အာဆင္နယ္သတင္းတိုမ်ား

၁။ တုိက္စစ္မွဴးသစ္ နီကိုလပ္စ္ ပပ္ေပဟာ လီဗာပူးလ္နဲ႔ ပြဲမွာ ပြဲထြက္ပါဝင္လာႏုိင္တယ္လို႔ နည္းျပ အမ္မရီက အရိပ္အျမြက္ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ “ဥပမာေပးရရင္ သူ ပထမပြဲတုန္းက ၁၅ မိနစ္ေလာက္ ဝင္ကစားခဲ့ပါတယ္။ ဘန္ေလနဲ႔ပြဲမွာက် ၄၅ မိနစ္ပါ။ သူ႔ရဲ႕ တစ္ဦးခ်င္းစြမ္းေဆာင္ရည္ေတြက ေတာက္ေလွ်ာက္တိုးတက္လာေနပါတယ္။ စေနေန႔အတြက္ဆိုရင္ေတာ့ သူ ဒီထက္ပိုကစားဖို႔ အဆင္သင့္ျဖစ္ေနျပီထင္ပါတယ္” လို႔ ဆိုခဲတာပါ။

၂။ Sky Sports က ေဘာလံုးပြဲသံုးသပ္သူေတြျဖစ္ကတဲ့ ဖီးလ္ သြမ္ပ္ဆင္နဲ႔ ခ်ာလီ နီကိုလပ္စ္တို႔ကေတာ့ လီဗာပူးလ္အသင္းဟာ အာဆင္နယ္အသင္းကို ၃-၁ ရလဒ္နဲ႔ အႏုိင္ယူသြားလိမ့္မယ္လို႔ သံုးသပ္ခဲ့ၾကပါတယ္။

၃။ အူႏိုင္း အမ္မရီက လူငယ္ၾကယ္ပြင့္ မက္တီယို ဂြမ္ဒူဇီရဲ႕ ေျခစြမ္းတိုးတက္လာမႈကို ခ်ီးမြမ္းေျပာဆိုခဲ့ျပီး ျပင္သစ္သားအေနနဲ႔ တိုးတက္ေအာင္ ၾကိဳးပမ္းရမယ့္ အခ်က္ ၂ ခ်က္ကိုလည္း ေထာက္ျပခဲ့ပါတယ္။ “မက္တီယိုက အရမ္းငယ္ရြယ္ပါေသးတယ္။ ဒါေပမယ့္ သူ႔မွာ ကၽြန္ေတာ္တို႔ လိုခ်င္တဲ့ ကစားဟန္မ်ိဳးကို ပံ့ပိုးႏိုင္တဲ့ ပင္ကိုယ္ပါရမီရွိေနပါတယ္။ မႏွစ္က သူ႔ရဲ႕ တိုးတက္မႈက အရမ္းေကာင္းပါတယ္။ သူနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္ အမ်ားၾကီး ေမွ်ာ္လင့္ထားပါတယ္။ ကၽြန္ေတာ္တို႔ သူ႔ကို ရုပ္ပိုင္းဆုိင္ရာနဲ႔ စိတ္ပိုင္းဆုိင္ရာ အေျခအေနေတြ တိုးတက္ေအာင္ ဆက္လုပ္သြားရဦးမွာပါ” လို႔ အမ္မရီက ဆုိခဲ့ပါတယ္။

၄။ အာဆင္နယ္ဂႏၱဝင္ေဟာင္း မာတင္ ကီယြန္က အာဆင္နယ္အသင္းရဲ႕ အေျပာင္းအလဲေတြမွာ နည္းစနစ္ဒါရိုက္တာ အီဒူးဟာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တယ္လုိ႔ ခ်ီးမြမ္းေျပာဆိုလုိက္ပါတယ္။ အီဒူးဟာ အဝတ္လဲခန္းနဲ႔ ကြင္းတြင္းအေျခအေနေတြကို တုိက္ရိုက္ ပတ္သက္သူမဟုတ္ေပမယ့္ သူ႔ရဲ႕ အသင္းသားေတြအေပၚ စိတ္ပိုင္းဆုိင္ရာ တြန္းအားေပးႏိုင္စြမ္းက အလြန္ၾကီးမားတယ္လို႔ ကီယြန္က Sky Sports ကို ေျပာဆိုခဲ့ပါတယ္။ “အရိုးသားဆံုးေျပာရရင္ ဒီလူ႔ကို အထင္ေသးလို႔ မရပါဘူး။ သူက အရမ္းစိတ္ဝင္စားဖို႔ ေကာင္းတဲ့လူပါ။ သူ႔ရဲ႕ တာဝန္က ေလ့က်င့္ေရးကြင္းအထိ သက္ေရာက္မႈမရွိပါဘူး။ ဒါေပမယ့္ သူက အသင္းသြားေနတဲ့ လမ္းေၾကာင္းကို ဖန္တီးေနသူျဖစ္ျပီး အသင္းသားေတြကို စိတ္ဓာတ္တက္ၾကြေစသူပါ” လို႔ ကီယြန္က ဆိုခဲ့ပါတယ္။

၅။ အာဆင္နယ္နည္းျပ အူႏိုင္း အမ္မရီက လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္အတြက္ ဘယ္လို ေမွ်ာ္မွန္းထားလဲဆုိတာကို သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ “သူတို႔က ေျခတစ္လွမ္းစာေလာက္ ပိုတိုးတက္လာပါတယ္။ ဒါက ကၽြန္ေတာ္တုိ႔အတြက္တင္မဟုတ္ပါဘူး။ အားလံုးအတြက္ပါ။ ကၽြန္ေတာ္တို႔ လုပ္ရမွာက အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ျပသဖို႔ပါပဲ။ ကၽြန္ေတာ္တို႔ဟာ အသင္းလုိက္ေရာ တစ္ဦးခ်င္းပါ စြမ္းေဆာင္ရည္ျမင့္မားတယ္ဆိုတာကိုျပသႏုိင္ဖို႔ လုိအပ္ပါတယ္။ ကၽြန္ေတာ္တုိ႔ အန္ဖီးလ္ဒ္ကို သြားတာ အဲ့အတုိင္းျပဳမူျပဖို႔ပါ” လို႔ စပိန္သားနည္းျပက ဆိုခဲ့ပါတယ္။

၆။ အိုေဇးလ္နဲ႔ ရွာခါတို႔ကို လီဗာပူးလ္နဲ႔ပြဲစဥ္မွာ ထည့္သြင္းအသံုးျပဳျခင္းျပဳမျပဳကို စေနေန႔မွသာ ဆံုးျဖတ္သြားမယ္လို႔ နည္းျပျဖစ္သူ အူႏိုင္း အမ္မရီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

၇။ အာဆင္နယ္အသင္းရဲ႕ နည္းျပ အူႏိုင္း အမ္မရီက မန္ယူအသင္းကြင္းလယ္လူ ေပါလ္ ေပါ့ဘာတစ္ေယာက္ လူမႈကြန္ယက္မွာ လူမ်ိဳးေရးခြဲျခားခံေနရတာနဲ႔ ပတ္သက္ျပီး ထိမ္းခ်ဳပ္မႈေတြ ထိထိေရာက္ေရာက္ျပဳလုပ္ဖို႔ လိုအပ္ေၾကာင္း လူမႈကြန္ယက္ကုမၸဏီေတြကို ေတာင္းဆိုလုိက္ပါတယ္။ “ကၽြန္ေတာ္ လက္ခံပါတယ္။ လူမႈကြန္ယက္ဆိုတာ ပရိတ္သတ္ေတြနဲ႔ နီးနီးကပ္ကပ္ ဆက္ဆံႏိုင္မယ့္ ပလက္ေဖာင္းတစ္ခုပါ။ ဒါေပမယ့္ ဒါကို ခင္ဗ်ားတို႔ မထိမ္းခ်ဳပ္ႏုိင္ရင္ အေပါင္းလကၡဏာဆန္စြာ အက်ိဳးရွိရွိအသံုးမျပဳႏိုင္ရင္ ဒါက မေကာင္းတဲ့ဘက္ကို ေရာက္သြားႏိုင္ပါတယ္” လို႔ အမ္မရီက ေျပာဆိုခဲ့တာပါ။ အူႏုိင္း အမ္မရီဟာ ကိုယ္တုိင္ Twitter ကို ထဲထဲဝင္ဝင္ သံုးစြဲသူတစ္ေယာက္ျဖစ္သလို ကိုယ္ပိုင္ ဝက္ဘ္ဆုိက္လည္း တည္ေထာင္ထားျပီး နည္းပညာနဲ႔ နီးစပ္တဲ့ နည္းျပတစ္ဦးအျဖစ္ ထင္ရွားပါတယ္။

၈။ အာဆင္နယ္အသင္းဟာ လီဗာပူးလ္အသင္းနဲ႔ ပြဲစဥ္မွာ အေဝးကြင္းဝတ္စံု အဝါေရာင္ကို ဝတ္ဆင္မွာမဟုတ္ပဲ နက္ျပာေရာင္ တတိယဝတ္စံုသစ္ကို ပြဲထုတ္ဝတ္ဆင္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

၉။ Sky Sports ရဲ႕ သံုးသပ္သူတစ္ေယာက္ျဖစ္ျပီး အာဆင္နယ္ ဂႏၱဝင္ တစ္ေယာက္လည္းျဖစ္တဲ့ ခ်ာလီ နီကိုလပ္စ္က လီဗာပူးလ္နဲ႔ပြဲမွာ ရွာခါကို ပါဝင္ကစားခိုင္းဖို႔ နည္းျပ အမ္မရီကို တုိက္တြန္းေျပာဆိုလုိက္ပါတယ္။ နီကိုလပ္စ္က အာဆင္နယ္သာ ရွာခါကို ဝင္ကစားေစခဲ့ရင္ အသင္းေသခ်ာေပါက္ ရံႈးလိမ့္မယ္လို႔ သံုးသပ္ခဲ့ပါတယ္။ “အာဆင္နယ္အေနနဲ႔ ေနာက္တန္း ၄ ေယာက္တန္းကို ကြင္းလယ္လူ ၃ ဦးနဲ႔ ကာျပီးကစားဖို႔ သင့္ေတာ္ပါတယ္။ ကၽြန္ေတာ္ အသင္းမွာ ဂရာနစ္ ရွာခါ ပါလာတာကို မျမင္ေတြ႕လိုပါဘူး။ ကၽြန္ေတာ့္ အျမင္အရ ဂြမ္ဒူဇီနဲ႔ ေတာ္ရဲယားသာပြဲထြက္ေစခ်င္ပါတယ္” လို႔ သူကေျပာဆိုခဲ့တာပါ။

၁၀။ နည္းျပ အမ္မရီက VAR နဲ႔ ပတ္သက္ျပီး သူ႔ရဲ႕ အျမင္က အျပဳသေဘာေဆာင္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ “VAR က ကၽြန္ေတာ္တို႔ကို ကူညီေနတာပါ။ ဒိုင္လူၾကီးေတြကိုေရာေပါ့။ ျပိဳင္ပြဲရဲ႕ အရွိန္နဲ႔ လိုက္ေလ်ာညီေထြမႈကို ရပ္တန္႔မျပစ္ဖို႔ေတာ့ လိုတာေပါ့။ တစ္ခါတစ္ေလမွာ အျပဳသေဘာေဆာင္ေပမယ့္ တစ္ခါတစ္ရံမွာလည္း အႏႈတ္လကၡဏာေဆာင္ႏုိင္ပါတယ္” လို႔ သူက ဆိုခဲ့ပါတယ္။

 

Unicode

 

၁။ တိုက်စစ်မှူးသစ် နီကိုလပ်စ် ပပ်ပေဟာ လီဗာပူးလ်နဲ့ ပွဲမှာ ပွဲထွက်ပါဝင်လာနိုင်တယ်လို့ နည်းပြ အမ်မရီက အရိပ်အမြွက် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “ဥပမာပေးရရင် သူ ပထမပွဲတုန်းက ၁၅ မိနစ်လောက် ဝင်ကစားခဲ့ပါတယ်။ ဘန်လေနဲ့ပွဲမှာကျ ၄၅ မိနစ်ပါ။ သူ့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေက တောက်လျှောက်တိုးတက်လာနေပါတယ်။ စနေနေ့အတွက်ဆိုရင်တော့ သူ ဒီထက်ပိုကစားဖို့ အဆင်သင့်ဖြစ်နေပြီထင်ပါတယ်” လို့ ဆိုခဲတာပါ။

၂။ Sky Sports က ဘောလုံးပွဲသုံးသပ်သူတွေဖြစ်ကတဲ့ ဖီးလ် သွမ်ပ်ဆင်နဲ့ ချာလီ နီကိုလပ်စ်တို့ကတော့ လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းကို ၃-၁ ရလဒ်နဲ့ အနိုင်ယူသွားလိမ့်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

၃။ အူနိုင်း အမ်မရီက လူငယ်ကြယ်ပွင့် မက်တီယို ဂွမ်ဒူဇီရဲ့ ခြေစွမ်းတိုးတက်လာမှုကို ချီးမွမ်းပြောဆိုခဲ့ပြီး ပြင်သစ်သားအနေနဲ့ တိုးတက်အောင် ကြိုးပမ်းရမယ့် အချက် ၂ ချက်ကိုလည်း ထောက်ပြခဲ့ပါတယ်။ “မက်တီယိုက အရမ်းငယ်ရွယ်ပါသေးတယ်။ ဒါပေမယ့် သူ့မှာ ကျွန်တော်တို့ လိုချင်တဲ့ ကစားဟန်မျိုးကို ပံ့ပိုးနိုင်တဲ့ ပင်ကိုယ်ပါရမီရှိနေပါတယ်။ မနှစ်က သူ့ရဲ့ တိုးတက်မှုက အရမ်းကောင်းပါတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် အများကြီး မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ သူ့ကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ တိုးတက်အောင် ဆက်လုပ်သွားရဦးမှာပါ” လို့ အမ်မရီက ဆိုခဲ့ပါတယ်။

၄။ အာဆင်နယ်ဂန္တဝင်ဟောင်း မာတင် ကီယွန်က အာဆင်နယ်အသင်းရဲ့ အပြောင်းအလဲတွေမှာ နည်းစနစ်ဒါရိုက်တာ အီဒူးဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။ အီဒူးဟာ အဝတ်လဲခန်းနဲ့ ကွင်းတွင်းအခြေအနေတွေကို တိုက်ရိုက် ပတ်သက်သူမဟုတ်ပေမယ့် သူ့ရဲ့ အသင်းသားတွေအပေါ် စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးနိုင်စွမ်းက အလွန်ကြီးမားတယ်လို့ ကီယွန်က Sky Sports ကို ပြောဆိုခဲ့ပါတယ်။ “အရိုးသားဆုံးပြောရရင် ဒီလူ့ကို အထင်သေးလို့ မရပါဘူး။ သူက အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့လူပါ။ သူ့ရဲ့ တာဝန်က လေ့ကျင့်ရေးကွင်းအထိ သက်ရောက်မှုမရှိပါဘူး။ ဒါပေမယ့် သူက အသင်းသွားနေတဲ့ လမ်းကြောင်းကို ဖန်တီးနေသူဖြစ်ပြီး အသင်းသားတွေကို စိတ်ဓာတ်တက်ကြွစေသူပါ” လို့ ကီယွန်က ဆိုခဲ့ပါတယ်။

၅။ အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက လီဗာပူးလ်အသင်းနဲ့ပွဲစဉ်အတွက် ဘယ်လို မျှော်မှန်းထားလဲဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “သူတို့က ခြေတစ်လှမ်းစာလောက် ပိုတိုးတက်လာပါတယ်။ ဒါက ကျွန်တော်တို့အတွက်တင်မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ ကျွန်တော်တို့ လုပ်ရမှာက အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသဖို့ပါပဲ။ ကျွန်တော်တို့ဟာ အသင်းလိုက်ရော တစ်ဦးချင်းပါ စွမ်းဆောင်ရည်မြင့်မားတယ်ဆိုတာကိုပြသနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အန်ဖီးလ်ဒ်ကို သွားတာ အဲ့အတိုင်းပြုမူပြဖို့ပါ” လို့ စပိန်သားနည်းပြက ဆိုခဲ့ပါတယ်။

၆။ အိုဇေးလ်နဲ့ ရှာခါတို့ကို လီဗာပူးလ်နဲ့ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုခြင်းပြုမပြုကို စနေနေ့မှသာ ဆုံးဖြတ်သွားမယ်လို့ နည်းပြဖြစ်သူ အူနိုင်း အမ်မရီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၇။ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီက မန်ယူအသင်းကွင်းလယ်လူ ပေါလ် ပေါ့ဘာတစ်ယောက် လူမှုကွန်ယက်မှာ လူမျိုးရေးခွဲခြားခံနေရတာနဲ့ ပတ်သက်ပြီး ထိမ်းချုပ်မှုတွေ ထိထိရောက်ရောက်ပြုလုပ်ဖို့ လိုအပ်ကြောင်း လူမှုကွန်ယက်ကုမ္ပဏီတွေကို တောင်းဆိုလိုက်ပါတယ်။ “ကျွန်တော် လက်ခံပါတယ်။ လူမှုကွန်ယက်ဆိုတာ ပရိတ်သတ်တွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံနိုင်မယ့် ပလက်ဖောင်းတစ်ခုပါ။ ဒါပေမယ့် ဒါကို ခင်ဗျားတို့ မထိမ်းချုပ်နိုင်ရင် အပေါင်းလက္ခဏာဆန်စွာ အကျိုးရှိရှိအသုံးမပြုနိုင်ရင် ဒါက မကောင်းတဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်” လို့ အမ်မရီက ပြောဆိုခဲ့တာပါ။ အူနိုင်း အမ်မရီဟာ ကိုယ်တိုင် Twitter ကို ထဲထဲဝင်ဝင် သုံးစွဲသူတစ်ယောက်ဖြစ်သလို ကိုယ်ပိုင် ဝက်ဘ်ဆိုက်လည်း တည်ထောင်ထားပြီး နည်းပညာနဲ့ နီးစပ်တဲ့ နည်းပြတစ်ဦးအဖြစ် ထင်ရှားပါတယ်။

၈။ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ အဝေးကွင်းဝတ်စုံ အဝါရောင်ကို ဝတ်ဆင်မှာမဟုတ်ပဲ နက်ပြာရောင် တတိယဝတ်စုံသစ်ကို ပွဲထုတ်ဝတ်ဆင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

၉။ Sky Sports ရဲ့ သုံးသပ်သူတစ်ယောက်ဖြစ်ပြီး အာဆင်နယ် ဂန္တဝင် တစ်ယောက်လည်းဖြစ်တဲ့ ချာလီ နီကိုလပ်စ်က လီဗာပူးလ်နဲ့ပွဲမှာ ရှာခါကို ပါဝင်ကစားခိုင်းဖို့ နည်းပြ အမ်မရီကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ နီကိုလပ်စ်က အာဆင်နယ်သာ ရှာခါကို ဝင်ကစားစေခဲ့ရင် အသင်းသေချာပေါက် ရှုံးလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ “အာဆင်နယ်အနေနဲ့ နောက်တန်း ၄ ယောက်တန်းကို ကွင်းလယ်လူ ၃ ဦးနဲ့ ကာပြီးကစားဖို့ သင့်တော်ပါတယ်။ ကျွန်တော် အသင်းမှာ ဂရာနစ် ရှာခါ ပါလာတာကို မမြင်တွေ့လိုပါဘူး။ ကျွန်တော့် အမြင်အရ ဂွမ်ဒူဇီနဲ့ တော်ရဲယားသာပွဲထွက်စေချင်ပါတယ်” လို့ သူကပြောဆိုခဲ့တာပါ။

၁၀။ နည်းပြ အမ်မရီက VAR နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်က အပြုသဘောဆောင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ “VAR က ကျွန်တော်တို့ကို ကူညီနေတာပါ။ ဒိုင်လူကြီးတွေကိုရောပေါ့။ ပြိုင်ပွဲရဲ့ အရှိန်နဲ့ လိုက်လျောညီထွေမှုကို ရပ်တန့်မပြစ်ဖို့တော့ လိုတာပေါ့။ တစ်ခါတစ်လေမှာ အပြုသဘောဆောင်ပေမယ့် တစ်ခါတစ်ရံမှာလည်း အနှုတ်လက္ခဏာဆောင်နိုင်ပါတယ်” လို့ သူက ဆိုခဲ့ပါတယ်။



error: Content is protected !!