နာဂ်ယ္မန္း ကို နည္းျပ အေနနဲ ့ စိတ္၀င္စားေနတဲ့ မန္ယူ

[UNICODE] ဆိုးရှား တစ်ယောက် ဖိအားတွေ တစ်လှေကြီးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့ မန်ယူ အသင်းက အခုချိန်မှာ ဆိုးရှား နေရာ အစားထိုးဖို့ နည်းပြ သစ်ရှာဖွေနေတယ် ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ အက်ဒ်ဝုဒ်ကိုယ်တိုင် က ဆိုးရှားရဲ့ ဆိုးဝါး လှတဲ့ ရလဒ်တွေ အပေါ်ကို စိတ်ပျက်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ နယူးကာဆယ် အသင်းကို ၁ – ၀ မရှိနဲ့ ရှုံးနိမ့်ပြီးမှာတော့ ဆိုးရှား တစ်ယောက် အသင်းကနေ ထုတ်ပယ်ခံရဖို့ တော်တော်ကို ရေပန်းစားလာပြီ ဖြစ်ပါတယ်။ အခုချိန်မှာ အင်တာနေရှင်နယ် ပွဲတွေ ရှိသလို ဒီပွဲပြီးရင် ထိပ်ဆုံး က လီဗာပူးနဲ့ ရင်ဆိုင်ရမှာမလို့ ဆိုးရှား တစ်ယောက် ခေါင်းကို ကိုက်နေပါပြီ။

မန်ယူအသင်းက အသက် ၃၂ နှစ်သာ ရှိသေးတဲ့ ဂျူလီယန် နာဂျယ်မန်း ကို နည်းပြ အနေနဲ့ စိတ်ဝင်စားနေတယ် ဆိုပြီး Daily Mail ကနေ သတင်းတွေ တက်လာပါတယ်။ ဆိုးရှားကို ထုတ်ပယ်ဖို့အတွက် မန်ယူ အသင်းက ပေါင် ၇ သန်းလောက် လျော်ကြေးပေးရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ဟောဖန်ဟိန်း အသင်း ကိုကိုင်တွယ်ပြီး ဘောလုံး လောက မှာ နာမည်ရလာတဲ့ ဒီနည်းပြ ကတော့ အခုချိန်မှာ RB Leipzig ကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဆိုးရှားကို အခုချိန်ထိ ကလပ် က ထောက်ခံမှု ပေးနေပေမယ့် မန်ယူအသင်းရဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး တာထွက် အပြီးမှာတော့ ကလပ် အသင်းက တစ်ခုခု ပြင်ဆင်နေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ယူအသင်းက နည်းပြတွေ ဒေတာ အချက်အလက်ကို စတင် စုတောင်းနေပြီးတော့ နာဂျယ်မန်း က သူတို့ လိုချင်တဲ့ နည်းပြတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဆိုးရှားကို သူ့ အသင်းသားတွေ ကိုယ်တိုင်က ယုံကြည်မှု ပျောက်ဆုံးလာပြီ ဖြစ်သလို ဖန်တွေကလည်း အခုချိန်မှာ သူ့ အပေါ် သည်းခံစိတ်ကုန်ဆုံးသွားပြီဖြစ်ပါတယ်။

REF: DAILY MAIL

[Zawgyi] ဆိုးရွား တစ္ေယာက္ ဖိအားေတြ တစ္ေလွၾကီးနဲ ့ ရင္ဆိုင္ရတဲ့ အခ်ိန္မွာေတာ့ မန္ယူ အသင္းက အခုခ်ိန္မွာ ဆိုးရွား ေနရာ အစားထိုးဖို ့ နည္းျပ သစ္ရွာေဖြေနတယ္ ဆိုျပီး သတင္းေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာပါတယ္။ အက္ဒ္၀ုဒ္ကိုယ္တိုင္ က ဆိုးရွားရဲ ့ ဆိုး၀ါး လွတဲ့ ရလဒ္ေတြ အေပၚကို စိတ္ပ်က္ေနျပီ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ အပတ္မွာ နယူးကာဆယ္ အသင္းကို ၁ – ၀ မရွိနဲ ့ ရွဳံးနိမ့္ျပီးမွာေတာ့ ဆိုးရွား တစ္ေယာက္ အသင္းကေန ထုတ္ပယ္ခံရဖို ့ ေတာ္ေတာ္ကို ေရပန္းစားလာျပီ ျဖစ္ပါတယ္။ အခုခ်ိန္မွာ အင္တာေနရွင္နယ္ ပြဲေတြ ရွိသလို ဒီပြဲျပီးရင္ ထိပ္ဆုံး က လီဗာပူးနဲ ့ ရင္ဆိုင္ရမွာမလို ့ ဆိုးရွား တစ္ေယာက္ ေခါင္းကို ကိုက္ေနပါျပီ။

မန္ယူအသင္းက အသက္ ၃၂ ႏွစ္သာ ရွိေသးတဲ့ ဂ်ဴလီယန္ နာဂ်ယ္မန္း ကို နည္းျပ အေနနဲ ့ စိတ္၀င္စားေနတယ္ ဆိုျပီး Daily Mail ကေန သတင္းေတြ တက္လာပါတယ္။ ဆိုးရွားကို ထုတ္ပယ္ဖို ့အတြက္ မန္ယူ အသင္းက ေပါင္ ၇ သန္းေလာက္ ေလ်ာ္ေၾကးေပးရမွာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ရာသီမွာ ေဟာဖန္ဟိန္း အသင္း ကိုကိုင္တြယ္ျပီး ေဘာလုံး ေလာက မွာ နာမည္ရလာတဲ့ ဒီနည္းျပ ကေတာ့ အခုခ်ိန္မွာ RB Leipzig ကို ကိုင္တြယ္ေနတာျဖစ္ပါတယ္။ ဆိုးရွားကို အခုခ်ိန္ထိ ကလပ္ က ေထာက္ခံမႈ ေပးေနေပမယ့္ မန္ယူအသင္းရဲ ့ ႏွစ္ေပါင္း ၃၀ အတြင္း အဆိုး၀ါးဆုံး တာထြက္ အျပီးမွာေတာ့ ကလပ္ အသင္းက တစ္ခုခု ျပင္ဆင္ေနျပီျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ယူအသင္းက နည္းျပေတြ ေဒတာ အခ်က္အလက္ကို စတင္ စုေတာင္းေနျပီးေတာ့ နာဂ်ယ္မန္း က သူတို ့ လိုခ်င္တဲ့ နည္းျပေတြထဲက တစ္ေယာက္ျဖစ္ပါတယ္။ ဆိုးရွားကို သူ ့ အသင္းသားေတြ ကိုယ္တုိင္က ယုံၾကည္မႈ ေပ်ာက္ဆုံးလာျပီ ျဖစ္သလို ဖန္ေတြကလည္း အခုခ်ိန္မွာ သူ ့ အေပၚ သည္းခံစိတ္ကုန္ဆုံးသြားျပီျဖစ္ပါတယ္။

REF: DAILY MAIL



error: Content is protected !!