ယူနိုက်တက်ကို ဝယ်ယူရန် တတိယအကြိမ်ကမ်းလှမ်းမယ့် ဆော်ဒီအိမ်ရှေ့မင်းသား။
မန်ချက်စတာယူနိုက်တက်က ဆော်ဒီတော်ဝင်မျိုးနွယ်များမှ ကမ်းလှမ်းချက်၂ခုကို ငြင်းပယ် ခဲ့ပြီးဖြစ်သည်။ ယူနိုက်တက်ကို ၂၀၀၅ ခုနှစ်က ပိုင်ဆိုင်ခဲ့တဲ့ ဂလေဇာတို့ဟာ စုပေါင်းရှယ်ရာ ၉၀ % ကို ရောင်းချရန်ဆန္ဒမရှိဟု ယတိပြတ်ဆုံးဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့၅နှစ်က သေဆုံးခဲ့သည့် ပိုင်ရှင် မယ်လ်ကွန်ဂလေဇာက ရှယ်ရာများကို ဂျိူးနှင့် အေဗရမ်ဂလေဇာတို့ မွေးချင်း၆ဦးကို ခွဲပေးခဲ့တာဖြစ် ပါတယ်။ ဂလေဇာတို့က ဆော်ဒီတောင်ဝင်မျိုးနွယ်ထံမှ ပေါင်၃ဘီလျံ ကမ်းလှမ်းချက်ကိုပင် ငြင်းပယ် ခဲ့တာဖြစ်ကြောင်း Daily Star အရ သိရပါတယ်။
ကယ်ဗင်ဂလေဇာက ယူနိုက်တက်ရှိ ၎င်း၏ရှယ်ရာ၁၃%ကို ရောင်းချရန်ပြင်ဆင်နေကြောင်း The Sun က ဖော်ပြခဲ့သည်။ ၎င်းက Calss B ရှယ်ရာမှ Calss A ရှယ်ရာသို့ ပြောင်းလဲခဲ့ပြီး နယူး ယောက်စတော့အိတ်ချိန်း၌ ရောင်းချနိုင်ရန်အတွက်ဖြစ်သည်။ ယူနိုက်တက်၏ လက်ရှိတန်ဖိုးမှာ $ ၂.၆၄ ဘီလျံဖြစ်ပြီး ဆိုးရှားနည်းပြဖြစ်ခါစက $ ၃ဘီလျံတန်ဖိုးရှိခဲ့ကာ ရလဒ်များဆိုးရွားမှုကြောင့် ယ ခုကဲ့သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။
ကယ်ဗင် ဂ လေဇာ
ကျွမ်းကျင်သူများက ယူနိုက်တက်အားဝယ်ယူဖို့ $ ၄ဘီလျံနှင့် စညှိုနှိုင်းရန် လိုအပ်လိမ့်မည် ဟု Daily Star ကိုပြောသည်။ စီးပွားရေးဆန်းစစ်ချက်၁ခုက ယူနိုက်တက်သာ ယခု $ ၄ဘီလျံ တန် ဖိုးရှိပါက ဂလေဇာတို့ထံမှ ရှယ်ရာအကုန်ဝယ်ယူဖို့ $ ၄ဘီလျံ အနည်းဆုံးလိုအပ်လိမ့်မည်ဟု ဆိုခဲ့ သည်။ ကယ်ဗင်ဂလေဇာသာ ရှယ်ရာများကို ရောင်းချခဲ့ပါက ၎င်း၏မွေးချင်းများ မရောင်းချရန် လှုံ့ ဆော်သကဲ့သို့ ဖြစ်သွားပါမည်။ မည်သည့်ဝယ်သူမဆို အာမခံချက်လိုချင်ပြီး ဂလေဇာ၁ဦးက အချိန် တစ်ခုထိ မရောင်းချပဲနေမှ ဝယ်သူစိတ်ချယုံကြည်မည်ဖြစ်သည်။
Ref ; Express / Translator ; ANT
********** Zawgyi **********
ကယ်ဗင် ဂ လေဇာ
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!