9. 10. 2019 La Liga and Serie A News

[Unicode]
ဘာစီလိုနာကြယ်ပွင့်လီယွန်နယ်မက်ဆီကတော့ ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ အသင်းဖော်ဟောင်း နေမာတယောက် ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားမှာကို စိုးရိမ်နေပါတယ်။

စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ တိုက်စစ်ကစားသမား ကွာဒရာဒိုကို စာချုပ်သစ်ချုပ်ဆိုကာ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ကြိုးစားနေပါတယ်။

နာပိုလီအသင်းဟာ ဘာစီလိုနာအပါအဝင် ဉရောပထိပ်သီးကလပ်အသင်းအများစု ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နော်ဝေတိုက်စစ်မှူးလေး ဟာလန်းကို အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာပါတယ်။ ဟာလန်းဟာ ဒီနှစ်ရာသီမှာ ရက်ဘူးလ်ဆယ်ဘာ့ဂျ်အသင်းအတွက် (၁၁)ပွဲ ကစားပေးပြီးချိန်မှာ သွင်းဂိုး (၁၈)ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။

လူငယ်ကြယ်ပွင့်လေး ဘရာဟင်ဒီယက်ဇ်ကတော့ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းက အငှားချမယ့်အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး ဘာနေဗြူးမှာသာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့ကာ ပုံမှန်နေရာအတွက် အခွင့်အရေး စောင့်ဆိုင်းနေတာဖြစ်ကြောင်း သိရပါတယ်။

မက်ဆီက သူ့အနေနဲ့ အခွန်ကိစ္စတွေကြောင့် လွန်ခဲ့တဲ့ (၅)နှစ်ခန့် (၂၀၁၄)ခုနှစ်လောက်က ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘလွန်ဒီအောဆု (၅)ကြိမ်ရ ကစားသမားဟာ နောက်ဆုံးမှာတော့ နူးကမ့်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းဟာ လာမယ့်ဇန်နဝါရီလမှာလည်း တိုက်စစ်ကစားသမား ဒီဘားလားကို ရောင်းထုတ်သွားဖို့ မရှိဘဲ တူရင်မြေမှာပဲ ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တိုင်းသားကို မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့က ပစ်မှတ်ထားနေတာပါ။

နည်းပြဂျီအန်ပါအိုလိုကို လောလောလတ်လတ်ထုတ်ပယ်ထားခဲ့တဲ့ အေစီမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ဖီအိုရင်တီးနားနဲ့ အင်တာမီလန်နည်းပြဟောင်း စတီဖာနိုပီအိုလီကို ခန့်အပ်လိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီတိုက်စစ်ကြယ်ပွင့် အမ်ဘာပေကို ခေါ်ယူမယ့်အစား လီဗာပူးလ်တိုက်စစ်ကစားသမား မိုဆာလာကို ပေါင်သန်း (၁၅၀) ပေးချေကာ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

[Zawgyi]
ဘာစီလိုနာၾကယ္ပြင့္လီယြန္နယ္မက္ဆီကေတာ့ ပီအက္စ္ဂ်ီအသင္းမွာ ကစားေနတဲ့ အသင္းေဖာ္ေဟာင္း ေနမာတေယာက္ ရီးယဲလ္မက္ဒရစ္အသင္းဆီ ေျပာင္းေ႐ႊ႕သြားမွာကို စိုးရိမ္ေနပါတယ္။

စီးရီးေအလက္ရွိခ်န္ပီယံ ဂ်ဴဗင္တပ္အသင္းဟာ ဒီႏွစ္ရာသီမွာ ေျခစြမ္းေကာင္းေတြျပသေနတဲ့ တိုက္စစ္ကစားသမား ကြာဒရာဒိုကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုကာ အသင္းမွာပဲ ဆက္လက္ထိန္းသိမ္းသြားဖို႔ ႀကိဳးစားေနပါတယ္။

နာပိုလီအသင္းဟာ ဘာစီလိုနာအပါအဝင္ ဉေရာပထိပ္သီးကလပ္အသင္းအမ်ားစု ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ေနာ္ေဝတိုက္စစ္မႉးေလး ဟာလန္းကို အရေခၚယူႏိုင္ဖို႔ ႀကိဳးပမ္းလာပါတယ္။ ဟာလန္းဟာ ဒီႏွစ္ရာသီမွာ ရက္ဘူးလ္ဆယ္ဘာ့ဂ်္အသင္းအတြက္ (၁၁)ပြဲ ကစားေပးၿပီးခ်ိန္မွာ သြင္းဂိုး (၁၈)ဂိုးအထိ သြင္းယူေပးထားႏိုင္သူပါ။

လူငယ္ၾကယ္ပြင့္ေလး ဘရာဟင္ဒီယက္ဇ္ကေတာ့ ၿပီးခဲ့တဲ့ေႏြအေျပာင္းအေ႐ႊ႕မွာ ရီးယဲလ္မက္ဒရစ္အသင္းက အငွားခ်မယ့္အစီအစဥ္ကို ျငင္းပယ္ခဲ့ၿပီး ဘာေနျဗဴးမွာသာ ဆက္ရွိဖို႔ ဆုံးျဖတ္ခဲ့ကာ ပုံမွန္ေနရာအတြက္ အခြင့္အေရး ေစာင့္ဆိုင္းေနတာျဖစ္ေၾကာင္း သိရပါတယ္။

မက္ဆီက သူ႔အေနနဲ႔ အခြန္ကိစၥေတြေၾကာင့္ လြန္ခဲ့တဲ့ (၅)ႏွစ္ခန႔္ (၂၀၁၄)ခုႏွစ္ေလာက္က ဘာစီလိုနာအသင္းကေန ထြက္ခြာဖို႔ နီးစပ္ခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘလြန္ဒီေအာဆု (၅)ႀကိမ္ရ ကစားသမားဟာ ေနာက္ဆုံးမွာေတာ့ ႏူးကမ့္မွာပဲ ဆက္ကစားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းဟာ လာမယ့္ဇန္နဝါရီလမွာလည္း တိုက္စစ္ကစားသမား ဒီဘားလားကို ေရာင္းထုတ္သြားဖို႔ မရွိဘဲ တူရင္ေျမမွာပဲ ဆက္လက္ထိန္းသိမ္းသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ အာဂ်င္တိုင္းသားကို မန္ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔က ပစ္မွတ္ထားေနတာပါ။

နည္းျပဂ်ီအန္ပါအိုလိုကို ေလာေလာလတ္လတ္ထုတ္ပယ္ထားခဲ့တဲ့ ေအစီမီလန္အသင္းဟာ နည္းျပသစ္အျဖစ္ ဖီအိုရင္တီးနားနဲ႔ အင္တာမီလန္နည္းျပေဟာင္း စတီဖာႏိုပီအိုလီကို ခန႔္အပ္လိုက္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။

စပိန္ထိပ္သီးကလပ္ ရီးယဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ေႏြအေျပာင္းအေ႐ႊ႕မွာ ပီအက္စ္ဂ်ီတိုက္စစ္ၾကယ္ပြင့္ အမ္ဘာေပကို ေခၚယူမယ့္အစား လီဗာပူးလ္တိုက္စစ္ကစားသမား မိုဆာလာကို ေပါင္သန္း (၁၅၀) ေပးေခ်ကာ ေခၚယူသြားဖြယ္ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။



error: Content is protected !!