၉၊ ၁၀၊ ၂၀၁၉ လီဗာပူးလ်နဲ့ မန်စီးတီးသတင်းတိုများ

[Unicode]
လီဗာပူးလ်၊ အင်တာမီလန်နဲ့ အာဆင်နယ်အသင်းတို့ တချိန်က စိတ်ဝင်စားခဲ့ဖူးတဲ့ ဘေယန်မြူးနစ်တိုက်စစ်မှူး မူလာဟာ ဒီနှစ်ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ ဒီတကြိမ်မှာရော မူလာကို စိတ်ဝင်စားဉီးမှာလား လီဗာပူးလ်…။

ရက်ဘူးလ်ဆယ်ဘာ့ဂျ်အသင်းရဲ့ တိုက်စစ်မှူးလေး ဟာလန်းကို မန်ယူနိုက်တက်၊ လီဗာပူးလ်၊ စပါးနဲ့ ဂျူဗင်တပ်အသင်းတို့က အပြိုင်ပစ်မှတ်ထားကြိုးပမ်းနေကြတယ်လို့ ဉရောပသတင်းစာမျက်နှာတွေထက်မှာ ဖော်ပြနေကြပါတယ်။

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းရဲ့ လူငယ်တောင်ပံတိုက်စစ်ကြယ်ပွင့်လေး အန်တိုနီယိုမာရင်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပါတယ်။

ဘေယန်မြူးနစ်အသင်းဟာ မန်စီးတီးတောင်ပံတိုက်စစ်ကြယ်ပွင့် လီရွိုင်းဆာနေးကို ခေါ်ယူဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ ဆွေး‌နွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ကမ်းလှမ်းမှုအသစ်နဲ့ ထပ်မံကြိုးစားသွားလိမ့်မယ်လို့ သိရပါတယ်။

မန်စီးတီးပရိသတ်တွေကတော့ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်ပိုင်းအတွင် ကီဗင်ဒီဘရိုင်းနားနဲ့ ဘာနာဒိုဆေးဗားလ်တို့အတွဲကို မြင်တွေ့ချင်တယ်လို့ နည်းပြပက်ဂွာဒီယိုလာကို တောင်းဆိုနေကြပါတယ်။

ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆင်ဟာ နိုင်ငံတကာပွဲရက်တွေအတွင်းမှာ လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းခြင်းမရှိဘဲ မန်ယူနိုက်တက်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားလေ့ကျင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

မန်စီးတီးနည်းပြပက်ဂွာဒီယိုလာကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ အသင်းရည်မှန်းခဲ့သလိုမျိုး ခြေစွမ်းနဲ့ အဆင့်အတန်းမျိုးကို ရရှိအောင် မစွမ်းဆောင်ပေးနိုင်ခဲ့ဘူးဆိုရင် အီတီဟဒ်ကနေ သူထွက်ခွာသွားမယ်လို့ အသင်းပိုင်ရှင်တွေထံ ကတိပြုထားကြောင်း သတင်းတွေက ဆိုပါတယ်။

လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်း ဇာဗီအလွန်ဆိုဟာ အခွန်ရှောင်မှုတွေကြောင့် စပိန်နိုင်ငံ မက်ဒရစ်တရားရုံးမှာ အမှုရင်ဆိုင်နေရပြီး ပြစ်ဒဏ်ထင်ရှားခဲ့ပါက ထောင်ဒဏ် (၅)နှစ်အထိ ကျခံသွားနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။

[Zawgyi]
လီဗာပူးလ္၊ အင္တာမီလန္နဲ႔ အာဆင္နယ္အသင္းတို႔ တခ်ိန္က စိတ္ဝင္စားခဲ့ဖူးတဲ့ ေဘယန္ျမဴးနစ္တိုက္စစ္မႉး မူလာဟာ ဒီႏွစ္ရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သိရပါတယ္။ ဒီတႀကိမ္မွာေရာ မူလာကို စိတ္ဝင္စားဉီးမွာလား လီဗာပူးလ္…။

ရက္ဘူးလ္ဆယ္ဘာ့ဂ်္အသင္းရဲ႕ တိုက္စစ္မႉးေလး ဟာလန္းကို မန္ယူႏိုက္တက္၊ လီဗာပူးလ္၊ စပါးနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔က အၿပိဳင္ပစ္မွတ္ထားႀကိဳးပမ္းေနၾကတယ္လို႔ ဉေရာပသတင္းစာမ်က္ႏွာေတြထက္မွာ ေဖာ္ျပေနၾကပါတယ္။

ခ႐ိုေအးရွားကလပ္ ဒိုင္နမိုဇာဂရက္အသင္းရဲ႕ လူငယ္ေတာင္ပံတိုက္စစ္ၾကယ္ပြင့္ေလး အန္တိုနီယိုမာရင္ကို ပရီးမီးယားလိဂ္ထိပ္သီးကလပ္ေတြျဖစ္ၾကတဲ့ မန္စီးတီးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔က အၿပိဳင္စိတ္ဝင္စားေနၾကပါတယ္။

ေဘယန္ျမဴးနစ္အသင္းဟာ မန္စီးတီးေတာင္ပံတိုက္စစ္ၾကယ္ပြင့္ လီ႐ြိဳင္းဆာေနးကို ေခၚယူဖို႔အတြက္ ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြး‌ေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္မွာ ကမ္းလွမ္းမႈအသစ္နဲ႔ ထပ္မံႀကိဳးစားသြားလိမ့္မယ္လို႔ သိရပါတယ္။

မန္စီးတီးပရိသတ္ေတြကေတာ့ ခရစ္စတယ္ပဲေလ့စ္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ကြင္းလယ္ပိုင္းအတြင္ ကီဗင္ဒီဘ႐ိုင္းနားနဲ႔ ဘာနာဒိုေဆးဗားလ္တို႔အတြဲကို ျမင္ေတြ႕ခ်င္တယ္လို႔ နည္းျပပက္ဂြာဒီယိုလာကို ေတာင္းဆိုေနၾကပါတယ္။

ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္တဲ့ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆင္ဟာ ႏိုင္ငံတကာပြဲရက္ေတြအတြင္းမွာ လက္ေ႐ြးစင္အသင္းနဲ႔ သြားေရာက္ပူးေပါင္းျခင္းမရွိဘဲ မန္ယူႏိုက္တက္နဲ႔ပြဲမွာ ျပန္ကစားႏိုင္ဖို႔ ပစ္မွတ္ထားေလ့က်င့္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

မန္စီးတီးနည္းျပပက္ဂြာဒီယိုလာကေတာ့ ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ အသင္းရည္မွန္းခဲ့သလိုမ်ိဳး ေျခစြမ္းနဲ႔ အဆင့္အတန္းမ်ိဳးကို ရရွိေအာင္ မစြမ္းေဆာင္ေပးႏိုင္ခဲ့ဘူးဆိုရင္ အီတီဟဒ္ကေန သူထြက္ခြာသြားမယ္လို႔ အသင္းပိုင္ရွင္ေတြထံ ကတိျပဳထားေၾကာင္း သတင္းေတြက ဆိုပါတယ္။

လီဗာပူးလ္ကြင္းလယ္ကစားသမားေဟာင္း ဇာဗီအလြန္ဆိုဟာ အခြန္ေရွာင္မႈေတြေၾကာင့္ စပိန္ႏိုင္ငံ မက္ဒရစ္တရား႐ုံးမွာ အမႈရင္ဆိုင္ေနရၿပီး ျပစ္ဒဏ္ထင္ရွားခဲ့ပါက ေထာင္ဒဏ္ (၅)ႏွစ္အထိ က်ခံသြားႏိုင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။



error: Content is protected !!