လီဗာပူး ရီးရဲလ် နဲ့  ဘေယန် ကစားသမား ဟောင်းဖြစ်တဲ့ ဇာဘီ အလွန်ဆို အခွန် လိမ်လည်ရှောင်တိမ်းမှု နဲ့  အမှု ရင်ဆိုင်နေရ
[UNICODE] ဇာဘီ အလွန်ဆို တစ်ယောက် မက်ဒရစ်မှာ အခွန်လိမ်လည် ရှောင်းတိမ်းမှု နဲ့ အမှု ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ သူက ဒီအမှု အတွက် ထောင်ဒဏ် ၅ နှစ် နဲ့ ပေါင် ၃.၆ သန်း ဒဏ်ငွေ ဆောင် ရနိူင်ပါတယ်။ အလွန်ဆိုက လီဗာပူး အသင်းကို ပြောင်းတဲ့ နှစ်မှာပဲ လီဗာပူး အသင်းနဲ့အတူ ချန်ပီယံလိဂ် ဖလား ရရှိခဲ့ပါတယ်။
19483382-7553671-image-m-7-1570613214209
၂၀၁၀ နဲ့ ၂၀၁၂ အတွင်း အခွန် လိမ်လည်မှု နဲ့ အလွန်ဆို တစ်ယောက် အခုချိန်မှာ တရားရုံးမှာ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီ ၃၇ ရှိပြီဖြစ်တဲ့ ကစားသမား ကတော့ သူ့ အနေနဲ့ အပြစ်မရှိဘူး ဆိုတာကို ရဲရဲကြီး ယုံကြည်နေတာ ကြောင့် စပိန် အစိုးရကို အခွန် နဲ့ ဒဏ်ကြေး ပေးဆောင်မယ့် အစား သူက တရားရုံးမှာ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
၂ ရက်ကြာအောင် ကြားနာမှာ ဖြစ်ပြီး နောက်ထပ် ရုံးချိန်းကို နောက် ဇန်နဝါရီ ၂၂ မှာ ဆက်လက်ကြားနာမှာ ဖြစ်ပါတယ်။ အလွန်ဆို တစ်ယောက် သူ့ ပုံရိပ် အသုံးပြုမှုကနေ စုစုပေါင်း ပေါင် ၂ သန်းလောက် အခွန် ရှောင်တိမ်းလိမ်လည် ခဲ့တယ် ဆိုပြီး စွပ်စွဲခံရတာဖြစ်ပါတယ်။
19483370-7553671-image-a-4-1570613135387
သူကတော့ “ကျွန်တော့် အနေနဲ့ အစကတည်းက ပူးပေါင်းဆောင်ရွက်ပြီး အကုန်လုံးကို ပွင့်ပွင့်လင်းလင်းနဲ့ အခွန်ဆောင် ပြီးသားပါ။ ဘာမှ ဖုံးကွယ်ခြင်း မရှိသလို တရားမျှတမှု ကို ယုံကြည်တာကြောင့် ကျွန်တော် ဒါကို ခုခံ ရင်ဆိုင်ဖို့ အသင့်ပါပဲ။
19481890-7553671-image-a-1-1570610899434
ကျွန်တော် အမှု ပြီးဆုံးတဲ့အထိ ဆက်လက်ပြီး ခုခံသွားမှာပါ။ ကျွန်တော်သာ တစ်ခုခု ဖုံးကွယ်ထားခဲ့မယ်ဆိုရင် ကျွန်တော် စိုးရိမ်နေမှာပဲလေ။ ကျွန်တော် ဘာမှ အမှားမလုပ်ခဲ့လို့ ဒါကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။” ဆိုပြီး ပြောကြားလိုက်ပါတယ်။
REF: GOAL
REF: GOAL
error: Content is protected !!