နီကိုလပ္ ပပ္ေပ – အာဆင္နယ္တုိက္စစ္ရဲ႕ ေနာက္ဆံုး အစိတ္အပိုင္း

အာဆင္နယ္အသင္းဟာ လိုင္လီအသင္းမွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့တဲ့ အိုင္ဗရီကို႔စ္ ေတာင္ပံတုိက္စစ္ကစားသမား နီကိုလပ္စ္ ပပ္ေပကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေခၚယူႏုိင္ခဲ့ျပီလို႔ ဒီလအေစာပိုင္းမွာ ေၾကညာႏုိင္ခဲ့ပါတယ္။ အေျပာင္းအေရႊ႕ကာလမွာ ေငြေၾကး သံုးစြဲမႈ မရွိဘူးလို႔ ခုေနာက္ပိုင္းႏွစ္ေတြမွာ ေဝဖန္ခံေနရတဲ့ အာဆင္နယ္အသင္းရဲ႕ အံ့အားသင့္ဖြယ္ အေျပာင္းအေရႊ႕ တစ္ခုျဖစ္ခဲ့ျပီး ပရိတ္သတ္ေတြအတြက္လည္း စိတ္လႈပ္ရွားစရာျဖစ္လာခဲ့ပါတယ္။

အိုင္ဗိုရီးယန္း ၾကယ္ပြင့္ဟာ လီဂူး – ၁ ကလပ္ လိုင္လီအသင္းနဲ႔အတူ သူ႔ရဲ႕ နာမည္ကို မွတ္ေက်ာက္တင္ေရးထိုးႏုိင္ခဲ့သူျဖစ္ပါတယ္။ ၂၂ ဂိုးသြင္း ၁၁ ဂိုးဖန္တီးဆိုတဲ့ သူ႔ရဲ႕ မွတ္တမ္းဟာ မႏွစ္ကရာသီတုန္းက ျပင္သစ္မွာ အမ္ဘက္ပီျပီးရင္ အေကာင္းဆံုးျဖစ္ခဲ့ျပီး ဥေရာပမွာဆုိရင္ေတာ့ သူ႔ထက္ သာလြန္ေအာင္ စြမ္းေဆာင္ႏုိင္သူ ၃ ဦးသာရွိခဲ့ပါတယ္။ အဲ့ထဲမွာ တစ္ဦးအပါအဝင္ျဖစ္သူက ကမၻာ့အေကာင္းဆံုးကစားသမား လိုင္ယြန္နယ္ မက္ဆီပါ။

အာဆင္နယ္ပရိတ္သတ္ေတြဟာ အေစာပိုင္းကာလေတြတုန္းက ပပ္ေပတစ္ေယာက္ အဂၤလန္မွာ ေျခစြမ္းျပသႏုိင္ဖို႔ ရံုးကန္ရမွာကို စိုးရိမ္ခဲ့ၾကပါတယ္။ အထူးသျဖင့္ ေျပာင္းေရႊ႕ေၾကးရဲ႕ ဖိအားေၾကာင့္ ရုံးကန္ရမွာကို ပရိတ္သတ္ေတြက စိုးရိမ္ခဲ့ၾကတာပါ။ ဒါေပမယ့္လည္း လီဗာပူးလ္နဲ႔ပြဲစဥ္အျပီးမွာ ပပ္ေပဟာ ဂ်င္းမဟုတ္ဘူးဆိုတာကို ပရိတ္သတ္ေတြက အျပည့္အဝ လက္ခံသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လီဗာပူးလ္အသင္းကို အေဝးကြင္းမွာ ၃-၁ ရလဒ္နဲ႔ ရံႈးနိမ့္ခဲ့ေပမယ့္လည္း နီကိုလပ္စ္ ပပ္ေပကေတာ့ အဆုိပါပြဲစဥ္မွာ ေျခစြမ္းေကာင္းျပသႏုိင္ခဲ့ပါတယ္။ အထူးသျဖင့္ တစ္ပြဲလံုးမွာ ၇ ၾကိမ္အထိ ေအာင္ေအာင္ျမင္ျမင္ လိမ္ေခါက္ျဖတ္ေက်ာ္ႏုိင္ခဲ့ျပီး လီဗာပူးလ္ ဘယ္ဘက္ျခမ္းခံစစ္က ေရာ္ဘတ္ဆင္နဲ႔ ဗန္ဒိုက္ခ်္တို႔ကို ဖိအားေကာင္းေကာင္းေပးႏုိင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ပြဲ ၅၀ ဆက္တုိက္ လိမ္ေခါက္ျဖတ္ေက်ာ္ျခင္းမခံခဲ့ရတဲ့ ဗန္ဒိုက္ခ်္တစ္ေယာက္ ပပ္ေပနဲ႔ရင္ဆုိင္အေတြ႕မွာေတာ့ စံခ်ိန္က်ိဳးပ်က္ျပီး ဖင္ထုိင္ေမ့ခဲ့ပါေတာ့တယ္။ သူ႔ရဲ႕ လိမ္ေခါက္ျဖတ္ေက်ာ္မႈ ၇ ၾကိမ္ဆိုတဲ့ႏႈန္းဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္မွာ အျမင့္မားဆံုး စြမ္းေဆာင္ရည္လည္းျဖစ္လာခဲ့ပါတယ္။

ခံစစ္မွဴးတုိင္းရဲ႕ အိပ္မက္ဆိုး

ေဒတာအခ်က္အလက္ေတြကို ေဝေဝဆာဆာေဖာ္ျပတတ္တာေၾကာင့္ နာမည္ေက်ာ္တဲ့ Squawka သတင္းဌာနကေတာ့ ပပ္ေပဟာ အာဆင္နယ္အသင္းနဲ႔ ရင္ဆုိင္ရမယ့္ ခံစစ္မွဴးတုိင္းရဲ႕ အိပ္မက္ဆိုးျဖစ္တယ္လုိ႔ သံုးသပ္လုိက္ပါတယ္။

ယခုလို သံုးသပ္လုိက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ပပ္ေပရဲ႕ တစ္ဦးခ်င္းအရည္အေသြး၊ ဂိုးသြင္းစြမ္းရည္၊ ပါးနပ္မႈနဲ႔ အလိမ္အေခါက္စြမ္းရည္ေတြေၾကာင့္ျဖစ္ပါတယ္။ နီကိုလပ္စ္ ပပ္ေပဟာ အာဆင္နယ္အသင္းအတြက္ ၃ ပြဲပါဝင္ကစားေပးထားေပမယ့္ ပြဲထြက္ကစားသမားအျဖစ္ တစ္ပြဲသာ ပါဝင္ကစားခြင့္ ရရွိထားေသးပါတယ္။ ဒါေပမယ့္ လက္ရွိရာသီ ပရီးမီးယားလိဂ္ရဲ႕ လိမ္ေခါက္မႈ အေကာင္းဆံုးကစားသမားစာရင္းမွာ သူက ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။ ပပ္ေပဟာ တစ္ပြဲ ပ်မ္းမွ် ၃.၇ ၾကိမ္ လိမ္ေခါက္ေနျပီး သူ႔ရဲ႕ ေနာက္မွာေတာ့ ဝီးလ္ဖရက္ဒ္ ဇာဟာ (၃.၃) နဲ႔ အန္တုိနီ မာရွယ္ (၃.၀) တို႔ အစဥ္လိုက္ ရပ္တည္ေနပါတယ္။ အဆုိပါကစားသမား ၂ ဦးလံုးဟာ သူ႔ထက္ ပြဲကစားခ်ိန္ ၂ ဆ နီးပါးပိုမ်ားသူေတြျဖစ္ၾကပါတယ္။

ပပ္ေပရဲ႕ အစြမ္းက ဒီမွာတင္ျပီးမသြားပါဘူး။ လက္ရွိ ပရီးမီးယားလိဂ္မွာ ျပိဳင္ဘက္ကို တစ္ဦးခ်င္း ရင္ဆုိင္ျဖတ္ေက်ာ္ႏုိင္စြမ္း အျမင့္ဆံုးကစားသမားအျဖစ္လည္း ရပ္တည္ေနျပန္ပါတယ္။ ပရီးမီးယားလိဂ္မွာ ပြဲခ်ိန္ ၁၅၄ မိနစ္သာ ကစားထားတဲ့ ပပ္ေပဟာ ျပိဳင္ဘက္ကစားသမားကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္မႈ ၁၁ ၾကိမ္ျပဳလုပ္ထားပါတယ္။ သူနဲ႔ အေရအတြက္တူ စြမ္းေဆာင္ျပထားတာက ဂ်ိမ္းစ္ မက္ဒီဆင္နဲ႔ မက္တီယို ကိုဗာခ်စ္တို႔ျဖစ္ၾကေပမယ့္ အိုင္ဗရီကို႔စ္သားက ပြဲကစားခ်ိန္ပိုနည္းတာမို႔ ပပ္ေပက ထိပ္ဆံုးက ဦးေဆာင္ေနတာျဖစ္ပါတယ္။ မွတ္တမ္းေတြအရ ပပ္ေပဟာ မိနစ္ ၉၀ တိုင္းမွာ ျဖတ္ေက်ာ္မႈ ၆.၄၃ ၾကိမ္ျပဳလုပ္ေနျပီး ေအာင္ျမင္မႈက ၆၄.၇% ရွိပါတယ္။

မႏွစ္က ရာသီတုန္းက တစ္ရာသီလံုးမွာ တစ္ဦးခ်င္ ရင္ဆုိင္ျဖတ္ေက်ာ္မႈ ၁၀၁ ၾကိမ္ျပဳလုပ္ခဲ့ျပီး ဥေရာပရဲ႕ တတိယေျမာက္ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈႏႈန္း အျမင့္ဆံုးကစားသမားတစ္ေယာက္အတြက္ေတာ့ အဖြင့္လွခဲ့တယ္လုိ႔ ဆိုရမွာပါ။

ထက္ျမက္တဲ့ တုိက္စစ္ ေနာက္ကြယ္က အားနည္းခ်က္

ပါဝင္ကစားခဲ့တဲ့ ပြဲခ်ိန္ ၁၅၄ မိနစ္အတြင္းမွာ ပပ္ေပတစ္ေယာက္ ျပိဳင္ဘက္ကို ျဖတ္ေက်ာ္ဖို႔ ၾကိဳးစားခဲ့တဲ့ အၾကိမ္အေရအတြက္က ၁၇ ၾကိမ္အထိ ရွိပါတယ္။ အာဆင္နယ္ကစားသမားေတြထဲမွာ ဘယ္သူမွ လုိက္မမွီတဲ့ ႏႈန္းျဖစ္ပါတယ္။ ဒီအခ်က္ဟာ အာဆင္နယ္အသင္းနည္းျပ အူႏုိင္း အမ္မရီက နီကိုလပ္စ္ ပပ္ေပကို ေခၚယူဖို႔ ဆံုးျဖတ္လုိက္ရတဲ့ အဓိက အေၾကာင္းအရင္းလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယမန္ႏွစ္ရာသီတုန္းက အဓိက တုိက္စစ္ကစားသမား ၂ ဦးျဖစ္တဲ့ အူဘာမီယန္းနဲ႔ လာကာဇက္တို႔ကို တုိက္စစ္ျမွားဦးမွာထားျပီး သူတို႔ ၂ ဦးရဲ႕ ရုံးကန္အား တစ္မ်ိဳးတည္းနဲ႔ ဂိုးရွာေဖြခဲ့တာျဖစ္ပါတယ္။ သူတို႔ ၂ ဦးကလည္း နည္းျပ အမ္မရီ စိတ္ၾကိဳက္ ေျခစြမ္းမ်ိဳးထုတ္ျပႏုိင္ခဲ့ၾကျပီး ႏွစ္ေယာက္ေပါင္း သြင္းဂိုး ၄၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၇ ၾကိမ္ျပဳလုပ္ႏုိင္ခဲ့ၾကပါတယ္။ ဒါေပမယ္လည္း ထက္ျမက္တဲ့ ေတာင္ပံတုိက္စစ္ကစားသမား အားနည္းမႈက အာဆင္နယ္အသင္းကို ေရရွည္မွာ ဒုကၡေပးခဲ့ျပီး အသင္းရဲ႕ အေရးပါတဲ့ အဆံုးအျဖတ္ကာလေတြမွာ (အထူးသျဖင့္ အေဝးကြင္းမွာ) နည္းဗ်ဴဟာ အလွည့္အေျပာင္းျပဳလုပ္ဖို႔ အခက္ၾကံဳေစခဲ့သလို အူဘာမီယန္းနဲ႔ လာကာဇက္တို႔ ရံုးကန္ရခ်ိန္ေတြမွာ အသင္းဟာလည္း ႏိုင္ပြဲေတြနဲ႔ ေဝးကြာခဲ့ရပါတယ္။

အာဆင္နယ္ဟာ ယမန္ႏွစ္ရာသီ ေနာက္ဆံုး ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲရံႈးျပီး ၁ ပြဲသေရက်ခဲ့ပါတယ္။ အဆုိပါပဲြစဥ္ ၆ ပြဲမွာ အူဘာမီယန္းတစ္ေယာက္ သြင္းဂိုး ၅ ဂိုးအထိ သြင္းယူႏုိင္ခဲ့ေပမယ့္ ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္ ၄ ပြဲထဲမွာေတာ့ ခရစၥတယ္ပဲေလ့စ္တစ္သင္းကိုသာ ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ လာကာဇက္ကေတာ့ တစ္ဂိုးမွ မသြင္းယူႏုိင္ခဲ့ပါဘူး။ ဒါေၾကာင့္လည္း အာဆင္နယ္အသင္းဟာ ခံစစ္ပိုင္းမွာ အားနည္းခ်က္ေတြ ရွိေနတာမွန္ေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ယူရိုပါလိဂ္ဖလားေတြကို လက္လႊတ္လုိက္တာဟာ တုိက္စစ္မွာ အလွည့္အေျပာင္းလုပ္စရာ ကစားသမားမရွိတာေၾကာင့္လုိ႔ ရာသီကုန္မွာ ကၽြမ္းက်င္သူေတြက သံုးသပ္ခဲ့ၾကတာပါ။ အေဝးကြင္းမွာဆို ေျခစြမ္းမတည္ျငိမ္တတ္တဲ့ အာဆင္နယ္အသင္းဟာ တုိက္စစ္ပိုင္း နည္းဗ်ဴဟာ အေျပာင္းအလဲလုပ္စရာ ကစားသမားအလံုအေလာက္ မရွိတာေၾကာင့္ ပိုမိုရံုးကန္ခဲ့ရတဲ့ သေဘာပါ။

ဒါေၾကာင့္လည္း အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ေတာင္ပံတုိက္စစ္ကို ျဖည့္တင္းဖို႔ အျပင္းအထန္ ၾကိဳးပမ္းခဲ့ျပီး နီကိုလပ္စ္ ပပ္ေပအျပင္ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ ဂါဘရီယယ္ မာတီနယ္လီကိုပါ ေခၚယူျဖည့္တင္းခဲ့ပါေတာ့တယ္။

သက္ေရာက္မႈမ်ား

ဒီလို ေမွ်ာ္လင့္ခ်က္ခပ္ၾကီးၾကီးနဲ႔ ေခၚယူခံခဲ့ရတဲ့ ပပ္ေပတစ္ေယာက္ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ လိမ္ေခါက္မႈ ၇ ၾကိမ္ေအာင္ျမင္ေအာင္ စြမ္းေဆာင္ျပခဲ့တာဟာ ၂၀၁၈ ခုႏွစ္ မတ္လ ေနာက္ပိုင္း အာဆင္နယ္ကစားသမားေတြထဲက ပထမဆံုးအၾကိမ္ ျပန္လည္စြမ္းေဆာင္ျပႏုိင္ခဲ့တာျဖစ္ပါတယ္။ ပထမတစ္ၾကိမ္ကိုေတာ့ ဂ်က္ ဝီလ္ရွီးယားက ဘရိုက္တန္အသင္းနဲ႔ ပြဲစဥ္မွာ စြမ္းေဆာင္ျပခဲ့တာပါ။

ပပ္ေပဟာ သူဘယ္လို ကစားသမားလဲဆုိတာကို ကမၻာ့အေကာင္းဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကစားသမားေတြနဲ႔ ရင္ဆုိင္ျပီး သက္ေသျပႏုိင္ခဲ့တာမို႔ မီဒီယာေတြက ခ်ီးမြမ္းခဲ့ၾကပါတယ္။ ၂၀၁၈ မတ္လေနာက္ပိုင္း လိမ္ေခါက္ျဖတ္ေက်ာ္ႏုိင္သူမရွိေတာ့တဲ့ မွတ္တမ္းမ်ိဳး ေရးထိုးထားတဲ့ ဗန္ဒိုက္ခ်္ကို ျဖတ္ေက်ာ္ျပခဲ့တာမ်ိဳးေပါ့။ အဲ့ဒီတုန္းက ဗန္ဒိုက္ခ်္ကို လိမ္ေခါက္ျဖတ္ေက်ာ္ျပခဲ့ဖူးသူက နယူးကာဆယ္ကစားသမား မိုက္ကယ္ မီရီႏိုပါ။

ပပ္ေပရဲ႕ အစြမ္းဟာ ဒီမွာတင္ ရပ္တန္႔မသြားပဲ အသင္းလိုက္ကစားပံုေပၚမွာပါ သက္ေရာက္မႈရွိခဲ့ပါတယ္။ ဗန္ဒိုက္ခ်္ဟာ အဲ့ဒီပြဲမွာ ေနာက္ထပ္ အာဆင္နယ္ကစားသမားတစ္ေယာက္ရဲ႕ လိမ္ေခါက္ျဖတ္ေက်ာ္မႈကိုပါ ခံခဲ့ရျပီး အဲဒါကေတာ့ လာကာဇက္ပါ။ လာကာဇက္ကို မ်က္စိမွိတ္ထားခ်ိန္မွာေတာင္ ရွာေတြ႕ႏုိင္တယ္လုိ႔ ေျပာဆိုထားတဲ့ ပပ္ေပဟာ ျပင္သစ္သား ကြင္းထဲဝင္လာခ်ိန္မွာ အမွန္တကယ္ အလုပ္ျဖစ္တဲ့ တုိက္စစ္တြဲလံုးေတြကို ျပသႏုိင္ခဲ့ျပီး လီဗာပူးလ္ခံစစ္တန္းကို ထိထိေရာက္ေရာက္ ခ်ိန္းေျခာက္ႏုိင္ခဲ့ပါတယ္။ အာဆင္နယ္အသင္း ေခ်ပဂိုး တစ္ဂိုး ျပန္လည္ရရွိခဲ့တာဟာလည္း အဲ့ဒီအခ်ိန္မွာပါပဲ။

ထိုက္တန္မႈကို သက္ေသျပႏိုင္မလား

ခုခ်ိန္မွာ ပပ္ေပရဲ႕ ေျခစြမ္းအေပၚ သံသယစိတ္ကင္းကင္းနဲ႔ ၾကည့္ႏုိင္ျပီလို႔ ကၽြန္ေတာ္ေတာ့ ယံုၾကည္ပါတယ္။ သူဟာ အာဆင္နယ္တုိက္စစ္မွာ အူဘာမီယန္း၊ လာကာဇက္တို႔နဲ႔ တြဲဖက္ျပီး ထိေရာက္အားေကာင္းတဲ့ တုိက္စစ္ကစားဟန္ကို ဖန္တီးႏုိင္မယ့္ကစားသမားဆိုတာ ေသခ်ာပါတယ္။ မႏွစ္ကရာသီကလို ဂိုးသြင္းေျခစြမ္းမ်ိဳး ရႏုိင္ဖို႔အထိ ေမွ်ာ္လင့္မယ္ဆိုရင္ ေမွ်ာ္လင့္ႏိုင္ပါေသးတယ္။

လီဗာပူးလ္နဲ႔ပြဲစဥ္မွာ အာဆင္နယ္အသင္း ဦးေဆာင္ဂိုးရႏိုင္ေလာက္တဲ့ ဂိုးသြင္းအခြင့္အေရး ၂ ၾကိမ္ကို လြဲေခ်ာ္ခဲ့ေပမယ့္ ပပ္ေပရဲ႕ ဂိုးသြင္းအရည္အေသြးအေပၚ သံသယဝင္စရာမရွိပါဘူး။ သူဟာ တကယ္ဂိုးသြင္းေကာင္းမြန္သူတစ္ေယာက္ပါ။ ပပ္ေပအေနနဲ႔ အဆုိပါပြဲစဥ္မွာ ဂိုးေပါက္ ကန္သြင္းမႈ ၄ ၾကိမ္အထိ ျပဳလုပ္ခဲ့ျပီး အာဆင္နယ္အသင္းသားေတြထဲမွာ ပြဲစဥ္တစ္ပြဲအတြင္း ကန္သြင္းခ်က္အမ်ားဆံုးပဲ ျဖစ္ပါတယ္။

ပပ္ေပရဲ႕ ေနာက္ထပ္ မွတ္သားေလာက္ဖြယ္ စြမ္းေဆာင္ရည္ကေတာ့ သူ႔အေနနဲ႔ သြင္းဂိုး သြင္းယူႏိုင္ျခင္း မရွိေသးေပမယ့္ ဂိုးသြင္းခြင့္အခြင့္အေရး ဖန္တီးမႈ ၄ ၾကိမ္အထိ ျပဳလုပ္ထားႏုိင္တာပါပဲ။ လက္ရွိအခ်ိန္မွာ သူ႔ရဲ႕ ဖန္တီးေပးပို႔ခ်က္ေတြကို တုိက္စစ္တြဲဖက္ေတြက ဂိုးအျဖစ္ ေျပာင္းလဲႏုိင္ခဲ့ၾကျခင္းမရွိေသးေပမယ့္ မၾကာခင္မွာ သြင္းဂိုးေတြအျဖစ္ ျမင္ရေတာ့မယ္ဆိုတာကေတာ့ ေသခ်ာေနပါတယ္။ ဒါေပမယ့္ေျပာစရာရွိတာေတာ့ လီဗာပူးလ္နဲ႔ ပြဲစဥ္မွာ မိနစ္ ၉၀ အျပည့္ဝင္ကစားခဲ့ေပမယ့္ ဂိုးသြင္းခြင့္အခြင့္အေရး ဖန္တီးမႈ ၁ ၾကိမ္သာျပဳလုပ္ျပႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ သူ႔အေနနဲ႔ ယခုတစ္ပတ္ကစားမယ့္ စပါးနဲ႔ ပြဲစဥ္မွာ ယခုထက္ပိုတဲ့ စြမ္းေဆာင္ရည္ကိုျပသႏုိင္ဖို႔ေတာ့ လိုအပ္ေနပါတယ္။

ျခံဳငံုၾကည့္မယ္ဆိုရင္ အာဆင္နယ္အသင္းဟာ မႏွစ္က ရာသီတုန္းက အသင္းရဲ႕ အားနည္းခ်က္ကို ျပည့္ျပည့္ဝဝ အင္အားျဖည့္တင္းခဲ့တာျဖစ္ျပီး အသင္းအတြက္ ဘယ္ေလာက္အတုိင္းအတာအထိ ျပန္လည္အက်ိဳးျဖစ္ထြန္းလာမလဲဆိုတာကေတာ့ ပြဲစဥ္တစ္ပြဲခ်င္းစီမွာ ေစာင့္ၾကည့္သြားရဦးမွာပါ။

(ယခုေဆာင္းပါးကို The Daily Gooners မွာ ပံ့ပိုးပါသည္)

 

 

[UNICODE] အာဆင်နယ်အသင်းဟာ လိုင်လီအသင်းမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ အိုင်ဗရီကို့စ် တောင်ပံတိုက်စစ်ကစားသမား နီကိုလပ်စ် ပပ်ပေကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဒီလအစောပိုင်းမှာ ကြေညာနိုင်ခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလမှာ ငွေကြေး သုံးစွဲမှု မရှိဘူးလို့ ခုနောက်ပိုင်းနှစ်တွေမှာ ဝေဖန်ခံနေရတဲ့ အာဆင်နယ်အသင်းရဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ တစ်ခုဖြစ်ခဲ့ပြီး ပရိတ်သတ်တွေအတွက်လည်း စိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပါတယ်။

အိုင်ဗိုရီးယန်း ကြယ်ပွင့်ဟာ လီဂူး – ၁ ကလပ် လိုင်လီအသင်းနဲ့အတူ သူ့ရဲ့ နာမည်ကို မှတ်ကျောက်တင်ရေးထိုးနိုင်ခဲ့သူဖြစ်ပါတယ်။ ၂၂ ဂိုးသွင်း ၁၁ ဂိုးဖန်တီးဆိုတဲ့ သူ့ရဲ့ မှတ်တမ်းဟာ မနှစ်ကရာသီတုန်းက ပြင်သစ်မှာ အမ်ဘက်ပီပြီးရင် အကောင်းဆုံးဖြစ်ခဲ့ပြီး ဥရောပမှာဆိုရင်တော့ သူ့ထက် သာလွန်အောင် စွမ်းဆောင်နိုင်သူ ၃ ဦးသာရှိခဲ့ပါတယ်။ အဲ့ထဲမှာ တစ်ဦးအပါအဝင်ဖြစ်သူက ကမ္ဘာ့အကောင်းဆုံးကစားသမား လိုင်ယွန်နယ် မက်ဆီပါ။

အာဆင်နယ်ပရိတ်သတ်တွေဟာ အစောပိုင်းကာလတွေတုန်းက ပပ်ပေတစ်ယောက် အင်္ဂလန်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုံးကန်ရမှာကို စိုးရိမ်ခဲ့ကြပါတယ်။ အထူးသဖြင့် ပြောင်းရွှေ့ကြေးရဲ့ ဖိအားကြောင့် ရုံးကန်ရမှာကို ပရိတ်သတ်တွေက စိုးရိမ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း လီဗာပူးလ်နဲ့ပွဲစဉ်အပြီးမှာ ပပ်ပေဟာ ဂျင်းမဟုတ်ဘူးဆိုတာကို ပရိတ်သတ်တွေက အပြည့်အဝ လက်ခံသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို အဝေးကွင်းမှာ ၃-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း နီကိုလပ်စ် ပပ်ပေကတော့ အဆိုပါပွဲစဉ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ အထူးသဖြင့် တစ်ပွဲလုံးမှာ ၇ ကြိမ်အထိ အောင်အောင်မြင်မြင် လိမ်ခေါက်ဖြတ်ကျော်နိုင်ခဲ့ပြီး လီဗာပူးလ် ဘယ်ဘက်ခြမ်းခံစစ်က ရော်ဘတ်ဆင်နဲ့ ဗန်ဒိုက်ချ်တို့ကို ဖိအားကောင်းကောင်းပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲ ၅၀ ဆက်တိုက် လိမ်ခေါက်ဖြတ်ကျော်ခြင်းမခံခဲ့ရတဲ့ ဗန်ဒိုက်ချ်တစ်ယောက် ပပ်ပေနဲ့ရင်ဆိုင်အတွေ့မှာတော့ စံချိန်ကျိုးပျက်ပြီး ဖင်ထိုင်မေ့ခဲ့ပါတော့တယ်။ သူ့ရဲ့ လိမ်ခေါက်ဖြတ်ကျော်မှု ၇ ကြိမ်ဆိုတဲ့နှုန်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အမြင့်မားဆုံး စွမ်းဆောင်ရည်လည်းဖြစ်လာခဲ့ပါတယ်။

ခံစစ်မှူးတိုင်းရဲ့ အိပ်မက်ဆိုး

ဒေတာအချက်အလက်တွေကို ဝေဝေဆာဆာဖော်ပြတတ်တာကြောင့် နာမည်ကျော်တဲ့ Squawka သတင်းဌာနကတော့ ပပ်ပေဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ခံစစ်မှူးတိုင်းရဲ့ အိပ်မက်ဆိုးဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ယခုလို သုံးသပ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ပပ်ပေရဲ့ တစ်ဦးချင်းအရည်အသွေး၊ ဂိုးသွင်းစွမ်းရည်၊ ပါးနပ်မှုနဲ့ အလိမ်အခေါက်စွမ်းရည်တွေကြောင့်ဖြစ်ပါတယ်။ နီကိုလပ်စ် ပပ်ပေဟာ အာဆင်နယ်အသင်းအတွက် ၃ ပွဲပါဝင်ကစားပေးထားပေမယ့် ပွဲထွက်ကစားသမားအဖြစ် တစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသေးပါတယ်။ ဒါပေမယ့် လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ လိမ်ခေါက်မှု အကောင်းဆုံးကစားသမားစာရင်းမှာ သူက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ပပ်ပေဟာ တစ်ပွဲ ပျမ်းမျှ ၃.၇ ကြိမ် လိမ်ခေါက်နေပြီး သူ့ရဲ့ နောက်မှာတော့ ဝီးလ်ဖရက်ဒ် ဇာဟာ (၃.၃) နဲ့ အန်တိုနီ မာရှယ် (၃.ဝ) တို့ အစဉ်လိုက် ရပ်တည်နေပါတယ်။ အဆိုပါကစားသမား ၂ ဦးလုံးဟာ သူ့ထက် ပွဲကစားချိန် ၂ ဆ နီးပါးပိုများသူတွေဖြစ်ကြပါတယ်။

ပပ်ပေရဲ့ အစွမ်းက ဒီမှာတင်ပြီးမသွားပါဘူး။ လက်ရှိ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကို တစ်ဦးချင်း ရင်ဆိုင်ဖြတ်ကျော်နိုင်စွမ်း အမြင့်ဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေပြန်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲချိန် ၁၅၄ မိနစ်သာ ကစားထားတဲ့ ပပ်ပေဟာ ပြိုင်ဘက်ကစားသမားကို အောင်မြင်စွာ ဖြတ်ကျော်မှု ၁၁ ကြိမ်ပြုလုပ်ထားပါတယ်။ သူနဲ့ အရေအတွက်တူ စွမ်းဆောင်ပြထားတာက ဂျိမ်းစ် မက်ဒီဆင်နဲ့ မက်တီယို ကိုဗာချစ်တို့ဖြစ်ကြပေမယ့် အိုင်ဗရီကို့စ်သားက ပွဲကစားချိန်ပိုနည်းတာမို့ ပပ်ပေက ထိပ်ဆုံးက ဦးဆောင်နေတာဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ပပ်ပေဟာ မိနစ် ၉၀ တိုင်းမှာ ဖြတ်ကျော်မှု ၆.၄၃ ကြိမ်ပြုလုပ်နေပြီး အောင်မြင်မှုက ၆၄.၇% ရှိပါတယ်။

မနှစ်က ရာသီတုန်းက တစ်ရာသီလုံးမှာ တစ်ဦးချင် ရင်ဆိုင်ဖြတ်ကျော်မှု ၁၀၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဥရောပရဲ့ တတိယမြောက် တစ်ဦးချင်းဖြတ်ကျော်မှုနှုန်း အမြင့်ဆုံးကစားသမားတစ်ယောက်အတွက်တော့ အဖွင့်လှခဲ့တယ်လို့ ဆိုရမှာပါ။

ထက်မြက်တဲ့ တိုက်စစ် နောက်ကွယ်က အားနည်းချက်

ပါဝင်ကစားခဲ့တဲ့ ပွဲချိန် ၁၅၄ မိနစ်အတွင်းမှာ ပပ်ပေတစ်ယောက် ပြိုင်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တဲ့ အကြိမ်အရေအတွက်က ၁၇ ကြိမ်အထိ ရှိပါတယ်။ အာဆင်နယ်ကစားသမားတွေထဲမှာ ဘယ်သူမှ လိုက်မမှီတဲ့ နှုန်းဖြစ်ပါတယ်။ ဒီအချက်ဟာ အာဆင်နယ်အသင်းနည်းပြ အူနိုင်း အမ်မရီက နီကိုလပ်စ် ပပ်ပေကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယမန်နှစ်ရာသီတုန်းက အဓိက တိုက်စစ်ကစားသမား ၂ ဦးဖြစ်တဲ့ အူဘာမီယန်းနဲ့ လာကာဇက်တို့ကို တိုက်စစ်မြှားဦးမှာထားပြီး သူတို့ ၂ ဦးရဲ့ ရုံးကန်အား တစ်မျိုးတည်းနဲ့ ဂိုးရှာဖွေခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ ဦးကလည်း နည်းပြ အမ်မရီ စိတ်ကြိုက် ခြေစွမ်းမျိုးထုတ်ပြနိုင်ခဲ့ကြပြီး နှစ်ယောက်ပေါင်း သွင်းဂိုး ၄၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဒါပေမယ်လည်း ထက်မြက်တဲ့ တောင်ပံတိုက်စစ်ကစားသမား အားနည်းမှုက အာဆင်နယ်အသင်းကို ရေရှည်မှာ ဒုက္ခပေးခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ အဆုံးအဖြတ်ကာလတွေမှာ (အထူးသဖြင့် အဝေးကွင်းမှာ) နည်းဗျူဟာ အလှည့်အပြောင်းပြုလုပ်ဖို့ အခက်ကြုံစေခဲ့သလို အူဘာမီယန်းနဲ့ လာကာဇက်တို့ ရုံးကန်ရချိန်တွေမှာ အသင်းဟာလည်း နိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ရပါတယ်။

အာဆင်နယ်ဟာ ယမန်နှစ်ရာသီ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲရှုံးပြီး ၁ ပွဲသရေကျခဲ့ပါတယ်။ အဆိုပါပွဲစဉ် ၆ ပွဲမှာ အူဘာမီယန်းတစ်ယောက် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၄ ပွဲထဲမှာတော့ ခရစ္စတယ်ပဲလေ့စ်တစ်သင်းကိုသာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လာကာဇက်ကတော့ တစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာမှန်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ယူရိုပါလိဂ်ဖလားတွေကို လက်လွှတ်လိုက်တာဟာ တိုက်စစ်မှာ အလှည့်အပြောင်းလုပ်စရာ ကစားသမားမရှိတာကြောင့်လို့ ရာသီကုန်မှာ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြတာပါ။ အဝေးကွင်းမှာဆို ခြေစွမ်းမတည်ငြိမ်တတ်တဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်း နည်းဗျူဟာ အပြောင်းအလဲလုပ်စရာ ကစားသမားအလုံအလောက် မရှိတာကြောင့် ပိုမိုရုံးကန်ခဲ့ရတဲ့ သဘောပါ။

ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ တောင်ပံတိုက်စစ်ကို ဖြည့်တင်းဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပြီး နီကိုလပ်စ် ပပ်ပေအပြင် ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီကိုပါ ခေါ်ယူဖြည့်တင်းခဲ့ပါတော့တယ်။

သက်ရောက်မှုများ

ဒီလို မျှော်လင့်ချက်ခပ်ကြီးကြီးနဲ့ ခေါ်ယူခံခဲ့ရတဲ့ ပပ်ပေတစ်ယောက် လီဗာပူးလ်နဲ့ပွဲစဉ်မှာ လိမ်ခေါက်မှု ၇ ကြိမ်အောင်မြင်အောင် စွမ်းဆောင်ပြခဲ့တာဟာ ၂၀၁၈ ခုနှစ် မတ်လ နောက်ပိုင်း အာဆင်နယ်ကစားသမားတွေထဲက ပထမဆုံးအကြိမ် ပြန်လည်စွမ်းဆောင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမတစ်ကြိမ်ကိုတော့ ဂျက် ဝီလ်ရှီးယားက ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ စွမ်းဆောင်ပြခဲ့တာပါ။

ပပ်ပေဟာ သူဘယ်လို ကစားသမားလဲဆိုတာကို ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ပြီး သက်သေပြနိုင်ခဲ့တာမို့ မီဒီယာတွေက ချီးမွမ်းခဲ့ကြပါတယ်။ ၂၀၁၈ မတ်လနောက်ပိုင်း လိမ်ခေါက်ဖြတ်ကျော်နိုင်သူမရှိတော့တဲ့ မှတ်တမ်းမျိုး ရေးထိုးထားတဲ့ ဗန်ဒိုက်ချ်ကို ဖြတ်ကျော်ပြခဲ့တာမျိုးပေါ့။ အဲ့ဒီတုန်းက ဗန်ဒိုက်ချ်ကို လိမ်ခေါက်ဖြတ်ကျော်ပြခဲ့ဖူးသူက နယူးကာဆယ်ကစားသမား မိုက်ကယ် မီရီနိုပါ။

ပပ်ပေရဲ့ အစွမ်းဟာ ဒီမှာတင် ရပ်တန့်မသွားပဲ အသင်းလိုက်ကစားပုံပေါ်မှာပါ သက်ရောက်မှုရှိခဲ့ပါတယ်။ ဗန်ဒိုက်ချ်ဟာ အဲ့ဒီပွဲမှာ နောက်ထပ် အာဆင်နယ်ကစားသမားတစ်ယောက်ရဲ့ လိမ်ခေါက်ဖြတ်ကျော်မှုကိုပါ ခံခဲ့ရပြီး အဲဒါကတော့ လာကာဇက်ပါ။ လာကာဇက်ကို မျက်စိမှိတ်ထားချိန်မှာတောင် ရှာတွေ့နိုင်တယ်လို့ ပြောဆိုထားတဲ့ ပပ်ပေဟာ ပြင်သစ်သား ကွင်းထဲဝင်လာချိန်မှာ အမှန်တကယ် အလုပ်ဖြစ်တဲ့ တိုက်စစ်တွဲလုံးတွေကို ပြသနိုင်ခဲ့ပြီး လီဗာပူးလ်ခံစစ်တန်းကို ထိထိရောက်ရောက် ချိန်းခြောက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်း ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့တာဟာလည်း အဲ့ဒီအချိန်မှာပါပဲ။

ထိုက်တန်မှုကို သက်သေပြနိုင်မလား

ခုချိန်မှာ ပပ်ပေရဲ့ ခြေစွမ်းအပေါ် သံသယစိတ်ကင်းကင်းနဲ့ ကြည့်နိုင်ပြီလို့ ကျွန်တော်တော့ ယုံကြည်ပါတယ်။ သူဟာ အာဆင်နယ်တိုက်စစ်မှာ အူဘာမီယန်း၊ လာကာဇက်တို့နဲ့ တွဲဖက်ပြီး ထိရောက်အားကောင်းတဲ့ တိုက်စစ်ကစားဟန်ကို ဖန်တီးနိုင်မယ့်ကစားသမားဆိုတာ သေချာပါတယ်။ မနှစ်ကရာသီကလို ဂိုးသွင်းခြေစွမ်းမျိုး ရနိုင်ဖို့အထိ မျှော်လင့်မယ်ဆိုရင် မျှော်လင့်နိုင်ပါသေးတယ်။

လီဗာပူးလ်နဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်း ဦးဆောင်ဂိုးရနိုင်လောက်တဲ့ ဂိုးသွင်းအခွင့်အရေး ၂ ကြိမ်ကို လွဲချော်ခဲ့ပေမယ့် ပပ်ပေရဲ့ ဂိုးသွင်းအရည်အသွေးအပေါ် သံသယဝင်စရာမရှိပါဘူး။ သူဟာ တကယ်ဂိုးသွင်းကောင်းမွန်သူတစ်ယောက်ပါ။ ပပ်ပေအနေနဲ့ အဆိုပါပွဲစဉ်မှာ ဂိုးပေါက် ကန်သွင်းမှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းသားတွေထဲမှာ ပွဲစဉ်တစ်ပွဲအတွင်း ကန်သွင်းချက်အများဆုံးပဲ ဖြစ်ပါတယ်။

ပပ်ပေရဲ့ နောက်ထပ် မှတ်သားလောက်ဖွယ် စွမ်းဆောင်ရည်ကတော့ သူ့အနေနဲ့ သွင်းဂိုး သွင်းယူနိုင်ခြင်း မရှိသေးပေမယ့် ဂိုးသွင်းခွင့်အခွင့်အရေး ဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်တာပါပဲ။ လက်ရှိအချိန်မှာ သူ့ရဲ့ ဖန်တီးပေးပို့ချက်တွေကို တိုက်စစ်တွဲဖက်တွေက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ကြခြင်းမရှိသေးပေမယ့် မကြာခင်မှာ သွင်းဂိုးတွေအဖြစ် မြင်ရတော့မယ်ဆိုတာကတော့ သေချာနေပါတယ်။ ဒါပေမယ့်ပြောစရာရှိတာတော့ လီဗာပူးလ်နဲ့ ပွဲစဉ်မှာ မိနစ် ၉၀ အပြည့်ဝင်ကစားခဲ့ပေမယ့် ဂိုးသွင်းခွင့်အခွင့်အရေး ဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ယခုတစ်ပတ်ကစားမယ့် စပါးနဲ့ ပွဲစဉ်မှာ ယခုထက်ပိုတဲ့ စွမ်းဆောင်ရည်ကိုပြသနိုင်ဖို့တော့ လိုအပ်နေပါတယ်။

ခြုံငုံကြည့်မယ်ဆိုရင် အာဆင်နယ်အသင်းဟာ မနှစ်က ရာသီတုန်းက အသင်းရဲ့ အားနည်းချက်ကို ပြည့်ပြည့်ဝဝ အင်အားဖြည့်တင်းခဲ့တာဖြစ်ပြီး အသင်းအတွက် ဘယ်လောက်အတိုင်းအတာအထိ ပြန်လည်အကျိုးဖြစ်ထွန်းလာမလဲဆိုတာကတော့ ပွဲစဉ်တစ်ပွဲချင်းစီမှာ စောင့်ကြည့်သွားရဦးမှာပါ။

(ယခုဆောင်းပါးကို The Daily Gooners မှာ ပံ့ပိုးပါသည်)



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!