၉၊ ၁၀၊ ၂၀၁၉ ချယ်လ်ဆီးသတင်းတိုများ

[Unicode]
လူငယ်ခံစစ်ကြယ်ပွင့်လေး တိုမိုရီကတော့ ပြီးခဲ့တဲ့ရာသီမှာ ဒါဘီကောင်တီအသင်းကို အငှားထွက်ကစားခဲ့ရတာဟာ သူ့အရည်အသွေးတွေကို တိုးတက်စေခဲ့ပြီး ဒီနှစ်ရာသီမှာ ခြေစွမ်းပြနိုင်ဖို့ အထောက်အကူပြုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

လန်ဒန်မြို့ခံကလပ်အသင်းတသင်းဖြစ်တဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာ ချယ်လ်ဆီးတိုက်စစ်ကြယ်ပွင့် ဘတ်ရှူယာရီကို ပေါင် (၂၂)သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ် ရှိနေပါတယ်။

တိုက်စစ်ကြယ်ပွင့်လေး ဟက်ဒ်ဆန်အိုဒွိုင်းကတော့ အသင်းက သူ့အတွက် အရမ်းကောင်းလွန်းတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ အဲဒီအတွက် စာချုပ်သစ်ကို လက်မှတ်‌ရေးထိုးခဲ့တာဖြစ်ကြောင်းနဲ့ အဆိုပါစာချုပ်ဟာ သူ့မိသားစုအတွက် အရေးပါခဲ့ကြောင်း ဖွင့်ဟလာပါတယ်။

ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရတဲ့ ကွင်းလယ်ကြယ်ပွင့်လေး လော့ဖ်တက်စ်ချိခ်ကတော့ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအစီအစဉ်တွေ ပြုလုပ်နေနိုင်ပြီဖြစ်ပြီး မကြာမီအချိန်အတွင်းမှာ ချယ်လ်ဆီးအသင်းအတွက် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းရဲ့ လူငယ်တောင်ပံတိုက်စစ်ကြယ်ပွင့်လေး အန်တိုနီယိုမာရင်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်ကြတဲ့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပါတယ်။

ဂျာမန်ကလပ်ရက်ဘူးလ်လစ်ဇစ်အသင်းဆီ အငှားထွက်ကစားနေပေမယ့် ပွဲကစားခွင့်မရသေးတဲ့ လူငယ်ကြယ်ပွင့်လေး အမ်ပါဒူကို လာမယ့်ဇန်နဝါရီလမှာ ချယ်လ်ဆီးအသင်း ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေကြောင်း Football London က ဖော်ပြခဲ့ပါတယ်။

[Zawgyi]
လူငယ္ခံစစ္ၾကယ္ပြင့္ေလး တိုမိုရီကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ဒါဘီေကာင္တီအသင္းကို အငွားထြက္ကစားခဲ့ရတာဟာ သူ႔အရည္အေသြးေတြကို တိုးတက္ေစခဲ့ၿပီး ဒီႏွစ္ရာသီမွာ ေျခစြမ္းျပႏိုင္ဖို႔ အေထာက္အကူျပဳခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။

လန္ဒန္ၿမိဳ႕ခံကလပ္အသင္းတသင္းျဖစ္တဲ့ ခရစ္စတယ္ပဲေလ့စ္အသင္းဟာ လာမယ့္ဇန္နဝါရီလမွာ ခ်ယ္လ္ဆီးတိုက္စစ္ၾကယ္ပြင့္ ဘတ္ရႉယာရီကို ေပါင္ (၂၂)သန္းနဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးစားသြားဖြယ္ ရွိေနပါတယ္။

တိုက္စစ္ၾကယ္ပြင့္ေလး ဟက္ဒ္ဆန္အိုဒြိဳင္းကေတာ့ အသင္းက သူ႔အတြက္ အရမ္းေကာင္းလြန္းတဲ့အတြက္ ေက်းဇူးတင္ရွိေၾကာင္း၊ အဲဒီအတြက္ စာခ်ဳပ္သစ္ကို လက္မွတ္‌ေရးထိုးခဲ့တာျဖစ္ေၾကာင္းနဲ႔ အဆိုပါစာခ်ဳပ္ဟာ သူ႔မိသားစုအတြက္ အေရးပါခဲ့ေၾကာင္း ဖြင့္ဟလာပါတယ္။

ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူခဲ့ရတဲ့ ကြင္းလယ္ၾကယ္ပြင့္ေလး ေလာ့ဖ္တက္စ္ခ်ိခ္ကေတာ့ ႀကံ့ခိုင္မႈေလ့က်င့္ခန္းအစီအစဥ္ေတြ ျပဳလုပ္ေနႏိုင္ၿပီျဖစ္ၿပီး မၾကာမီအခ်ိန္အတြင္းမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ကစားေပးႏိုင္ဖြယ္ ရွိေနပါတယ္။

ခ႐ိုေအးရွားကလပ္ ဒိုင္နမိုဇာဂရက္အသင္းရဲ႕ လူငယ္ေတာင္ပံတိုက္စစ္ၾကယ္ပြင့္ေလး အန္တိုနီယိုမာရင္ကို ပရီးမီးယားလိဂ္ထိပ္သီးကလပ္ေတြျဖစ္ၾကတဲ့ မန္စီးတီးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔က အၿပိဳင္စိတ္ဝင္စားေနၾကပါတယ္။

ဂ်ာမန္ကလပ္ရက္ဘူးလ္လစ္ဇစ္အသင္းဆီ အငွားထြက္ကစားေနေပမယ့္ ပြဲကစားခြင့္မရေသးတဲ့ လူငယ္ၾကယ္ပြင့္ေလး အမ္ပါဒူကို လာမယ့္ဇန္နဝါရီလမွာ ခ်ယ္လ္ဆီးအသင္း ျပန္လည္ေခၚယူသြားဖြယ္ရွိေနေၾကာင္း Football London က ေဖာ္ျပခဲ့ပါတယ္။



error: Content is protected !!