စတာလင္က အဂၤလန္ အသင္းကို ယူရို ၂၀၂၀ မွာ ေအာင္ျမင္မႈ ေတြ ေဆာင္ယူေပးလိမ့္မယ္လို ့ ဆိုလိုက္တဲ့ ဟတ္စကီး

စတာလင္ နဲ ့ အဂၤလန္ အသင္း က လာမယ့္ ေသာၾကာေန ့က်ရင္ ယူရို ၂၀၂၀ ေျခစစ္ပြဲ ကို ခ်က္ အသင္းနဲ ့ ျပန္ကန္မွာပါ။ ေဆာက္ဂိတ္ ရဲ ့ အဂၤလန္ အသင္းက Group A မွာ ပြဲေတြ အားလုံး အႏိူင္ ကန္ထားျပီး အေျခအေန ေကာင္းေနပါတယ္။

ဒီမန္စီးတီး ကစားသမားက ကလပ္မွာျပသခဲ့တဲ့ ေျခစြမ္းကို ႏူိင္ငံမွာပါ ယူေဆာင္လာျပီး အခုခ်ိန္မွာေတာ့ အဂၤလန္အသင္း အတြက္ ၆ ဂိုးသြင္းယူထားျပီ ျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္သာ ရွိေသးတဲ့ အဂၤလန္တိုက္စစ္မွဴးကို ဟတ္စကီးကေတာ့

“စတာလင္က အင္မတန္ ငယ္ပါေသးတယ္။ သူက ကစားတဲ့ ပြဲေတြ ၾကာျမင့္ေနျပီ ျဖစ္ေပမယ့္ သူက အခုမွ ၂၄ ႏွစ္ပဲ ရွိပါေသးတယ္။ သူ ကစားေနတဲ့ ေနရာဆိုရင္ တစ္ခ်ဳိ ့ကေလးေတြ အတြက္ ေလးစား အားက် အတုယူစရာပါပဲ။

သူက လူမႈ ကြန္ယက္ေတြမွာ အသားအေရာင္ခြဲျခားတာနဲ ့ပတ္သက္ျပီး တိုက္ဖ်က္မႈေတြလည္း ျပဳလုပ္ေနပါျပီ။ ကြ်န္ေတာ္သာဆိုရင္ ၂၄ နဲ ့သူ လုပ္ႏိူင္သလို လုပ္ႏိူင္မယ္ မထင္ပါဘူး။

ကြ်န္ေတာ့္ အေနနဲ ့ေတာ့ အဂၤလန္ အသင္းက ယူရို ၂၀၂၀ မွာ ခ်န္ပီယံ ျဖစ္ႏိူင္တယ္လို ့ ယုံၾကည္ေနပါတယ္။ သူတို ့ အသင္းက ငယ္ရြယ္ျပီး ဂိုးေတြ သြင္းမယ့္ တိုက္စစ္မွဴးေတြ ရွိေပမယ့္ ခံစစ္မွာ အနည္းငယ္ ၾကိဳးစားဖို ့သာ လိုအပ္ပါတယ္။ စတာလင္က အဓိက ကစားသမား ျဖစ္လာမွာပါ။” ဆိုျပီး ခ်ီးက်ဴးလိုက္ပါတယ္။

REF: GOAL

[UNICODE] စတာလင် နဲ့ အင်္ဂလန် အသင်း က လာမယ့် သောကြာနေ့ကျရင် ယူရို ၂၀၂၀ ခြေစစ်ပွဲ ကို ချက် အသင်းနဲ့ ပြန်ကန်မှာပါ။ ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်းက Group A မှာ ပွဲတွေ အားလုံး အနိူင် ကန်ထားပြီး အခြေအနေ ကောင်းနေပါတယ်။

ဒီမန်စီးတီး ကစားသမားက ကလပ်မှာပြသခဲ့တဲ့ ခြေစွမ်းကို နိူင်ငံမှာပါ ယူဆောင်လာပြီး အခုချိန်မှာတော့ အင်္ဂလန်အသင်း အတွက် ၆ ဂိုးသွင်းယူထားပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အင်္ဂလန်တိုက်စစ်မှူးကို ဟတ်စကီးကတော့

“စတာလင်က အင်မတန် ငယ်ပါသေးတယ်။ သူက ကစားတဲ့ ပွဲတွေ ကြာမြင့်နေပြီ ဖြစ်ပေမယ့် သူက အခုမှ ၂၄ နှစ်ပဲ ရှိပါသေးတယ်။ သူ ကစားနေတဲ့ နေရာဆိုရင် တစ်ချို့ကလေးတွေ အတွက် လေးစား အားကျ အတုယူစရာပါပဲ။

သူက လူမှု ကွန်ယက်တွေမှာ အသားအရောင်ခွဲခြားတာနဲ့ပတ်သက်ပြီး တိုက်ဖျက်မှုတွေလည်း ပြုလုပ်နေပါပြီ။ ကျွန်တော်သာဆိုရင် ၂၄ နဲ့သူ လုပ်နိူင်သလို လုပ်နိူင်မယ် မထင်ပါဘူး။

ကျွန်တော့် အနေနဲ့တော့ အင်္ဂလန် အသင်းက ယူရို ၂၀၂၀ မှာ ချန်ပီယံ ဖြစ်နိူင်တယ်လို့ ယုံကြည်နေပါတယ်။ သူတို့ အသင်းက ငယ်ရွယ်ပြီး ဂိုးတွေ သွင်းမယ့် တိုက်စစ်မှူးတွေ ရှိပေမယ့် ခံစစ်မှာ အနည်းငယ် ကြိုးစားဖို့သာ လိုအပ်ပါတယ်။ စတာလင်က အဓိက ကစားသမား ဖြစ်လာမှာပါ။” ဆိုပြီး ချီးကျူးလိုက်ပါတယ်။

REF: GOAL



error: Content is protected !!