ျပင္သစ္ အသင္းကေန ႏႈတ္ထြက္ခဲ့တဲ့ အမ္ဘာေပ

[UNICODE] အမ်ဘာပေ တစ်ယောက် ယူရို ၂၀၂၀ ခြေစစ်ပွဲ ဝင်မယ့် ပြင်သစ် အသင်းကနေ နှုတ်ထွက်သွားပြီး PSG အသင်းကို ပြန်သွားပြီလို့ သိရပါတယ်။ ပြင်သစ် အသင်းက အိုက်စ်လန် နဲ့ တူရကီတို့နဲ့ ခြေစစ်ပွဲ ကန်မှာပါ။ ဒီ အသက် ၂၀ သားက ပြီးခဲ့တဲ့ ဘောဒိုးကို ၁-၀ မရှိနဲ့ အနိူင် ရတဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဒဏ်ရာကြောင့် သူက ပြီးခဲ့တဲ့ အန်ဂါးလ်း နဲ့ ပွဲမှာ လွှဲချော်ခဲ့ပါတယ်။ ဒါပေမယ့် သူက ပြင်သစ် အသင်းနဲ့အတူ သွားပြီး ပူးပေါင်းခဲ့ပါတယ်။ ပြင်သစ် ဘောလုံး အဖွဲ့ ချုပ်ရဲ့ ဆေးစစ်ဆေး ချက်အရ သူက ပြင်သစ် အသင်းအတွက် ကန်ဖို့ ကြံ့ခိုင်မှု မပြည့်တာကြောင့် ကလပ်ကို ပြန်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။

သူ့အစား မိုချန်ဂလာဘတ် က အလက်ဆိန်း ပလီအာ ကို ခေါ်ယူခဲ့ပါတယ်။ ပြင်သစ် အသင်းက အိုက်စ်လန် အသင်းနဲ့အရင် ရင်ဆိုင်ရမှာ ဖြစ်ပြီး တူရကီ အသင်းနဲ့ နောက်ပွဲမှာ ကန်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြင်သစ်အသင်းက တူရကီ အသင်းနဲ့ ရမှတ်တူ ၁၅ မှတ် ရရှိနေပြီး ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ အမ်ဘာပေ တစ်ယောက် PSG အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ၆ ပွဲ သာ ပါဝင် ကစားနိူင်ခဲ့ပေမယ့် ၂ ဂိုးသွင်းယူနိူင်ခဲ့ပါတယ်။

အမ်ဘာပေ တစ်ယောက် PSG အသင်း ရဲ့ နောက်ပွဲ ဖြစ်တဲ့ Nice နဲ့ ပွဲကို ပါဝင်ဖို့ ကြိုးစားနေမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲကို အောက်တိုဘာ ၁၈ ရက်မှာ ကန်မှာပါ။

REF: GOAL

[ZAWGYI] အမ္ဘာေပ တစ္ေယာက္ ယူရို ၂၀၂၀ ေျခစစ္ပြဲ ၀င္မယ့္ ျပင္သစ္ အသင္းကေန ႏႈတ္ထြက္သြားျပီး PSG အသင္းကို ျပန္သြားျပီလို ့ သိရပါတယ္။ ျပင္သစ္ အသင္းက အိုက္စ္လန္ နဲ ့ တူရကီတို ့နဲ ့ ေျခစစ္ပြဲ ကန္မွာပါ။ ဒီ အသက္ ၂၀ သားက ျပီးခဲ့တဲ့ ေဘာဒိုးကို ၁-၀ မရွိနဲ ့ အႏိူင္ ရတဲ့ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရရွိခဲ့တာျဖစ္ပါတယ္။

ဒီဒဏ္ရာေၾကာင့္ သူက ျပီးခဲ့တဲ့ အန္ဂါးလ္း နဲ ့ ပြဲမွာ လႊဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ သူက ျပင္သစ္ အသင္းနဲ ့အတူ သြားျပီး ပူးေပါင္းခဲ့ပါတယ္။ ျပင္သစ္ ေဘာလုံး အဖြဲ ့ ခ်ဳပ္ရဲ ့ ေဆးစစ္ေဆး ခ်က္အရ သူက ျပင္သစ္ အသင္းအတြက္ ကန္ဖို ့ ၾကံ့ခိုင္မႈ မျပည့္တာေၾကာင့္ ကလပ္ကို ျပန္ခြင့္ေပးလိုက္တာျဖစ္ပါတယ္။

သူ ့အစား မိုခ်န္ဂလာဘတ္ က အလက္ဆိန္း ပလီအာ ကို ေခၚယူခဲ့ပါတယ္။ ျပင္သစ္ အသင္းက အိုက္စ္လန္ အသင္းနဲ ့အရင္ ရင္ဆိုင္ရမွာ ျဖစ္ျပီး တူရကီ အသင္းနဲ ့ ေနာက္ပြဲမွာ ကန္မွာ ျဖစ္ပါတယ္။

လက္ရွိမွာ ျပင္သစ္အသင္းက တူရကီ အသင္းနဲ ့ ရမွတ္တူ ၁၅ မွတ္ ရရွိေနျပီး ဒုတိယ ေနရာမွာ ရပ္တည္ေနပါတယ္။ အမ္ဘာေပ တစ္ေယာက္ PSG အတြက္ ဒီရာသီမွာ ျပိဳင္ပြဲစုံမွာ ၆ ပြဲ သာ ပါ၀င္ ကစားႏိူင္ခဲ့ေပမယ့္ ၂ ဂိုးသြင္းယူႏိူင္ခဲ့ပါတယ္။

အမ္ဘာေပ တစ္ေယာက္ PSG အသင္း ရဲ ့ ေနာက္ပြဲ ျဖစ္တဲ့ Nice နဲ ့ ပြဲကို ပါ၀င္ဖို ့ ၾကိဳးစားေနမွာ ျဖစ္ပါတယ္။ အဆိုပါ ပြဲကို ေအာက္တိုဘာ ၁၈ ရက္မွာ ကန္မွာပါ။

REF: GOAL



error: Content is protected !!