လာလီဂါနဲ့ စီးရီးအေသတင်းတိုများ ၂၂၊ ၈၊ ၂၀၁၉
[ZawGyi]
[Unicode]
၁။ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ လေဗာကူဆင်အသင်းရဲ့ တိုက်စစ်ကစားသမားလေး ကိုင်းဟာဗက်ဇ်ကို ပရီးမီးယားလိဂ်အသင်းတွေနဲ့ အပြိုင်ခေါ်ယူရန် စောင့်ကြည်နေတယ်လို့ Sport 1 သတင်းဌာနက ဖော်ပြထားပါတယ်။
၂။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂျပန်လူငယ်တိုက်စစ်ကြယ်ပွင့်လေး တာကီဖူဆာကူဘိုဟာ မာလော်ကာအသင်းကို တရာသီအငှားနဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။ အသက် (၁၈)နှစ်သားလေးဟာ ဂျပန်မက်ဆီအဖြစ် နာမည်ကြီးနေသူ ဖြစ်ပါတယ်။
၃။ တိုက်စစ်မှူးအန်တွိုင်နီဂရစ်ဇ်မန်းကတော့ ဘာစီလိုနာအသင်း နေမာကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် စိတ်ပျက်မယ်ဆိုတဲ့သတင်းတွေကို ” ခင်ဗျားတို့ ဘယ်လိုသိလဲ။ ” လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ကာ ငြင်းဆန်တုံ့ပြန်သွားခဲ့ပါတယ်။
၄။ ဝက်ဒ်ဖို့ဒ်အသင်းဟာ ကွင်းလယ်ကစားသမား ကန်ဆီမာကို အီတလီကလပ် အူဒီနီးစ်အသင်းကို တစ်ရာသီအငှား စေလွှတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် (၂၅)နှစ်သားဟာ (၂၀၁၈)ခုနှစ်က ဝက်ဒ်ဖို့ဒ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး (၂၂)ပွဲ ကစားခွင့် ရထားပါတယ်။
၅။ အင်တာမီလန်အသင်းဟာ မန်ယူနိုက်တက်တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူဖို့အတွက် အခုထက်ထိ သဘောတူညီမှု မရသေးဘူးလို့ သိရပါတယ်။ ကစားသမားကို စည်းရုံးထားနိုင်ပြီဖြစ်ပေမယ့် မန်ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုမရသေးတာ ဖြစ်ပါတယ်။
၆။ ဒေါ့မွန်ကွင်းလယ်ကစားသမား အေဇယ်ဝစ်ဆယ်လ်က သူ့အနေနဲ့ ရီးယဲလ်မက်ဒရစ်၊ မန်ယူနိုက်တက်နဲ့ ဂျူဗင်တပ်အသင်းတို့ထံ ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့ဖူးတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
၇။ စပို့တင်းလစ္စဘွန်းကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပေါ်တူဂီသားဟာ ဒီနှစ်ရာသီမှာ လစ္စဘွန်းကို စွန့်ခွာချင်နေပြီး ထိပ်တန်းကလပ်အသင်းတွေဆီ ပြောင်းရွှေ့ချင်နေပါတယ်။
၈။ ရိုးမားတိုက်စစ်မှူးဒီဇီကိုက အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ခြင်းမှာ အသင်းဖော် ဖလော်ရန်ဇီက အသင်းခေါင်းဆောင်လက်ပတ်ပေးပြီး စည်းရုံးသိမ်းသွင်းခဲ့တာကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
error: Content is protected !!