ပြောင်းရွေ့ကြေး ပေါင်သန်း၃၀၀ သုံးစွဲပြီးဖြစ်ပေမယ့် အပြောင်းရွေ့၃ခု ထပ်မံပြုလုပ်လိုနေ တဲ့ မန်ချက်စတာယူနိုက်တက်။

အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာယူနိုက်တက်၌ ပြောင်းရွေ့ကြေး ပေါင်သန်း၃၀၀ သုံးစွဲ ခဲ့ပြီးဖြစ်သည်။ ဆိုးရှား နည်းပြလုပ်သည်မှာ မကြာသေးပေမယ့် ငယ်ရွယ်ခြေစွမ်းထက်သည့် ဟယ်ရီ မက်ဂွိုင်းယား၊ အေရွန်ဝမ်ဘစ်ဆာကာ၊ ဒယ်နီရယ်ဂျိမ်းစ်တို့ကို ဈေးကြီးပေးခေါ်ယူထားပါတယ်။ ၎င်း က လူထပ်ခေါ်ယူလိုတဲ့ဆန္ဒကို လျှို့ဝှက်မထားသကဲ့သို့ ကလပ်လည်း နောက်နွေရာသီ၌ အပြောင်း ရွေ့ကြီးများ များစွာပြုလုပ်ရန် အသင့်ဖြစ်နေပါတယ်။


ယူနိုက်တက်က ဂျိမ်းစ်မက်ဒီဆင်၊ မူဆာဒမ်ဘီလီတို့ကို ယခင်ကလည်း ခေါ်ယူလိုခဲ့ကြောင်း Mail ကရေးသားခဲ့ပါတယ်။ ၂ဦးလုံးကို ဇန်နဝါရီ၌ ခေါ်ယူမရပေမယ့် လိုင်ယွန်နှင့် လက်စတာစီးတီး တိုက်စစ်ကစားသမားများကို ခေါ်ယူရန် နောက်နွေရာသီထိ ယူနိုက်တက် စောင့်ဆိုင်းနေပါတယ်။


ဆိုးရှားက အက်လက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဆောနီဂတ်ဇ်ကိုလည်းခေါ်ယူရန် အကြံ ပြုထားပါတယ်။ အိုးထရက်ဖို့ဒ်၌ ဒေးဗစ်မိုရက်တာဝန်ယူစဉ် ၎င်းအသက် ၁၉နှစ် ကပင် ယူနိုက်တက် ခေါ်ယူလိုခဲ့တာပါ။ သို့သော် နီဂတ်ဇ်က အက်သလက်တီကို၌ဆက်နေရန် ရွေးချယ်ခဲ့ပြီး ယခုချိန်၌မူ ဥရောပအကောင်းဆုံး ကွင်းလယ်၁ဦး ဖြစ်နေပါပြီ။


ပေါလ်ပေါ့ဘာ၏ အနာဂတ်မသေချာမှုကြောင့် ဆိုးရှားက ကွင်းလယ်၌ အင်အားထပ်မံဖြည့် တင်းလိုလျက်ရှိသည်။ ထို့အပြင် ယူနိုက်တက်ဟာ ရက်ဘူးလ်လစ်ပ်ဇစ်ဇ် တိုက်စစ်မှူး တီမိုဝါနာကို လည်း စောင့်ကြည့်နေပါတယ်။ ဂျာမနီလက်ရွေးစင်ကို လီဗာပူးကလည်း စိတ်ဝင်စားနေပြီး ၎င်းကို ခေါ်ယူလိုပါက နွေရာသီထိ စောင့်ဆိုင်းရမည်ဖြစ်သည်။

Ref ; Mirror / Translator ; ANT

********** Zawgyi **********

ေျပာင္းေရြ႕ေၾကး ေပါင္သန္း၃၀၀ သံုးစြဲျပီးျဖစ္ေပမယ့္ အေျပာင္းေရြ႕၃ခု ထပ္မံျပဳလုပ္လိုေန တဲ့ မန္ခ်က္စတာယူႏိုက္တက္။

အိုလီဂန္နာဆိုးရွားဟာ မန္ခ်က္စတာယူႏိုက္တက္၌ ေျပာင္းေရြ႕ေၾကး ေပါင္သန္း၃၀၀ သံုးစြဲ ခဲ့ျပီးျဖစ္သည္။ ဆိုးရွား နည္းျပလုပ္သည္မွာ မၾကာေသးေပမယ့္ ငယ္ရြယ္ေျခစြမ္းထက္သည့္ ဟယ္ရီ မက္ဂြိဳင္းယား၊ ေအရြန္၀မ္ဘစ္ဆာကာ၊ ဒယ္နီရယ္ဂ်ိမ္းစ္တို႔ကို ေစ်းၾကီးေပးေခၚယူထားပါတယ္။ ၎ က လူထပ္ေခၚယူလိုတဲ့ဆႏၵကို လွ်ဳိ႕၀ွက္မထားသကဲ့သို႔ ကလပ္လည္း ေနာက္ေႏြရာသီ၌ အေျပာင္း ေရြ႕ၾကီးမ်ား မ်ားစြာျပဳလုပ္ရန္ အသင့္ျဖစ္ေနပါတယ္။

ယူႏိုက္တက္က ဂ်ိမ္းစ္မက္ဒီဆင္၊ မူဆာဒမ္ဘီလီတို႔ကို ယခင္ကလည္း ေခၚယူလိုခဲ့ေၾကာင္း Mail ကေရးသားခဲ့ပါတယ္။ ၂ဦးလံုးကို ဇန္န၀ါရီ၌ ေခၚယူမရေပမယ့္ လိုင္ယြန္ႏွင့္ လက္စတာစီးတီး တိုက္စစ္ကစားသမားမ်ားကို ေခၚယူရန္ ေနာက္ေႏြရာသီထိ ယူႏိုက္တက္ ေစာင့္ဆိုင္းေနပါတယ္။


ဆိုးရွားက အက္လက္တီကိုမက္ဒရစ္ ကြင္းလယ္လူ ေဆာနီဂတ္ဇ္ကိုလည္းေခၚယူရန္ အၾကံ ျပဳထားပါတယ္။ အိုးထရက္ဖို႔ဒ္၌ ေဒးဗစ္မိုရက္တာ၀န္ယူစဥ္ ၎အသက္ ၁၉ႏွစ္ ကပင္ ယူႏိုက္တက္ ေခၚယူလိုခဲ့တာပါ။ သို႔ေသာ္ နီဂတ္ဇ္က အက္သလက္တီကို၌ဆက္ေနရန္ ေရြးခ်ယ္ခဲ့ျပီး ယခုခ်ိန္၌မူ ဥေရာပအေကာင္းဆံုး ကြင္းလယ္၁ဦး ျဖစ္ေနပါျပီ။

ေပါလ္ေပါ့ဘာ၏ အနာဂတ္မေသခ်ာမွဳေၾကာင့္ ဆိုးရွားက ကြင္းလယ္၌ အင္အားထပ္မံျဖည့္ တင္းလိုလ်က္ရွိသည္။ ထို႔အျပင္ ယူႏိုက္တက္ဟာ ရက္ဘူးလ္လစ္ပ္ဇစ္ဇ္ တုိက္စစ္မွဴး တီမို၀ါနာကို လည္း ေစာင့္ၾကည့္ေနပါတယ္။ ဂ်ာမနီလက္ေရြးစင္ကို လီဗာပူးကလည္း စိတ္၀င္စားေနျပီး ၎ကို ေခၚယူလိုပါက ေႏြရာသီထိ ေစာင့္ဆိုင္းရမည္ျဖစ္သည္။

Ref ; Mirror / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!