လီဗာပူးလ္နဲ႔ မန္စီးတီးသတင္းတိုမ်ား ၂၂၊ ၈၊ ၂၀၁၉

[ZawGyi]
၁။ လီဗာပူးလ္အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနတဲ့ ေနာက္ခံလူ ဒီဂ်န္လိုဗရန္ဟာ ဂ်ာမနီကလပ္ ေလဗာကူဆင္အသင္းကို ေျပင္းေရႊ႕ဖြယ္ ရိွေနပါတယ္။ ခရိုေအးရွားသားဟာ ရိုးမားအသင္းနဲ႔ ေဆြးေႏြးခဲ့ေပမယ့္လည္း အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့သူ ျဖစ္ပါတယ္။

၂။ မန္စီးတီးအသင္းဟာ ဗလက္ဇ္ဆာစဖီးလ္အသင္းရဲ႕ အာဂ်င္တီးနားကြင္းလယ္လူ တီယာဂိုအယ္မာဒါကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။ အသက္ (၁၈)ႏွစ္သားေလးဟာ အခုခ်ိန္အထိ စာခ်ဳပ္သက္တမ္းတုိးျမွင့္ႏိုင္ျခင္း မရိွေသးသူ ျဖစ္ပါတယ္။

၃။ နည္းျပယာဂင္ကေလာ့ပ္ဟာ အသက္ (၂၀)အရြယ္ လူငယ္ကြင္းလယ္ၾကယ္ပြင့္ေလး ဟာဘီကိန္းကို ခါရာေဘာင္ဖလားျပိဳင္ပြဲေတြမွာ အခြင့္အေရးေပးကာ အသံုးျပဳသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ အဂၤလန္သားေလးကို ပို႔စ္ေမာက္၊ ဆန္းဒါးလန္းနဲ႔ ကိုဗင္ထရီတို႔က အငွားေခၚယူဖို႔ စိတ္ဝင္စားေနခ်ိန္မွာ ကေလာ့ပ္က လီဗာပူးလ္မွာပဲ ဆက္ထားဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

၄။ ျပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ မန္စီးတီအသင္းရဲ႕ ဆုတံဆိပ္အပိုေတာင္းခံမႈကို ပရီးမီးယားလိဂ္ေဘာလံုးအဖြဲ႕ခ်ဳပ္က ပယ္ခ်ခဲ့ပါတယ္။ မန္စီးတီးအသင္းကို ဆုတံဆိပ္ေပါင္း (၄၀)အထိ ေပးထားခဲ့မႈဟာ လံုေလာက္တဲ့အေရအတြက္ ျဖစ္တယ္လို႔ ပရီးမီးယားလိဂ္ဘက္က တံု႔ျပန္ခဲ့တာပါ။

၅။ ကမၻာ့အေကာင္းဆံုး ဗဟုိခံစစ္မွဴး (၁၀)ေယာက္ကို Four Four Two က ေရြးခ်ယ္ခဲ့ရာမွာ လီဗာပူးလ္ရဲ႕ ဗန္ဒိုက္စ္က မက္ဂြဲရား၊ အယ္ဒါဝယ္ရာ၊ ခ်ီလီနီ၊ ဗန္တြန္ဂန္၊ ပီေကး၊ ရာမို႔စ္၊ လာေပါ့တီ၊ ကူလီေဘလီ၊ ဗာရန္းတို႔ရဲ႕ ေက်ာ္ျဖတ္ျပီး ထိပ္ဆံုးက ဦးေဆာင္ခဲ့ပါတယ္။

၆။ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ၾကာ အနားယူေနခဲ့ရတဲ့ ဘယ္ေနာက္ခံလူ ဘင္ဂ်ာမင္မန္ဒီဟာ မန္စီးတီးအသင္းနဲ႔အတူ ပထမဆံုးအၾကိမ္ အျပည့္အဝေလ့က်င့္ခန္း ဆင္းႏုိင္ခဲ့ျပီျဖစ္ေၾကာင္း သိရပါတယ္။

၇။ မန္စီးတီးေတာင္ပံတိုက္စစ္ၾကယ္ပြင့္ေဟာင္း ေရွာင္ရိုက္ဖီးလစ္ကေတာ့ ရာဟင္မ္စတားလင္းဟာ လူမ်ိဳးေရးခြဲျခားမႈေတြအတြက္ စံနမူနာထားထိုက္တဲ့ ကစားသမားတဦးျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ အဂၤလန္သားဟာ ျပီးခဲ့တဲ့ရာသီမွာ လူမ်ိဳးေရးခြဲျခားခံရမႈေတြနဲ႔ၾကံဳေတြ႕ခဲ့ရေပမယ့္လည္း အေကာင္းဆံုးေျခစြမ္းေတြနဲ႔ ေက်ာ္ျဖတ္ျပသခဲ့သူ ျဖစ္ပါတယ္။

၈။ ကြင္းလယ္ကစားသမား ကီဗင္ဒီဘရိုင္းဟာ ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ အၾကိမ္ (၅၀)ျပည့္ေျမာက္ဖို႔ တစ္ၾကိမ္သာ လိုအပ္ေတာ့ျပီး ဘုန္းေမာက္ပြဲမွာသာ ဖန္တီးမႈတစ္ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့ပါက အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္ရဲ႕စံခ်ိန္ကို အမီလိုက္ႏုိင္မွာ ျဖစ္ပါတယ္။

[Unicode]
၁။ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ နောက်ခံလူ ဒီဂျန်လိုဗရန်ဟာ ဂျာမနီကလပ် လေဗာကူဆင်အသင်းကို ပြေင်းရွှေ့ဖွယ် ရှိနေပါတယ်။ ခရိုအေးရှားသားဟာ ရိုးမားအသင်းနဲ့ ဆွေးနွေးခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သူ ဖြစ်ပါတယ်။

၂။ မန်စီးတီးအသင်းဟာ ဗလက်ဇ်ဆာစဖီးလ်အသင်းရဲ့ အာဂျင်တီးနားကွင်းလယ်လူ တီယာဂိုအယ်မာဒါကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် (၁၈)နှစ်သားလေးဟာ အခုချိန်အထိ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခြင်း မရှိသေးသူ ဖြစ်ပါတယ်။

၃။ နည်းပြယာဂင်ကလော့ပ်ဟာ အသက် (၂၀)အရွယ် လူငယ်ကွင်းလယ်ကြယ်ပွင့်လေး ဟာဘီကိန်းကို ခါရာဘောင်ဖလားပြိုင်ပွဲတွေမှာ အခွင့်အရေးပေးကာ အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်သားလေးကို ပို့စ်မောက်၊ ဆန်းဒါးလန်းနဲ့ ကိုဗင်ထရီတို့က အငှားခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ ကလော့ပ်က လီဗာပူးလ်မှာပဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၄။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီအသင်းရဲ့ ဆုတံဆိပ်အပိုတောင်းခံမှုကို ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ပါတယ်။ မန်စီးတီးအသင်းကို ဆုတံဆိပ်ပေါင်း (၄၀)အထိ ပေးထားခဲ့မှုဟာ လုံလောက်တဲ့အရေအတွက် ဖြစ်တယ်လို့ ပရီးမီးယားလိဂ်ဘက်က တုံ့ပြန်ခဲ့တာပါ။

၅။ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး (၁၀)ယောက်ကို Four Four Two က ရွေးချယ်ခဲ့ရာမှာ လီဗာပူးလ်ရဲ့ ဗန်ဒိုက်စ်က မက်ဂွဲရား၊ အယ်ဒါဝယ်ရာ၊ ချီလီနီ၊ ဗန်တွန်ဂန်၊ ပီကေး၊ ရာမို့စ်၊ လာပေါ့တီ၊ ကူလီဘေလီ၊ ဗာရန်းတို့ရဲ့ ကျော်ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။

၆။ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတဲ့ ဘယ်နောက်ခံလူ ဘင်ဂျာမင်မန်ဒီဟာ မန်စီးတီးအသင်းနဲ့အတူ ပထမဆုံးအကြိမ် အပြည့်အဝလေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

၇။ မန်စီးတီးတောင်ပံတိုက်စစ်ကြယ်ပွင့်ဟောင်း ရှောင်ရိုက်ဖီးလစ်ကတော့ ရာဟင်မ်စတားလင်းဟာ လူမျိုးရေးခွဲခြားမှုတွေအတွက် စံနမူနာထားထိုက်တဲ့ ကစားသမားတဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီမှာ လူမျိုးရေးခွဲခြားခံရမှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့်လည်း အကောင်းဆုံးခြေစွမ်းတွေနဲ့ ကျော်ဖြတ်ပြသခဲ့သူ ဖြစ်ပါတယ်။

၈။ ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု အကြိမ် (၅၀)ပြည့်မြောက်ဖို့ တစ်ကြိမ်သာ လိုအပ်တော့ပြီး ဘုန်းမောက်ပွဲမှာသာ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါက အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ရဲ့စံချိန်ကို အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။



error: Content is protected !!