မန္ယူႏုိက္တက္သတင္းတိုမ်ား ၂၃၊ ၇၊ ၂၀၁၉

[ZawGyi]
၁။ မားကို႔စ္ရိုဟိုကို ေခၚယူမယ္ဆိုတဲ့ ဖီနာဘာခ်ီအသင္းက သူတို႔ရဲ႕ မန္ယူႏုိက္တက္ကစားသမားအေပၚ စိတ္ဝင္စားမႈမရိွလို႔ တံု႔ျပန္ခဲ့တဲ့အတြက္ အာဂ်င္တုိင္းသားရဲ႕အနာဂတ္က မေရမရာ ျဖစ္လာျပန္ပါတယ္။

၂။ ေနာက္ခံလူ အာရြန္ဝမ္ဘစ္ဆာကာကေတာ့ သူ႔အေနနဲ႔ ေဘာလံုးလုယူရတာကို ၾကိဳႏွစ္သက္တဲ့အတြက္ ပြဲတိုင္းမွာ ေဘာလံုးလုယူမႈအၾကိမ္ေရအမ်ားဆံုးျဖစ္ေအာင္ ၾကိဳးစားသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

၃။ နည္းျပဆိုးရွားကေတာ့ လူမ်ိဳးေရးခြဲျခားခံရမႈေၾကာင့္ ကြင္းလယ္ၾကယ္ပြင့္ ေပါလ္ေပါ့ဂ္ဘာတေယာက္ ပိုမိုသန္မာလာမယ္လို႔ ေျပာၾကားခဲ့ျပီး လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ အဆိုပါအျပဳအမူေတြ ရပ္တန္႔သင့္ေနျပီျဖစ္ေၾကာင္း ဆိုခဲ့ပါတယ္။

၄။ တိုက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ဟာ ပဲေလ့စ္နဲ႔ကစားမယ့္ပြဲမတိုင္မီ မန္ယူႏုိက္တက္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္မွာ ပါဝင္ခဲ့ျခင္း မရိွတဲ့အတြက္ အင္တာမီလန္အသင္းဆီ ေျပာင္းေရႊ႕ေတာ့မယ္လို႔ သတင္းေတြ ပိုမိုထြက္ေပၚလာခဲ့ပါတယ္။

၅။ ေမဆင္ဂရင္းဝုဒ္သာ မန္ယူႏုိက္တက္ရဲ႕တိုက္စစ္မွာ ကစားခြင့္ပိုမိုရလာခဲ့ရင္ အျခားတိုက္စစ္ကစားသမားတဦျဖစ္တဲ့ ဂ်က္ဆီလင္ဂတ္အတြက္ သတင္းဆိုးတခု ျဖစ္လာႏိုင္ေၾကာင္း ကြ်မ္းက်င္သူ စတိဗ္နီကိုးလ္က သံုးသပ္ခဲ့ပါတယ္။

၆။ ညာေနာက္ခံၾကယ္ပြင့္ ဒီယိုဂိုဒါေလာ့သ္ဟာ ဒဏ္ရာျပႆနာနဲ႔ ၾကံဳေတြ႕ခဲ့တာေၾကာင့္ စက္တင္ဘာလမွသာ မန္ယူႏုိက္တက္အတြက္ ကစားေပးႏုိင္မွာျဖစ္ေၾကာင္း နည္းျပဆိုးရွားက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

[Unicode]
၁။ မားကို့စ်ရိုဟိုကို ခေါ်ယူမယ်ဆိုတဲ့ ဖီနာဘာချီအသင်းက သူတို့ရဲ့ မန်ယူနိုက်တက်ကစားသမားအပေါ် စိတ်ဝင်စားမှုမရှိလို့ တုံ့ပြန်ခဲ့တဲ့အတွက် အာဂျင်တိုင်းသားရဲ့အနာဂတ်က မရေမရာ ဖြစ်လာပြန်ပါတယ်။

၂။ နောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာကတော့ သူ့အနေနဲ့ ဘောလုံးလုယူရတာကို ကြိုနှစ်သက်တဲ့အတွက် ပွဲတိုင်းမှာ ဘောလုံးလုယူမှုအကြိမ်ရေအများဆုံးဖြစ်အောင် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၃။ နည်းပြဆိုးရှားကတော့ လူမျိုးရေးခွဲခြားခံရမှုကြောင့် ကွင်းလယ်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာတယောက် ပိုမိုသန်မာလာမယ်လို့ ပြောကြားခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ အဆိုပါအပြုအမူတွေ ရပ်တန့်သင့်နေပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

၄။ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ပဲလေ့စ်နဲ့ကစားမယ့်ပွဲမတိုင်မီ မန်ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့အတွက် အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။

၅။ မေဆင်ဂရင်းဝုဒ်သာ မန်ယူနိုက်တက်ရဲ့တိုက်စစ်မှာ ကစားခွင့်ပိုမိုရလာခဲ့ရင် အခြားတိုက်စစ်ကစားသမားတဦဖြစ်တဲ့ ဂျက်ဆီလင်ဂတ်အတွက် သတင်းဆိုးတခု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူ စတိဗ်နီကိုးလ်က သုံးသပ်ခဲ့ပါတယ်။

၆။ ညာနောက်ခံကြယ်ပွင့် ဒီယိုဂိုဒါလော့သ်ဟာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့တာကြောင့် စက်တင်ဘာလမှသာ မန်ယူနိုက်တက်အတွက် ကစားပေးနိုင်မှာဖြစ်ကြောင်း နည်းပြဆိုးရှားက အတည်ပြုပြောကြားခဲ့ပါတယ်။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!