လာလီဂါႏွင့္ စီးရီးေအသတင္းတိုမ်ား ၂၃၊ ၈၊ ၂၀၁၉

[ZawGyi]
၁။ ဖီအုိရင္တီးနားအသင္းဟာ ေတာင္ပံတိုက္စစ္ၾကယ္ပြင့္ ခ်ီေယဆာကို ေရာင္းခ်ဖို႔ စိတ္မဝင္စားဘူးလို႔ သိရပါတယ္။ ဂ်ဴဗင္တပ္အသင္းက ပစ္မွတ္ထားေနေပမယ့္လည္း အီတလီၾကယ္ပြင့္ေလးကို ဖီအိုရင္တီးနားတို႔က ဆက္လက္ထိန္းသိမ္းသြားခ်င္ေနတာပါ။

၂။ ဒီေယဂိုလာေဇာ့သ္ကေတာ့ ေအစီမီလန္အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သိရပါတယ္။ Calciomercato သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အတၱလန္တာအသင္းက ေခၚယူႏိုင္ဖို႔ နီးစပ္ေနတယ္လို႔ သိရပါတယ္။ ဥရုေဂြးဘယ္ေနာက္ခံလူရဲကေအးဂ်င့္ျဖစ္သူဟာ အေျပာင္းအေရႊ႕အထေျမာက္ဖို႔ တြန္းအားေပး ေဆြးေႏြးေနပါတယ္။

၃။ ဘာစီလိုနာအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ လာပါးမားစ္အသင္းက အသက္ (၁၆)ႏွစ္အရြယ္ ကြင္းလယ္ကစားသမားေလး ပီဒရီကို ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ ပီဒရီကို လာပါးမားစ္အသင္းကို ေပါင္ (၉)သန္း ေစ်းသတ္မွတ္ထားပါတယ္။

၄။ ကြင္းလယ္ကစာသးမားဗီဒယ္လ္ကို အင္တာမီလန္အသင္းက အငွားေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ဘာစီလိုနာအသင္းက ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ အင္တာမီလန္နည္းျပကြန္တီဟာ သူ႔အသင္းအတြက္ ဗီဒယ္လ္ကို အလိုရိွေနေပမယ့္လည္း ဘာစီလိုနာအသင္းက ေရာင္းခ်သြားဖို႔ စိတ္မဝင္စားဘူးလို႔ သိရပါတယ္။

၅။ ရီးယဲလ္မက္ဒရစ္ဂိုးသမား ေကလာနာဗတ္စ္ဟာ ထြက္ခြာခြင့္ေတာင္းခံခဲ့ျပီးေနာက္ စပိန္ေျမကို စြန္႔ခြာဖို႔ နီးစပ္လာပါတယ္။ နာဗတ္စ္ကို ျပင္သစ္ထိပ္သီးကလပ္ ပီအက္စ္ဂ်ီအသင္းက ခ်ိတ္ဆက္ေနပါတယ္။

၆။ အင္တာမီလန္အသင္းဟာ ဖီအိုရင္တီးနားအသင္းရဲ႕ ေနာက္ခံအစြန္လူ ဘီရာဂီကို ေခၚယူႏုိင္ဖို႔ အေျခအေနေကာင္းေနပါတယ္။ ဘီရာဂီကို ဘရာဇီးလ္သား ဒဲလ္ဘတ္နဲ႔ အလဲအထပ္ျပဳလုပ္သြားဖို႔ အင္တာမီလန္အသင္း စီစဥ္ေနျခင္း ျဖစ္ပါတယ္။

၇။ ပီအက္စ္ဂ်ီအသင္းဟာ ေနမာကို ရီးယဲလ္မက္ဒရစ္ သုိ႔ ဘာစိလိုနာအသင္းထံ လက္လႊတ္သြားဖို႔ ေမွ်ာ္လင့္ထားတဲ့အတြက္ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ဒီဘားလားကို ေခၚယူဖို႔ စတင္ၾကိဳးပမ္းလာခဲ့တယ္လို႔ သိရပါတယ္။

၈။ ရိုးမားအသင္းဟာ အက္သလက္တီကိုအသင္းရဲ႕တိုက္စစ္မွဴး ကာလီနစ္ကို ေခၚယူသြားဖို႔ စိတ္ဝင္စားေနပါတယ္။ ပက္ထရစ္ရွက္ခ္နဲ႔ ဒီဖရယ္တို႔ ထြက္ခြာသြားျပီးေနာက္ပိုင္းမွာ အသက္ (၃၁)ႏွစ္သားနဲ႔ တိုက္စစ္အားျဖည့္ဖို႔ ရိုးမားအသင္း စီမံေနျခင္းပါ။

[Unicode]
၁။ ဖီအိုရင်တီးနားအသင်းဟာ တောင်ပံတိုက်စစ်ကြယ်ပွင့် ချီယေဆာကို ရောင်းချဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းက ပစ်မှတ်ထားနေပေမယ့်လည်း အီတလီကြယ်ပွင့်လေးကို ဖီအိုရင်တီးနားတို့က ဆက်လက်ထိန်းသိမ်းသွားချင်နေတာပါ။

၂။ ဒီယေဂိုလာဇော့သ်ကတော့ အေစီမီလန်အသင်းကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ Calciomercato သတင်းဌာနရဲ့ဖော်ပြချက်အရ အတ္တလန်တာအသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဥရုဂွေးဘယ်နောက်ခံလူရဲကအေးဂျင့်ဖြစ်သူဟာ အပြောင်းအရွှေ့အထမြောက်ဖို့ တွန်းအားပေး ဆွေးနွေးနေပါတယ်။

၃။ ဘာစီလိုနာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လာပါးမားစ်အသင်းက အသက် (၁၆)နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ပီဒရီကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ပီဒရီကို လာပါးမားစ်အသင်းကို ပေါင် (၉)သန်း ဈေးသတ်မှတ်ထားပါတယ်။

၄။ ကွင်းလယ်ကစာသးမားဗီဒယ်လ်ကို အင်တာမီလန်အသင်းက အငှားခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ဘာစီလိုနာအသင်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အင်တာမီလန်နည်းပြကွန်တီဟာ သူ့အသင်းအတွက် ဗီဒယ်လ်ကို အလိုရှိနေပေမယ့်လည်း ဘာစီလိုနာအသင်းက ရောင်းချသွားဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

၅။ ရီးယဲလ်မက်ဒရစ်ဂိုးသမား ကေလာနာဗတ်စ်ဟာ ထွက်ခွာခွင့်တောင်းခံခဲ့ပြီးနောက် စပိန်မြေကို စွန့်ခွာဖို့ နီးစပ်လာပါတယ်။ နာဗတ်စ်ကို ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက ချိတ်ဆက်နေပါတယ်။

၆။ အင်တာမီလန်အသင်းဟာ ဖီအိုရင်တီးနားအသင်းရဲ့ နောက်ခံအစွန်လူ ဘီရာဂီကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။ ဘီရာဂီကို ဘရာဇီးလ်သား ဒဲလ်ဘတ်နဲ့ အလဲအထပ်ပြုလုပ်သွားဖို့ အင်တာမီလန်အသင်း စီစဉ်နေခြင်း ဖြစ်ပါတယ်။

၇။ ပီအက်စ်ဂျီအသင်းဟာ နေမာကို ရီးယဲလ်မက်ဒရစ် သို့ ဘာစိလိုနာအသင်းထံ လက်လွှတ်သွားဖို့ မျှော်လင့်ထားတဲ့အတွက် ဂျူဗင်တပ်တိုက်စစ်မှူး ဒီဘားလားကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။

၈။ ရိုးမားအသင်းဟာ အက်သလက်တီကိုအသင်းရဲ့တိုက်စစ်မှူး ကာလီနစ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။ ပက်ထရစ်ရှက်ခ်နဲ့ ဒီဖရယ်တို့ ထွက်ခွာသွားပြီးနောက်ပိုင်းမှာ အသက် (၃၁)နှစ်သားနဲ့ တိုက်စစ်အားဖြည့်ဖို့ ရိုးမားအသင်း စီမံနေခြင်းပါ။



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!