လူမႈေရးခြဲျခားသူေတြကို ဒဏ္ေပးဖို ့ ေတာင္းဆိုလိုက္တဲ့ မာစီရယ္

ေပါ့ဘာ တစ္ေယာက္ ျပီးခဲ့တဲ့ ဗု၀္ပြဲမွာ ပင္နယ္တီ လႊဲေခ်ာ္ခဲ့လို ့ အဖိုးတန္ ၃ မွတ္ဆုံးရွဳံးခဲ့ရပါတယ္။ အဆိုပါ ျဖစ္စဥ္နဲ ့ပတ္သက္ျပီး မန္ယူ ပရိတ္သတ္မ်ားက ေပါ့ဘာကို အြန္လိုင္းမွ တစ္ဆင့္ လူမႈေရးခြဲျခားတိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ မန္ယူ အသင္း တိုက္စစ္မႈးျဖစ္တဲ့ အန္ေတာ္နီ မာစီရယ္ ကေတာ့ အဲလို အြန္လိုင္းက လူမႈေရးခြဲျခားသူေတြကို အျပစ္ေပးသင့္တယ္လို ့ဆိုလိုက္ပါတယ္။

“ဒီလို လူမ်ဳိးေရးခြဲျခား ဆက္ဆံခံရတာကေတာ့ လူေတြၾကားထဲ ရွိေနအုန္းမွာပါ။ ဒါက ဘယ္လိုမွ ေဖ်ာက္ဖ်က္လို ့ ရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အာဏာပိုင္ ေတြအေနနဲ ့လည္း ဒီလို ခြဲျခားမႈကို လက္ပိုက္ၾကည့္ေနဖို ့ မဟုတ္ပါဘူး။

ကြင္းထဲမွာ အျဖဴရယ္၊ အမည္းရယ္ အေရာင္စုံရွိမွာပါပဲ။ ကြ်န္ေတာ္တို ့လို ကစားသမားေတြ အေနနဲ ့က ဘာမွ လုပ္လို ့ မရပါဘူး။ လူေတြက ေဘာလုံးကြင္းသြားျပီး စိတ္အပန္းေျဖ ဖို ့ သြားတာပါ။ အဲလို လူမႈေရးခြဲျခားမႈကို လုပ္ဖို ့ ေနရာမရွိသင့္ပါဘူး။ အာဏာပိုင္ေတြ အေနနဲ ့ အဆုိပါ လူမ်ဳိးေရးခြဲျခား ဆက္ဆံသူေတြကို အျပစ္ေပးသင့္ပါတယ္။” လို ့ဆိုလိုက္ပါတယ္။

တြစ္တာ အေနနဲ ့ လည္း မန္ယူအသင္းနဲ့ ေတြ ့ဆုံျပီး လူမႈေရးခြဲျခားခံရတဲ့ ေပါ့ဘာ အေၾကာင္း ေဆြးေႏြးသြားမယ္လို ့ဆိုပါတယ္။ တြစ္တာကလည္း ျပီးေတာ့ အဲလို ခြဲျခား ဆက္ဆံတဲ့ လူေတြရဲ့ အေကာင့္ကိုလည္း ေစာင့္ၾကည့္သြားမယ္လုိ ့ သိရပါတယ္။

REF: SKY SPORTS

[UNICODE] ပေါ့ဘာ တစ်ယောက် ပြီးခဲ့တဲ့ ဗုဝ်ပွဲမှာ ပင်နယ်တီ လွှဲချော်ခဲ့လို့ အဖိုးတန် ၃ မှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မန်ယူ ပရိတ်သတ်များက ပေါ့ဘာကို အွန်လိုင်းမှ တစ်ဆင့် လူမှုရေးခွဲခြားတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မန်ယူ အသင်း တိုက်စစ်မှုးဖြစ်တဲ့ အန်တော်နီ မာစီရယ် ကတော့ အဲလို အွန်လိုင်းက လူမှုရေးခွဲခြားသူတွေကို အပြစ်ပေးသင့်တယ်လို့ဆိုလိုက်ပါတယ်။

“ဒီလို လူမျိုးရေးခွဲခြား ဆက်ဆံခံရတာကတော့ လူတွေကြားထဲ ရှိနေအုန်းမှာပါ။ ဒါက ဘယ်လိုမှ ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာပိုင် တွေအနေနဲ့လည်း ဒီလို ခွဲခြားမှုကို လက်ပိုက်ကြည့်နေဖို့ မဟုတ်ပါဘူး။

ကွင်းထဲမှာ အဖြူရယ်၊ အမည်းရယ် အရောင်စုံရှိမှာပါပဲ။ ကျွန်တော်တို့လို ကစားသမားတွေ အနေနဲ့က ဘာမှ လုပ်လို့ မရပါဘူး။ လူတွေက ဘောလုံးကွင်းသွားပြီး စိတ်အပန်းဖြေ ဖို့ သွားတာပါ။ အဲလို လူမှုရေးခွဲခြားမှုကို လုပ်ဖို့ နေရာမရှိသင့်ပါဘူး။ အာဏာပိုင်တွေ အနေနဲ့ အဆိုပါ လူမျိုးရေးခွဲခြား ဆက်ဆံသူတွေကို အပြစ်ပေးသင့်ပါတယ်။” လို့ဆိုလိုက်ပါတယ်။

တွစ်တာ အနေနဲ့ လည်း မန်ယူအသင်းနဲ့ တွေ့ဆုံပြီး လူမှုရေးခွဲခြားခံရတဲ့ ပေါ့ဘာ အကြောင်း ဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ တွစ်တာကလည်း ပြီးတော့ အဲလို ခွဲခြား ဆက်ဆံတဲ့ လူတွေရဲ့ အကောင့်ကိုလည်း စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

REF: SKY SPORTS



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!