုံးချပြီး စာချုပ်သက်တမ်းတိုးဖို့ကြိုးစားနေတဲ့ ကစားသမားများအတွက်စိုးရိမ်ကြောင်း ဝန်ခံ လိုက်ပါတယ်။ စပေါ့တင်းကွင်းလယ်လူကို ယူနိုက်တက်က စွဲမြဲစွာချိတ်ဆက်နေကြောင်း ပေါ်တူဂီ သတင်းများအရ သိရပါတယ်။ ၂၅နှစ်သားက ပေါ်တူဂီ၌နေရန် ဆုံးဖြတ်ခဲ့ပေမယ့် အပြောင်းရွေ့ဈေး ကွက်၌ ယူနိုက်တက်ကို အချိန်မကုန်စေလိုကြောင်း ဝုဝါ့ဒ်က ဆိုပါတယ်။


‘ဒီနှစ်က ကစားသမား၂၅၀နဲ့ လွန်ခဲ့တဲ့၅နှစ်က အမြင့်ဆုံးထက်များခဲ့တယ်။ လွန်ခဲ့တဲ့ ၂ရာသီ က ၁၇၇ ယောက်၊ ပုံမှန် နှစ်တိုင်း ၂၀၀နီးပါး အပြောင်းရွေ့ဈေးကွက်မှာရှိတယ်။’ ဟု ဝုဝါ့ဒ်က United We Stand ကိုပြောခဲ့ပါတယ်။ ‘ကျနော်တို့ ၃ဦးခေါ်တယ်။ ဒါမယ့် တကယ်တော့ ၉ဦး စကားပြောခဲ့ရ တယ်။ ဒါကြောင့် အပြောင်းရွေ့ဈေးကွက်ပိတ်ခါနီး လူသစ်စုဆောင်းရေးရဲ့ ပစ်မှတ်တွေ အကုန်ခေါ် ပေးဖို့ အခက်ခဲရှိတယ်။ ပြီးတော့ ဒီအခြေနေကိုအသုံးချပြီး စာချုပ်တိုးဖို့လုပ်နေတဲ့ ကစားသမားတွေ အတွက်လည်း စိုးရိမ်မိပါတယ်။’


‘တစ်ခါတစ်လေ ကစားသမား သို့ အေးဂျင့်က ဆွေးနွေးတဲ့အချိန်က စိတ်ဝင်စားတဲ့အဆင့်ပဲ ရှိပါတယ်။ တကယ်လို့ မူရာမာရာများတာဆို ကောလာဟလလွင့်၊ ကလပ်ဥက္ကဋ္ဌဆီသွား၊ ပြီးတော့ ကြည့်ကျနော့်ကို ဘယ်သူတွေခေါ်ချင်နေတာပဲ ဆိုပြီးလုပ်ကြတယ်။ ဒါမျိုး အချိန်တိုင်းဖြစ်နေတာပဲ။ တစ်ခါတစ်ရံ ကစားသမားနဲ့ သဘောတူညီမှုရတယ်။ ဒါမယ့် ကလပ်ကရောင်းဖို့ ငြင်းတယ်။ ကစား သမားကမပြောင်းရတော့ အသင်းနဲ့စာချုပ်သစ်ဆွေးနွေးတယ်။ ကျနော်တို့ကတော့ ဒါမျိုး ကလပ်ကို အသုံးချတာမျိုး မဖြစ်အောင်ကြိုးစားနေပါတယ်။ ကျနော်တို့ အချိန်မဖြုန်းပါဘူး။ ကျနောတို့ ကြံ့ခိုင် ပါတယ်။’ ဟု ဝုဝါ့ဒ်က ပြောကြားသွားခဲ့ပါတယ်။

Ref ; Metro / Translator ; ANT

 

********** Zawgyi **********

 

ဘရူႏိုဖာနန္ဒက္ အေျပာင္းေရြ႕အေၾကာင္းေျပာဆိုလိုက္တဲ့ အက္ဒ္၀ု၀ါ့ဒ္

ဒီေႏြရာသီ ဘရူႏိုဖာနန္ဒက္ကို အုိးထရက္ဖို႔ဒ္သို႔ေခၚယူရန္ ခ်ိတ္ဆက္ေနျခင္းေၾကာင့္ မန္ယူ ကိုအသံုးခ်ျပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ၾကိဳးစားေနတဲ့ ကစားသမားမ်ားအတြက္စိုးရိမ္ေၾကာင္း ၀န္ခံ လိုက္ပါတယ္။ စေပါ့တင္းကြင္းလယ္လူကို ယူႏိုက္တက္က စြဲျမဲစြာခ်ိတ္ဆက္ေနေၾကာင္း ေပၚတူဂီ သတင္းမ်ားအရ သိရပါတယ္။ ၂၅ႏွစ္သားက ေပၚတူဂီ၌ေနရန္ ဆံုးျဖတ္ခဲ့ေပမယ့္ အေျပာင္းေရြ႕ေစ်း ကြက္၌ ယူႏိုက္တက္ကို အခ်ိန္မကုန္ေစလိုေၾကာင္း ၀ု၀ါ့ဒ္က ဆိုပါတယ္။


‘ဒီႏွစ္က ကစားသမား၂၅၀နဲ႔ လြန္ခဲ့တဲ့၅ႏွစ္က အျမင့္ဆံုးထက္မ်ားခဲ့တယ္။ လြန္ခဲ့တဲ့ ၂ရာသီ က ၁၇၇ ေယာက္၊ ပံုမွန္ ႏွစ္တိုင္း ၂၀၀နီးပါး အေျပာင္းေရြ႕ေစ်းကြက္မွာရွိတယ္။’ ဟု ၀ု၀ါ့ဒ္က United We Stand ကိုေျပာခဲ့ပါတယ္။ ‘က်ေနာ္တို႔ ၃ဦးေခၚတယ္။ ဒါမယ့္ တကယ္ေတာ့ ၉ဦး စကားေျပာခဲ့ရ တယ္။ ဒါေၾကာင့္ အေျပာင္းေရြ႕ေစ်းကြက္ပိတ္ခါနီး လူသစ္စုေဆာင္းေရးရဲ႕ ပစ္မွတ္ေတြ အကုန္ေခၚ ေပးဖို႔ အခက္ခဲရွိတယ္။ ျပီးေတာ့ ဒီအေျခေနကိုအသံုးခ်ျပီး စာခ်ဳပ္တိုးဖို႔လုပ္ေနတဲ့ ကစားသမားေတြ အတြက္လည္း စိုးရိမ္မိပါတယ္။’


‘တစ္ခါတစ္ေလ ကစားသမား သို႔ ေအးဂ်င့္က ေဆြးေႏြးတဲ့အခ်ိန္က စိတ္၀င္စားတဲ့အဆင့္ပဲ ရွိပါတယ္။ တကယ္လို႔ မူရာမာရာမ်ားတာဆို ေကာလာဟလလြင့္၊ ကလပ္ဥကၠ႒ဆီသြား၊ ျပီးေတာ့ ၾကည့္က်ေနာ့္ကို ဘယ္သူေတြေခၚခ်င္ေနတာပဲ ဆိုျပီးလုပ္ၾကတယ္။ ဒါမ်ဳိး အခ်ိန္တိုင္းျဖစ္ေနတာပဲ။ တစ္ခါတစ္ရံ ကစားသမားနဲ႔ သေဘာတူညီမွဳရတယ္။ ဒါမယ့္ ကလပ္ကေရာင္းဖို႔ ျငင္းတယ္။ ကစား သမားကမေျပာင္းရေတာ့ အသင္းနဲ႔စာခ်ဳပ္သစ္ေဆြးေႏြးတယ္။ က်ေနာ္တို႔ကေတာ့ ဒါမ်ဳိး ကလပ္ကို အသံုးခ်တာမ်ဳိး မျဖစ္ေအာင္ၾကိဳးစားေနပါတယ္။ က်ေနာ္တို႔ အခ်ိန္မျဖဳန္းပါဘူး။ က်ေနာတို႔ ၾကံ႕ခိုင္ ပါတယ္။’ ဟု ၀ု၀ါ့ဒ္က ေျပာၾကားသြားခဲ့ပါတယ္။

Ref ; Metro / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!