လိုင်လီ ဒါရိုက်တာ ကတော့ ပေပေ တစ်ယောက် အာဆင်နယ်မှာ အောင်မြင်မယ် ဆိုပြီးပြော
[UNICODE] လိုင်လီ ရဲ့ အားကစားဒါရိုက်တာ လူးဝစ် ကမ်ပိုစ့် ကတော့ နီကိုလတ်စ် ပေပေ တစ်ယောက် အာဆင်နယ်မှာ အောင်မြင်လိမ့်မယ် ဆိုတာကို အကြွင်းမရှိယုံကြည်နေကြောင်း ပြောကြားလိုက်သလို ဒီ ကစားသမားက အာဆင်နယ် အသင်းအတွက် ပြီးပြည့်စုံတဲ့ တောင်ပံ သမားဖြစ်လာလိမ့်မယ် ဆိုပြီး ဟောကိန်းထုတ်လိုက်ပါတယ်။
အာဆင်နယ် အသင်းကို ပေပေ တစ်ယောက် ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် လိုင်လီ မှာ ပြသခဲ့တဲ့ ခြေစွမ်းကို ပြသဖို့ ရုန်းကနေရဆဲဖြစ်ပါတယ်။ ၁ ဂိုးသာ ရရှိထားပြီး ပင်နယ်တီကို အူဘာမီယန်း ပေးကန်လို့ ရရှိထားတာပါ။
ဒီ အိုင်ဗရီကိုစ့် သားကို ဈေးကြီးပေးဝယ်ထားရတာကြောင့် သူ့ ဆီက ခြေစွမ်းကို အာဆင်နယ် အသင်းနဲ့ ပရိတ်သတ်တွေ က အကြီးအကျယ်မျှော်လင့်နေတာဖြစ်ပါတယ်။ ပေပေ ရဲ့ ကြိုးစားအားထုတ်မှု ကြောင့် မကြာခင်မှာ အသင်းမှာရော ပရီးမီးယားလိဂ်မှာပါ အထာကျလာပြီးအောင်မြင်မယ် ဆိုပြီး လူးဝစ်က ပြောလိုက်တာပါ။
သူက “ကျွန်တော့် အမြင် အရ ထိပ်တန်းဘောလုံး ကစားသမားတွေတိုင်း ဘောလုံးကို ချစ်မြတ်နိူးကြပါတယ်။ ကျွန်တော် ရော်နယ်ဒို နဲ့ရော အမ်ဘာပေ နဲ့ပါ တွဲပြီး အလုပ်လုပ် ဖူးပါတယ်။ သူတို့ ဘောလုံး အကြောင်း အကုန်သိပါတယ်။
အမ်ဘာပေ ဆိုရင် ပြင်သစ် ဒုတိယတန်းက ရလဒ်တွေပါ သိပါတယ်။ ပေပေ ဘယ်လောက် ဘောလုံးချစ်မြတ်နိူးတယ် ဆိုတာ ကျွန်တော်သိပါတယ်။ သူက သူ ကစားပြီးတဲ့ ပွဲတွေတိုင်း ပြန်ပြန်ကြည့်ပြီး အမြဲ ပြီးပြည့်စုံအောင် ကြိုးစား အားထုတ်တဲ့ ကစားသမား တစ်ယောက်ပါ။ သူ အာဆင်နယ် အသင်းမှာ မကြာခင် ခြေစွမ်းပြလာပါလိ့မ်မယ်။” ဆိုပြီး ပြောကြားလိုက်ပါတယ်။
REF: SKY SPORTS
[ZAWGYI] လိုင်လီ ရဲ့  အားကစားဒါရိုက်တာ လူးဝစ် ကမ်ပိုစ့် ကတော့ နီကိုလတ်စ် ပေပေ တစ်ယောက် အာဆင်နယ်မှာ အောင်မြင်လိမ့်မယ် ဆိုတာကို အကြွင်းမရှိယုံကြည်နေကြောင်း ပြောကြားလိုက်သလို ဒီ ကစားသမားက အာဆင်နယ် အသင်းအတွက် ပြီးပြည့်စုံတဲ့ တောင်ပံ သမားဖြစ်လာလိမ့်မယ် ဆိုပြီး ဟောကိန်းထုတ်လိုက်ပါတယ်။
REF: SKY SPORTS
error: Content is protected !!