ရီးရဲပစ်မှတ် နိုင်ဂိုလိုကန်တီနှင့်ပတ်သတ်ပြီး နောက်ဆုံးစကားဆိုလိုက်တဲ့ ချယ်ဆီးအသင်း ပိုင်ရှင် အေဗရာမိုဗစ်ချ်။

ရီးရဲနည်းပြဇီးဒန်းဟာ အသက်ရွယ်ရလာတဲ့ လူကာမိုဒရစ်နေရာအစားထိုးရန် ကွင်းလယ်လူ ၁ဦးရှာဖွေနေပြီး နိုင်ဂိုလိုကန်တီအား ပစ်မှတ်ထားနေကာ ယူရို၈၆သန်း + ဂျိန်းရိုဒရီဂွဇ် ဖြင့် ချယ်ဆီး အားကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း El Desmarque အရ သိရပါတယ်။ FA ဖလား၊ ကမ္ဘာ့ဖလား၊ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ် ၂ကြိမ် ရထားတဲ့ကန်တီဟာ ဆုဖလားများ ထပ်မံရယူလိုနေပြီး ချယ်ဆီး ဟာ ဖရန့်လမ်းပတ်လက်ထက် ဆုဖလားရရန် စီမံကိန်းမရှိပဲ လီဗာပူး၊ မန်စီးတီးတို့နှင့် အမှတ်မပြတ် စေရန်သာ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။


ချယ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်က ၂၈နှစ်သားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာ နိုင်ကြောင်း နောက်ဆုံးစကားဆိုလိုက်ပြီ ဖြစ်ပါတယ်။ သို့သော် ချယ်ဆီးမှာ အပြောင်းရွေ့ပိတ်ပင်ခံ ထားရသည့်အတွက် ကန်တီကို ရောင်းချရန်မဖြစ်နိုင်သေးပေ။ ကန်တီဟာ ကိန်းသို့ ပေါင်၈သန်းဖြင့် ရောက်ရှိလာပြီးနောက် ၂၀၁၅၌ အင်္ဂလန်ရှိ လက်စတားစီးတီးသို့ ပြောင်းရွေ့ခဲ့ကာ မြေခွေးပြာတို့ကို ပရီးမီးယား လိဂ်ဖလားရရှိရန် ကူညီပေးနိုင်ခဲ့ပြီး နွေရာသီတွင် ချယ်ဆီးသို့ ပေါင်၃၂သန်းဖြင့် ပြောင်း ရွေ့ခဲ့တာ ဖြစ်ပါတယ်။


ရီးရဲက နွေရာသီ၌ ပေါင်၂၇၅သန်းသုံးစွဲခဲ့ပြီး ပေါလ်ပေါ့ဘာ၊ ခရစ်ရှန်အဲရစ်ဆင် တို့ကို ချိတ် ဆက်ခဲ့ပေမယ့် ဗဟိုကွင်းလယ်လူမရခဲ့သည့်အတွက် ကန်တီကိုခေါ်ယူရန် ကြိုးစားလာတာပါ။ ဂျိမ်း ရိုဒရီဂွဇ်ဟာ ဘိုင်ယန်မြူးနစ်သို့ ၂ရာသီ အငှားကစားခဲ့ပေမယ့် အမြဲတမ်းစာချုပ်မချုပ်နိုင်ခဲ့ပဲ ရီးရဲ၌ လည်း အနာဂတ်မသေချာသဖြင့် ကန်တီအပြောင်းရွေ့ အစိတ်ပိုင်းအဖြစ် ပါဝင်ရတော့မည်ဖြစ်ကာ ချယ်ဆီးနှင့် ပရီးမီးယားလိဂ်၌ ကစားဖို့အခွင့်ရေး ရလာမည်ဖြစ်သည်။

Ref ; Express.co.uk / Translator ; ANT

********** Unicode **********

ရီးရဲပစ္မွတ္ ႏိုင္ဂိုလိုကန္တီႏွင့္ပတ္သတ္ျပီး ေနာက္ဆံုးစကားဆိုလိုက္တဲ့ ခ်ယ္ဆီးအသင္း ပိုင္ရွင္ ေအဗရာမိုဗစ္ခ်္။

ရီးရဲနည္းျပဇီးဒန္းဟာ အသက္ရြယ္ရလာတဲ့ လူကာမိုဒရစ္ေနရာအစားထိုးရန္ ကြင္းလယ္လူ ၁ဦးရွာေဖြေနျပီး ႏိုင္ဂိုလိုကန္တီအား ပစ္မွတ္ထားေနကာ ယူရို၈၆သန္း + ဂ်ိန္းရိုဒရီဂြဇ္ ျဖင့္ ခ်ယ္ဆီး အားကမ္းလွမ္းရန္ ျပင္ဆင္ေနေၾကာင္း El Desmarque အရ သိရပါတယ္။ FA ဖလား၊ ကမာၻ႔ဖလား၊ ယူရိုပါလိဂ္၊ ပရီးမီးယားလိဂ္ ၂ၾကိမ္ ရထားတဲ့ကန္တီဟာ ဆုဖလားမ်ား ထပ္မံရယူလိုေနျပီး ခ်ယ္ဆီး ဟာ ဖရန္႔လမ္းပတ္လက္ထက္ ဆုဖလားရရန္ စီမံကိန္းမရွိပဲ လီဗာပူး၊ မန္စီးတီးတို႔ႏွင့္ အမွတ္မျပတ္ ေစရန္သာ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။


ခ်ယ္ဆီးအသင္းပိုင္ရွင္ ရိုမန္ေအဗရာမိုဗစ္က ၂၈ႏွစ္သားဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွ ထြက္ခြာ ႏိုင္ေၾကာင္း ေနာက္ဆံုးစကားဆိုလိုက္ျပီ ျဖစ္ပါတယ္။ သို႔ေသာ္ ခ်ယ္ဆီးမွာ အေျပာင္းေရြ႕ပိတ္ပင္ခံ ထားရသည့္အတြက္ ကန္တီကို ေရာင္းခ်ရန္မျဖစ္ႏိုင္ေသးေပ။ ကန္တီဟာ ကိန္းသို႔ ေပါင္၈သန္းျဖင့္ ေရာက္ရွိလာျပီးေနာက္ ၂၀၁၅၌ အဂၤလန္ရွိ လက္စတားစီးတီးသို႔ ေျပာင္းေရြ႕ခဲ့ကာ ေျမေခြးျပာတို႔ကို ပရီးမီးယား လိဂ္ဖလားရရွိရန္ ကူညီေပးႏိုင္ခဲ့ျပီး ေႏြရာသီတြင္ ခ်ယ္ဆီးသို႔ ေပါင္၃၂သန္းျဖင့္ ေျပာင္း ေရြ႕ခဲ့တာ ျဖစ္ပါတယ္။


ရီးရဲက ေႏြရာသီ၌ ေပါင္၂၇၅သန္းသံုးစြဲခဲ့ျပီး ေပါလ္ေပါ့ဘာ၊ ခရစ္ရွန္အဲရစ္ဆင္ တို႔ကို ခ်ိတ္ ဆက္ခဲ့ေပမယ့္ ဗဟိုကြင္းလယ္လူမရခဲ့သည့္အတြက္ ကန္တီကိုေခၚယူရန္ ၾကိဳးစားလာတာပါ။ ဂ်ိမ္း ရိုဒရီဂြဇ္ဟာ ဘိုင္ယန္ျမဴးနစ္သို႔ ၂ရာသီ အငွားကစားခဲ့ေပမယ့္ အျမဲတမ္းစာခ်ဳပ္မခ်ဳပ္ႏိုင္ခဲ့ပဲ ရီးရဲ၌ လည္း အနာဂတ္မေသခ်ာသျဖင့္ ကန္တီအေျပာင္းေရြ႕ အစိတ္ပိုင္းအျဖစ္ ပါ၀င္ရေတာ့မည္ျဖစ္ကာ ခ်ယ္ဆီးႏွင့္ ပရီးမီးယားလိဂ္၌ ကစားဖို႔အခြင့္ေရး ရလာမည္ျဖစ္သည္။

Ref ; Express.co.uk / Translator ; ANT



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!