ပေါ်တူဂီ အသင်းဖော် ဖာနန်ဒက်စ် ကို ဘယ်အသင်းမှ မခေါ်လို့  အံ့သြသင့်နေတဲ့ ရော်နယ်ဒို
REF: GOAL | Images : GETTY
[UNICODE] ပေါ်တူဂီ အသင်းက ရော်နယ်ဒို တစ်ယောက် သူ့အသင်းဖော်ဖြစ်တဲ့ ဘရူနိူ ဖာနန်ဒက်စ် တစ်ယောက် စပိုးတင်းမှာပဲ ရှိနေတာကြောင့် အံ့သြသင့်နေပါတယ်။ ဒီပေါ်တူဂီကြယ်ပွင် ဖာနန်ဒက်စ်က ရီးရဲလ် နဲ့ မန်ယူ အသင်းကို ပြောင်းရွှေ့မယ်ဆိုပြီး သတင်းကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် မန်ယူအသင်းနဲ့ ပိုကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပြီး ကစားသမားကိုယ်တိုင် အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားချင်တယ် ဆိုပြီး ဝန်ခံထားသူပါ။ ဒါပေမယ့် မန်ယူ ကင်းထောက်တွေက သူ့ ဆီက ဘောလုံးဆုံးရှုံးတာ များလို့ မခေါ်ဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုပြီး သတင်းလည်း ထွက်လာပါတယ်။ ဆိုးရှားအသင်းက မန်ယူအသင်းကို ဘောလုံးပိုင်ဆိုင်မှု ကောင်းကောင်း နဲ့ ကစားချင်လို့ အံ့မဝင်လို့လည်း ဆိုပါတယ်။
ရော်နယ်ဒိုက “ပေါ်တူဂီ အသင်းမှာ အင်မတန် ခြေစွမ်းကောင်းတဲ့ ကန်ဆီလို၊ ဖာနန်ဒက်စ်တို့လို လူတွေ ရှိပါတယ်။ အထူးသဖြင့် ဟာနန်ဒက်စ် တစ်ယောက် ဘာလို့ အသင်းကနေ ထွက်မခွာတာလည်း ဆိုတာကို အံ့သြလို့ မဆုံးပါဘူး။
ပေါ်တူဂီအသင်းမှာ သူတို့ က တောက်ပတဲ့ ခြေစွမ်းကောင်းရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ကျွန်တော် ဟာနန်ဒက်စ်ကို  စကားပြောပြီးပါပြီ။ သူတို့ မှာ စွမ်းရယ်ရှိရုံ နဲ့ မလုံလောက်ပါဘူး။ အကောင်းဆုံးလိဂ် တွေမှ ကစားမှသူတို့ ခြေစွမ်းက ပိုပြီး တောက်ပလာမှာပါ။ ကျွန်တော် က ပေါ်တူဂီ အသင်းခေါင်းဆောင် အနေနဲ့ ဟာနန်ဒက်စ်ကို ကူညီဖို့ အဆင်သင့်ပါပဲ။” ဆိုပြီး ပြောကြားလိုက်ပါတယ်။
REF: GOAL | Images : GETTY
error: Content is protected !!