သူ့  အနေနဲ့  ဂရဇ်မန်းကို မလိုချင်ဘူး ဆိုတာ အခြေအမြစ် မရှိတဲ့ သတင်း ဖြစ်တယ် ဆိုပြီး ငြင်းဆန်ခဲ့တဲ့ မက်ဆီ

[UNICODE] မက်ဆီကတော့ သူ့ အနေနဲ့  အလက်တီကို မက်ဒရစ် က အန်တိုနီယို ဂရဇ်မန်းကို ဘာကာ အသင်းထံ မလာစေချင်ဘူး ဆိုတာ အခြေအမြစ် မရှိတဲ့ လိမ်ညာတဲ့ သတင်းသာ ဖြစ်တယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။ ဂရဇ်မန်း က ဘာကာ အသင်းကို ယူရို ပေါင် သန်း ၁၂၀ နဲ့  ရောက်ရှိလာတာပါ။

ဘာကာက နေမာကို ပြန်ခေါ်မယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။ သတင်းတွေက မက်ဆီ အနေနဲ့  ဘာကာ ကို နေမာ ကို ပြန်လာစေချင်ပြီး ဂရဇ်မန်းကို ကြိုဆိုလိုခြင်း မရှိဘူး ဆိုပြီး ကောလဟာလတွေ ဖြန့် ဝေ ရေးသားခဲ့ပါတယ်။ အဲတာနဲ့  ပတ်သက်ပြီး မက်ဆီက

“အဲ သတင်းတွေက အခြေအမြစ် မရှိတဲ့ သတင်းတွေသာဖြစ်ပါတယ်။ မနှစ်က ဂရဇ်မန်း က အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ ကို ပြသခဲ့ပါတယ်။ ဘာကာ ကို ကစားသမားကောင်းတွေကို အမြဲတမ်း ကျွန်တော် ကြိုဆိုနေပါတယ်။

နေမာ ကလည်း အကောင်းဆုံးထဲက တစ်ယောက်ဖြစ်တာမို့  ဘာကာ ကို ပြန်လာစေချင်တာ မဆန်းပါဘူး။ သူ ပြန်လာရင် အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေးမှာပဲ။ သူ့ ကို ပြန်လာစေချင်တာနဲ့  ဂရဇ်မန်းကို မကြိုဆိုတာ မဟုတ်ပါဘူး။

နေမာနဲ့  က ဘောလုံးကွင်းထဲမှာရော ကွင်းပြင်မှာပါ ကျွန်တော်တို့  ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ဂရဇ်မန်း တစ်ယောက် ဘာကာ အတွက် ၃ ပွဲမှာ ဂိုးပေါက် ပျောက်ခဲ့ပြီး ခြေစွမ်းပုံမှန် ရဖို့  ရုန်းကန်ခဲ့ရပါတယ်။ သူက လာလီဂါမှာ ၇ ပွဲ ကစားပြီး ၃ ဂိုးသွင်းယူခဲ့ပေမယ့် သူ့ ကို ဘာကာက ဒီထက်မက ဂိုးတွေ မျှော်လင့်နေတာပါ။

REF: GOAL

[Zawgyi] မက်ဆီကတော့ သူ့ အနေနဲ့  အလက်တီကို မက်ဒရစ် က အန်တိုနီယို ဂရဇ်မန်းကို ဘာကာ အသင်းထံ မလာစေချင်ဘူး ဆိုတာ အခြေအမြစ် မရှိတဲ့ လိမ်ညာတဲ့ သတင်းသာ ဖြစ်တယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။ ဂရဇ်မန်း က ဘာကာ အသင်းကို ယူရို ပေါင် သန်း ၁၂၀ နဲ့  ရောက်ရှိလာတာပါ။

ဘာကာက နေမာကို ပြန်ခေါ်မယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။ သတင်းတွေက မက်ဆီ အနေနဲ့  ဘာကာ ကို နေမာ ကို ပြန်လာစေချင်ပြီး ဂရဇ်မန်းကို ကြိုဆိုလိုခြင်း မရှိဘူး ဆိုပြီး ကောလဟာလတွေ ဖြန့် ဝေ ရေးသားခဲ့ပါတယ်။ အဲတာနဲ့  ပတ်သက်ပြီး မက်ဆီက

“အဲ သတင်းတွေက အခြေအမြစ် မရှိတဲ့ သတင်းတွေသာဖြစ်ပါတယ်။ မနှစ်က ဂရဇ်မန်း က အကောင်းဆုံးကစားသမား တစ်ယောက်ဖြစ်တယ်ဆိုတာ ကို ပြသခဲ့ပါတယ်။ ဘာကာ ကို ကစားသမားကောင်းတွေကို အမြဲတမ်း ကျွန်တော် ကြိုဆိုနေပါတယ်။

နေမာ ကလည်း အကောင်းဆုံးထဲက တစ်ယောက်ဖြစ်တာမို့  ဘာကာ ကို ပြန်လာစေချင်တာ မဆန်းပါဘူး။ သူ ပြန်လာရင် အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေးမှာပဲ။ သူ့ ကို ပြန်လာစေချင်တာနဲ့  ဂရဇ်မန်းကို မကြိုဆိုတာ မဟုတ်ပါဘူး။

နေမာနဲ့  က ဘောလုံးကွင်းထဲမှာရော ကွင်းပြင်မှာပါ ကျွန်တော်တို့  ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ။” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ဂရဇ်မန်း တစ်ယောက် ဘာကာ အတွက် ၃ ပွဲမှာ ဂိုးပေါက် ပျောက်ခဲ့ပြီး ခြေစွမ်းပုံမှန် ရဖို့  ရုန်းကန်ခဲ့ရပါတယ်။ သူက လာလီဂါမှာ ၇ ပွဲ ကစားပြီး ၃ ဂိုးသွင်းယူခဲ့ပေမယ့် သူ့ ကို ဘာကာက ဒီထက်မက ဂိုးတွေ မျှော်လင့်နေတာပါ။

REF: GOAL



error: Content is protected !!