၂၀၊ ၁၀၊ ၂၀၁၉ လီဗာပူးလ်နဲ့ မန်စီးတီးသတင်းတိုများ

[Unicode] နည်းပြကလော့ပ်ကတော့ အိုးထရက်ဖို့ဒ်ကွင်းမှာ ရလဒ်မကောင်းဘဲဖြစ်နေမှုကို ဒီနေ့ညမှာ အဆုံးသတ်သွားချင်နေပြီး ဒီနေ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းအတွက် နောက်ထပ်ခြေလှမ်းတရပ်ထပ်တိုးနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

တိုက်စစ်ကစားသမား ရှာကီရီဟာ ပင်ကိုအရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတဉီးဖြစ်ပေမယ့်လည်း နည်းပြကလော့ပ်က မယုံကြည်တာကြောင့်သာ အန်းဖီးလ်မှာ နေရာရဖို့ ရုန်းကန်နေရခြင်းဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ခရော့ချ်က သုံးသပ်သွားခဲ့ပါတယ်။

မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းရဲ့ အသက် (၁၉)နှစ်အရွယ် လူငယ်ကွင်းလယ်ကြယ်ပွင့်လေး အဲလ်ဘတ်ဆမ်ဘီလိုကွန်ဂါကို ခေါ်ယူသွားဖို့ အပြိုင်ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းနားဟာ ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့ပြီး အတ္တလန်တာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေတဲ့အတွက် မန်စီးတီးအသင်းအတွက်တော့ သတင်းကောင်းတရပ် ဖြစ်လာခဲ့ပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ပွဲစဉ်မှာ ပယ်နယ်တီတလုံး ရရှိဖို့ ငြင်းဆန်ခံခဲ့ရပြီးနောက် မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ VAR နည်းပညာအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး သူ့ကစားသမားတွေကို ဒိုင်ဗင်သမားတွေကို ထင်မှတ်မှားအောင် ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

နည်းပြယာဂင်က‌လော့ပ်ကတော့ ဒီနေ့ညကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မိုဆာလာအတွက် ခက်ခဲနိုင်မှာ မှန်ပေမယ့် သူ့ကစားသမားအနေနဲ့ အကောင်းဆုံး တုံ့ပြန်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုကတော့ ဂိုးသမား အက်ဒါဆင်ဟာ မန်စီးတီးအသင်းအတွက် တန်ဖိုးရှိတဲ့ဂိုးသမားတဉီးဖြစ်ပြီး မနေ့ညက ခရစ်စတယ်ပဲလေ့စ်အသင်းကို (၂)ဂိုးပြတ် အနိုင်ယူခဲ့တဲ့ပွဲမှာ ဘရာဇီးလ်သားရဲ့ ကာကွယ်မှုတွေက အ‌ရေးပါခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဘုန်းမောက်အသင်းရဲ့ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး လူးဝစ်ကွတ်ခ်ကို ချယ်လ်ဆီးအသင်းနဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

[Zawgyi] နည်းပြကလော့ပ်ကတော့ အိုးထရက်ဖို့ဒ်ကွင်းမှာ ရလဒ်မကောင်းဘဲဖြစ်နေမှုကို ဒီနေ့ညမှာ အဆုံးသတ်သွားချင်နေပြီး ဒီနေ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းအတွက် နောက်ထပ်ခြေလှမ်းတရပ်ထပ်တိုးနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

တိုက်စစ်ကစားသမား ရှာကီရီဟာ ပင်ကိုအရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတဉီးဖြစ်ပေမယ့်လည်း နည်းပြကလော့ပ်က မယုံကြည်တာကြောင့်သာ အန်းဖီးလ်မှာ နေရာရဖို့ ရုန်းကန်နေရခြင်းဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ခရော့ခ်ျက သုံးသပ်သွားခဲ့ပါတယ်။

မန်စီးတီးနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျအသင်းရဲ့ အသက် (၁၉)နှစ်အရွယ် လူငယ်ကွင်းလယ်ကြယ်ပွင့်လေး အဲလ်ဘတ်ဆမ်ဘီလိုကွန်ဂါကို ခေါ်ယူသွားဖို့ အပြိုင်ချိတ်ဆက်နေတယ်လို့ သိရပါတယ်။








အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!