၉၊ ၁၀၊ ၂၀၁၉ မန်ယူနိုက်တက်သတင်းတိုများ

[Unicode]
ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီက‌တော့ မကြာမီအချိန်အတွင်းမှာ နည်းပြလောကထဲ ပြန်ဝင်လာတော့မယ်လို့ ဆိုခဲ့တဲ့အတွက် မန်ယူနိုက်တက်အသင်းအတွက်တော့ သတင်းကောင်းတခု ဖြစ်လာခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းကတော့ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ နည်းပြဆိုးရှားနေရာမှာ အစားထိုးဖို့အတွက် ဂျာမန်ကလပ် ရက်ဘူးလ်လစ်ဇစ်အသင်းရဲ့ ဂျူလီယန်နီဂယ်လ်မန်းကို ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

လာမယ့်ဇန်နဝါရီလအတွင်း စပါးအသင်းရောင်းထုတ်သွားမယ့် ကစားသမား (၅)ဉီးစာရင်းမှာ မန်ယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ အဲရစ်ဒိုင်ယာ၊ အဲရစ်ဆင်တို့ ပါဝင်လာခဲ့ပါတယ်။ ‌မြောက်လန်ဒန်ကလပ်ဟာ အဆိုပါကစားသမား (၂)ဉီးအပြင် ဝမ်ယာမာ၊ အော်ရီယာနဲ့ ဒန်နီရို့စ်တို့ကို ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။

ရက်ဘူးလ်ဆယ်ဘာ့ဂျ်အသင်းရဲ့ တိုက်စစ်မှူးလေး ဟာလန်းကို မန်ယူနိုက်တက်၊ လီဗာပူးလ်၊ စပါးနဲ့ ဂျူဗင်တပ်အသင်းတို့က အပြိုင်ပစ်မှတ်ထားကြိုးပမ်းနေကြတယ်လို့ ဉရောပသတင်းစာမျက်နှာတွေထက်မှာ ဖော်ပြနေကြပါတယ်။

နည်းပြဆိုးရှားကတော့ လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ ကစားသမား (၉)ဉီးအထိ ရောင်းထုတ်သွားပြီး မန်ယူနိုက်တက်အသင်းကို သွေးသစ်လောင်းကာ အောင်ြမင်မှုတွေဆီ ခေါ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားထွက်ကစားနေတဲ့ မန်ယူနိုက်တက်လူငယ်ကြယ်ပွင့်ဂိုးသမားလေး ဟန်ဒါဆင်ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဒီဂီယာနေရာမှာ အစားထိုးဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား ဟန်ဒါဆန်။

[Zawgyi]
ဂ်ဴဗင္တပ္နည္းျပေဟာင္း အယ္လီဂရီက‌ေတာ့ မၾကာမီအခ်ိန္အတြင္းမွာ နည္းျပေလာကထဲ ျပန္ဝင္လာေတာ့မယ္လို႔ ဆိုခဲ့တဲ့အတြက္ မန္ယူႏိုက္တက္အသင္းအတြက္ေတာ့ သတင္းေကာင္းတခု ျဖစ္လာခဲ့ပါတယ္။

မန္ယူႏိုက္တက္အသင္းကေတာ့ ရလဒ္ဆိုးေတြနဲ႔ ႐ုန္းကန္ေနရတဲ့ နည္းျပဆိုးရွားေနရာမွာ အစားထိုးဖို႔အတြက္ ဂ်ာမန္ကလပ္ ရက္ဘူးလ္လစ္ဇစ္အသင္းရဲ႕ ဂ်ဴလီယန္နီဂယ္လ္မန္းကို ပစ္မွတ္ထားေနတယ္လို႔လည္း သိရပါတယ္။

လာမယ့္ဇန္နဝါရီလအတြင္း စပါးအသင္းေရာင္းထုတ္သြားမယ့္ ကစားသမား (၅)ဉီးစာရင္းမွာ မန္ယူႏိုက္တက္အသင္း စိတ္ဝင္စားေနတဲ့ အဲရစ္ဒိုင္ယာ၊ အဲရစ္ဆင္တို႔ ပါဝင္လာခဲ့ပါတယ္။ ‌ေျမာက္လန္ဒန္ကလပ္ဟာ အဆိုပါကစားသမား (၂)ဉီးအျပင္ ဝမ္ယာမာ၊ ေအာ္ရီယာနဲ႔ ဒန္နီ႐ို႕စ္တို႔ကို ေရာင္းထုတ္သြားမွာ ျဖစ္ပါတယ္။

ရက္ဘူးလ္ဆယ္ဘာ့ဂ်္အသင္းရဲ႕ တိုက္စစ္မႉးေလး ဟာလန္းကို မန္ယူႏိုက္တက္၊ လီဗာပူးလ္၊ စပါးနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔က အၿပိဳင္ပစ္မွတ္ထားႀကိဳးပမ္းေနၾကတယ္လို႔ ဉေရာပသတင္းစာမ်က္ႏွာေတြထက္မွာ ေဖာ္ျပေနၾကပါတယ္။

နည္းျပဆိုးရွားကေတာ့ လာမယ့္အေျပာင္းအေ႐ႊ႕ကာလေတြမွာ ကစားသမား (၉)ဉီးအထိ ေရာင္းထုတ္သြားၿပီး မန္ယူႏိုက္တက္အသင္းကို ေသြးသစ္ေလာင္းကာ ေအာင္ျမင္မႈေတြဆီ ေခၚေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္းဆီ အငွားထြက္ကစားေနတဲ့ မန္ယူႏိုက္တက္လူငယ္ၾကယ္ပြင့္ဂိုးသမားေလး ဟန္ဒါဆင္ကေတာ့ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ပထမဆုံးအႀကိမ္ ေ႐ြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။ ဒီဂီယာေနရာမွာ အစားထိုးဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလား ဟန္ဒါဆန္။



error: Content is protected !!