အာဆင်နယ် ခေါ်ယူလိုနေတဲ့ ခြေစွမ်းမြင့်ခံစစ်ကစားသမားကို လျော့ဈေးဖြင့် ရောင်းချမယ့် ရက်ဘူးလ်လစ်ပ်ဇစ်။
အာဆင်နယ်တို့ ခေါ်ယူလိုနေသော ဘွန်ဒက်စလီဂါမှ ဒေးယို့အာပေးခါနိုကို နောက်နွေရာသီ၌လျော့ဈေးဖြင့် ရက်ဘူးလ်လစ်ပ်ဇစ် ရောင်းချမည်ဖြစ်ကြောင်း သတင်းများအရသိရပါတယ်။
၂၀နှစ်သားက နွေရာသီအပြောင်းရွေ့ဈေးကွက်၌ ဂန်းနားတို့ပစ်မှတ်ဖြစ်ခဲ့ပြီး ပေါင်၅၅သန်းတန်ကမ်းလှမ်းမှု ငြင်းပယ်ခံရပြီး အပြောင်းရွေ့ ပျက်ပြယ်ခဲ့ရတာပါ။
ထို့ကြောင့် အာဆင်နယ်ဟာ ချယ်ဆီးမှ ဒေးဗစ်လူးဝစ်ကို ခေါ်ယူခဲ့ပါတယ်။ သို့သော်လည်းဘရာဇီးသားဟာ အာဆင်နယ်ရဲ့ ခံစစ်ပြဿနာအတွက် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။
ထိုချိန်မှစကာ အာပေးခါနို၏ စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင်၅၃သန်းထိ လျော့ကျသွားပြီးရာသီမကုန်ခင်ထိ စာချုပ်သစ်မချုပ်ခင်ထိ ထို
ဈေးပင် ဖြစ်နေမှာပါ။
ကစားသမား၏ စာချုပ်ဖျက်သိမ်းကြေး ပေါင်၈၆ သန်းဟာ ၁နှစ်လျှင် ပေါင်၁၇သန်း လျော့ကျသွားမည်ဖြစ်ပြီး ၎င်းကို နောက်ရာသီ၌ပေါင်၅၂သန်းဖြင့် ကလပ်များဝယ်ယူနိုင်လိမ့်
မည်ဟု Football Leaks မှ မနှစ်ထုတ်ဖော်
ရေးသားခဲ့ဖူးပါတယ်။
သို့သော် လစ်ပ်ဇစ်ဟာ ၂၀၂၁ မှာ စာချုပ်ကုန်ဆုံးပြီး အလွတ်ပြောင်းရွေ့ခြင်းမှာ ရှောင်ရှားရန် ကစားသမားကို ထိုထက်နိမ့်သည့် ဈေးဖြင့်ရောင်းချရန်ရှိနေသည်ဟု Kicker က ဖော်ပြခဲ့ပါတယ်။
လစ်ပ်ဇစ်ဟာ အာပေးခါနိုအား မိတ်ဖက်ကလပ်ရက်ဘူးလ်ဆဲလ်ဘဂ်မှ ပေါင်၂၀၁၇က ၉သန်းဖြင့် ခေါ်ယူခဲ့ပြီး အသင်းမှာ ၎င်းဟာ ခြေစွမ်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
အာပေးခါနိုဟာ ဒူးဒဏ်ရာကြောင့်ရာသီစ၄ပွဲ လွဲချော်ခဲ့ပေမယ့် ဒီရာသီ၌ ၄ ပွဲပါဝင် ကစား ထားပါတယ်။
Ref;  Daily Mail / Translator ; ANT
********** Zawgyi **********
ရက်ဘူးလ်လစ်ပ်ဇစ်။
***
ပြယ်ခဲ့ရတာပါ။
ဈေးပင် ဖြစ်နေမှာပါ။
မည်ဟု Football Leaks မှ မနှစ်က ထုတ်ဖော်
ရေးသားခဲ့ဖူးပါတယ်။
ပါတယ်။
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!