လီဗာပူးလ္နဲ႔ပြဲမွာ စမ္းသပ္ခံရမယ့္ အာဆင္နယ္အသင္းရဲ႕ ေသြးသစ္ကြင္းလယ္တန္း (လီဗာပူးလ္ – အာဆင္နယ္ပြဲအေပၚ နည္းဗ်ဴဟာပိုင္းအရ ခ်ဥ္းကပ္ၾကည့္ျခင္း)

လာမယ့္ စေနေန႔ညမွာ အန္ဖီးလ္ဒ္ကြင္းမွာ လီဗာပူးလ္အသင္းနဲ႔သြားေရာက္ရင္ဆုိင္ရမယ့္ အာဆင္နယ္အသင္းရဲ႕ အေနအထားကို နည္းစနစ္ပိုင္း သံုးသပ္သူ ေအဒရီယန္ ကလာ့ခ္က ပရီးမီးယားလိဂ္ဝက္ဘ္ဆုိက္အတြက္ နည္းစနစ္ပိုင္းအျမင္နဲ႔ သံုးသပ္ခ်က္ေရးသားေပးခဲ့ပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ကလာ့ခ္ရဲ႕ ေဆာင္းပါးကို မွီျငမ္းကိုးကားျပီး ခုစာကို ေရးပါတယ္။

လီဗာပူးလ္နဲ႔ပြဲဟာ အာဆင္နယ္အသင္းရဲ႕ ငယ္ရြယ္ပ်ိဳျမစ္တဲ့ ကြင္းလယ္ အစုအဖြဲ႕နဲ႔ လတ္ေလာ ေဝဖန္ခံေနရတဲ့ လီဗာပူးလ္အသင္းရဲ႕ ခံစစ္ေၾကာင္းတို႔ရဲ႕ အရည္အေသြးအမွန္ကို စမ္းသပ္စစ္ေဆးမယ့္ ပြဲစဥ္တစ္ပြဲျဖစ္ပါတယ္။

စေနေန႔ပြဲအတြက္ အာဆင္နယ္အသင္းမွာ အဓိက က်လာမွာက စီဘာေယာ့စ္ပါ။ ဘန္ေလနဲ႔ပြဲမွာတုန္းက ရွာခါ၊ အိုေဇးလ္တို႔ ဒါဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့သလို ေတာ္ရဲယားကလည္း ၾကံ့ခိုင္မႈ အေျခအေနေၾကာင့္ ဒုတိယပိုင္းမွ ဝင္ကစားခဲ့ပါတယ္။ အဲ့ဒီပြဲတုန္းက စီဘာေယာ့စ္၊ ေဝးေလာ့ခ္တို႔ရဲ႕ No.10 role နဲ႔ No.8 role ကို အလွည့္က် ကစားေစတဲ့စနစ္က အလုပ္ျဖစ္ခဲ့ပါတယ္။ တစ္ဦးက No.10 role ကို ဝင္ကစားခ်ိန္မွာ က်န္တစ္ဦးက No.8 role ကို ဝင္ယူျပီး Deep-lying role မွာ ကစားေနတဲ့ ဂြမ္ဒူဇီကို ဝင္ကူတဲ့စနစ္ျဖစ္ပါတယ္။ အထူးသျဖင့္ စီဘာေယာ့စ္တစ္ေယာက္ ကြင္းလယ္ဖန္တီးရွင္ေနရာကို ရယူခ်ိန္မွာ အသင္းရဲ႕ တုိက္စစ္ထက္ျမက္မႈက အရမ္းကို သိသာခဲ့ပါတယ္။ ဂိုးဖန္တီးမႈ ၂ ၾကိမ္ လုပ္ႏုိင္ခဲ့တာက သက္ေသပါပဲ။

ေအဒရီယန္ ကလာ့ခ္ရဲ႕ အလိုအရေတာ့ စေနညပြဲမွာ (၃ ဦးေပါင္း ပ်မ္းမွ်အသက္ ၂၁ ႏွစ္သာရွိတဲ့) ဒီလူငယ္ေသြးသစ္ ၃ ဦးကို ဆက္သံုးဖို႔ တုိက္တြန္းထားပါတယ္။ ေလ့က်င့္ခန္းျပန္ဆင္းႏုိင္ေနျပီျဖစ္တဲ့ အိုေဇးလ္နဲ႔ ရွာခါတို႔ကို သံုးတာထက္ ဒီလူငယ္အတြဲအဖက္ကို ဆက္သံုးတာက အသင္းအတြက္ ပိုအက်ိဳးျဖစ္ထြန္းႏုိင္မယ္လုိ႔႔ ကၽြန္ေတာ္လည္း ၇၅% ေလာက္ ယံုၾကည္မိပါတယ္။ (က်န္ ၂၅% ကေတာ့ အသင္းၾကီးတစ္သင္းနဲ႔ရင္ဆုိင္ရာမွာ အေတြ႕အၾကံဳပိုင္းက အားနည္းခ်က္ျဖစ္လာမလား စိုးရိမ္တာပါ)

အာဆင္နယ္ကြင္းလယ္ရဲ႕ လတ္ဆတ္မႈဟာ ျပိဳင္ဘက္အသင္းေတြအတြက္ ထူးျခားတဲ့ အေတြ႕အၾကံဳေတြျပန္ေပးႏုိင္တယ္ဆိုတဲ့ ယူဆခ်က္ေတြလည္း ရွိပါတယ္။ သူတို႔ရဲ႕ တက္ၾကြမႈ၊ အင္တုိက္အားတုိက္နဲ႔ က်ားကုတ္က်ားခဲ စိတ္အားထက္သန္မႈ၊ နည္းနစ္ပိုင္း အရည္အေသြးၾကြယ္ဝမႈေတြက ျပိဳင္ဘက္ေတြနဲ႔ ပခံုးခ်င္းယွဥ္ႏုိင္တဲ့ အေနအထားမွာ ရွိေနတာေၾကာင့္ပါ။

ဘန္ေလနဲ႔ပြဲတုန္းက အာဆင္နယ္အသင္းဟာ ၄-၃-၃ အေျခခံနဲ႔ ပြဲထြက္လာေပမယ့္ ပြဲခ်ိန္အတြင္းမွာပဲ ၄-၂-၁-၃ နဲ႔ ၄-၂-၃-၁ ကစားဟန္ေတြကို လိုအပ္သလို ေျပာင္းလဲကစားသြားခဲ့ပါတယ္။ မိနစ္ ၉၀ ကစားခ်ိန္အတြင္း ကစားကြက္ ၃ မ်ိဳး အံဝင္ခြင္က် အလဲအေျပာင္းလုပ္ျပဳႏုိင္ဖို႔အတြက္ နည္းစနစ္ပိုင္းအရ အရည္အေသြးျမင့္ကစားသမားေတြလိုအပ္ပါတယ္။ အာဆင္နယ္ကြင္းလယ္မွာ အသက္အၾကီးဆံုးကစားသမားက ၂၃ ႏွစ္ျပည့္ျပီးတာမွ ရက္ပိုင္းသာရွိေသးတဲ့ စီဘာေယာ့စ္ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ ၃ ဦးဟာ အသက္အရြယ္နဲ႔မလိုက္ေအာင္ စြမ္းေဆာင္ျပႏုိင္ခဲ့ပါတယ္။ ဒီေတာ့ လီဗာပူးလ္နဲ႔ပြဲမွာ ဒီလူငယ္ ၃ ဦးနဲ႔ အာဆင္နယ္ ဆက္ျပီး ပြဲထြက္လာမလား။ ၁၀၀% မေသခ်ာပါဘူး။ ဒါေပမယ့္ အာဆင္နယ္ကြင္းလယ္လူေဟာင္းျဖစ္တဲ့ ေအဒရီယန္ ကလာ့ခ္ကေတာ့ အဲ့လိုဆက္ျပီး ပြဲထြက္ခိုင္းဖို႔ တုိက္တြန္းထားပါတယ္။

“အန္ဖီးလ္ဒ္ပြဲကို ဘယ္လုိခ်ဥ္းကပ္မလဲ”

ဒီေနရာမွာ ဘန္ေလနဲ႔ပြဲတုန္းက ေျခစြမ္းထက္ မႏွစ္ကရာသီ အန္ဖီးလ္ဒ္ကြင္းမွာ လီဗာပူးလ္ကို ဂိုးျပတ္ရံႈးတုန္းက အာဆင္နယ္အသင္းကြင္းလယ္ကစားသမားေတြရဲ႕ အေျခအေနကို ပိုျပီး ေျပာျပခ်င္ပါတယ္။

ရမ္ေဆး၊ ရွာခါ၊ ေတာ္ရဲယားတို႔ရဲ႕ စုဖြဲ႕ပြဲထြက္လာတဲ့ အာဆင္နယ္ကြင္းလယ္ဟာ အဲ့ဒီပြဲစဥ္မွာတုန္းက အျမန္ႏႈန္းနဲ႔ စုစည္းမႈမရွိခဲ့သလို တည္ျငိမ္မႈလည္း ေပ်ာက္ဆံုးေနခဲ့ပါတယ္။ ကြင္းလယ္ဟာ ခံစစ္တန္းကို ကာကြယ္ႏုိင္ဖို႔ ေနေနသာသာ သူတုိ႔ကိုယ္တုိင္ေတာင္ အကာအကြယ္ မဲ့ေနခဲ့တာပါ။ လူငယ္ၾကယ္ပြင့္ ၃ ေယာက္ဟာ ဒီအခ်က္ေတြကို ျပန္လည္ျပင္ဆင္ႏုိင္ၾကပါတယ္။ သူတို႔မွာ အဲ့တုန္းက အားနည္းခ်က္ေတြကို ျပင္ဆင္ႏုိင္တဲ့ အရည္အေသြးရွိထားပါတယ္။

ဒန္နီ၊ မက္တီယိုနဲ႔ ဂ်ိဳးတို႔မွာ သူတို႔ ေျခေထာက္ထဲက ေဘာလံုးအေပၚ ယုံၾကည္မႈရွိရွိ ထိမ္းခ်ဳပ္ကစားႏုိင္စြမ္း အျပည့္ရွိပါတယ္။ ေဘာလံုးကို ႏုိင္ႏုိင္နင္းနင္း စီမံႏုိင္တာက လီဗာပူးလ္အသင္း တည္ေဆာက္လာမယ့္ pressing game ကစားဟန္ကို တုန္႔ျပန္ရာမွာ အေရးအပါဆံုးအခ်က္ျဖစ္ပါတယ္။ ကြင္းထဲမွာ ၾကံခုိင္ဖ်က္လတ္မႈအျပည့္နဲ႔ ကစားႏုိင္စြမ္းကလည္း အဲ့ဒီေန႔မွာ ႏွစ္ဘက္ကြင္းလယ္လူေတြအၾကား အေရးပါတဲ့ အခ်က္ျဖစ္လာမွာပါ။ အမ္မရီအေနနဲ႔ ခံစစ္ကို ပိုျပီး ကာကြယ္ခ်င္ရင္ ၂၃ ႏွစ္သား ေတာ္ရဲယားကို ထည့္သြင္းျပီး ျပင္ဆင္မႈျပဳလုပ္ႏုိင္ပါတယ္။ ဒီလိုေျပာင္းလဲလိုက္ရင္ေတာင္မွာ လက္ရွိ အာဆင္နယ္ကြင္းလယ္တန္းရဲ႕ ေအာင္ပြဲအေပၚ ဆာေလာက္စြာကစားတတ္တဲ့ ပံုစံက ပ်က္သြားဦးမွာမဟုတ္ပါဘူး။

ေနာက္ထပ္ အဓိကအခ်က္ျဖစ္လာမွာက အထိုင္ကစားဟန္ပါပဲ။ ပရီးမီးယားလိဂ္ဝက္ဘ္ဆုိက္ရဲ႕ သံုးသပ္ခ်က္ကေတာ့ ၄-၃-၃ ကို ေထာက္ခံခ်က္ေပးထားပါတယ္။ No.10 role ကို ဖယ္ထုတ္ျပီး ကြင္းလယ္စုစည္းမႈအားကို ပိုအသံုးခ်တာက တုိက္စစ္အစုအဖြဲ႕အတြက္ ပိုအေထာက္အကူျဖစ္ႏုိင္သလို ခံစစ္တန္းကိုလည္း ပိုကာကြယ္ႏုိင္မယ္လုိ႔ အဲ့ဒီသံုးသပ္ခ်က္က ဆိုထားပါတယ္။ ၄-၃-၃ ရဲ႕ အားသာခ်က္ကေတာ့ ထိေရာက္တဲ့ တန္ျပန္တုိက္စစ္ေတြ စတင္ဖို႔ ခံစစ္ကေန တုိက္စစ္ကို ကူးေျပာင္းရာမွာ ပိုျပီးအလုပ္ျဖစ္တာပါပဲ။ အူဘာမီယန္း၊ လာကာဇက္နဲ႔ ပပ္ေပ (ပါဝင္ကစားခြင့္ရခဲ့မယ္ဆိုရင္) တို႔အတြက္ ပိုအဆင္ေျပႏိုင္တယ္လုိ႔ ယူဆရတဲ့ ကစားကြက္မ်ိဳးပါ။

“လီဗာပူးလ္အတြက္ မႏွစ္က အားသာခ်က္ ဒီႏွစ္ အားနည္းခ်က္”

ပထမပြဲစဥ္ ႏွစ္ပြဲအျပီးမွာ လီဗာပူးလ္မွာ ေထာက္ျပစရာေတြ ရွိလာခဲ့ပါတယ္။ အားနည္းခ်က္ေတြခ်ည္းပဲ မဟုတ္ပါဘူး။ အားသာခ်က္ေတြလည္း ပါပါတယ္။ အားသာခ်က္ကေတာ့ မႏွစ္ကရာသီကထက္ ဖြင့္တိုက္ပံု ပိုေကာင္းလာတာပါပဲ။ လီဗာပူးလ္တုိက္စစ္ဟာ မႏွစ္ကထက္ ပိုထက္ျမက္လာႏုိင္တယ္ဆိုတဲ့ သေဘာပါ။

တစ္ဖက္မွာလည္း မႏွစ္ကရာသီတုန္းက တစ္ရာသီလံုးမွာမွ ေပးဂိုး ၂၂ ဂိုးသာ ရွိခဲ့တဲ့ လီဗာပူးလ္အသင္းဟာ ေနာက္ဆံုး ကစားထားတဲ့ ပြဲစဥ္ ၃ ပြဲမွာ ၄ ဂိုးအထိ ေပးထားရပါတယ္။ ေနာ္ဝစ္ခ်္နဲ႔ပြဲစဥ္မွာ ဂိုးကန္သြင္းခြင့္ ၂၆ ၾကိမ္အထိေပးခဲ့ရျပီး ခ်ယ္လ္ဆီးကို အၾကိမ္ ၂၀ နဲ႔ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ ၁၇ ၾကိမ္ေပးခဲ့ရပါတယ္။ ဒါဟာ ဗန္ဒိုက္ခ်္ဦးေဆာင္ေနတဲ့ လီဗာပူးလ္ခံစစ္တန္းအတြက္ေတာ့ အံ့အားသင့္စရာ မွတ္တမ္းျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူေတြနဲ႔ ခံစစ္အစြန္လူေတြအၾကားမွာ ဟာကြက္ေတြ မၾကာခနေပၚေနတာဟာ နည္းျပ ယာဂင္ ကေလာ့ပ္ မျဖစ္မေနျပင္ဆင္ရမယ့္ ယိုေပါက္တစ္ခုျဖစ္ေနျပီး ယခင္ပြဲစဥ္ေတြတုန္းကလိုသာ ဆက္ကစားေနမယ္ဆိုရင္ အာဆင္နယ္အသင္း တုိက္စစ္ရဲ႕ Frontline ၃ ေယာက္ဟာ ျပီးခဲ့တဲ့ ၃ ပြဲက တုိက္စစ္ကစားသမားေတြထက္ ေခါင္းတစ္လံုးမက ပိုျမင့္ေနတဲ့ ထိပ္တန္းကစားသမားေတြမုိ႔ လီဗာပူးလ္အတြက္ အက်ပ္အတည္းေတြျဖစ္လာႏုိင္စရာရွိေနပါတယ္။

လက္ရွိ လီဗာပူးလ္ခံစစ္ရဲ႕ အားနည္းခ်က္ဟာ အယ္လီဆင္ ဒါဏ္ရာရရွိသြားတာနဲ႔လည္း တုိက္ရိုက္ သက္ဆုိင္ေနပါတယ္။ ေအဒရီယန္ဟာ လက္စြမ္းနိမ့္က်တဲ့ ဂိုးသမားတစ္ေယာက္မဟုတ္ေပမယ့္ အသင္းေဖာ္ေတြနဲ႔ နားလည္မႈတည္ေဆာက္မႈပိုင္းမွာ ယခုထက္ အခ်ိန္ပိုယူဖို႔ လိုအပ္ေနသလို ခံစစ္မွဴးေတြဆီကလည္း အျပည့္အဝ ယံုၾကည္မႈမရေသးပါဘူး။ ဒီအခ်က္ဟာ စိတ္ပိုင္းဆိုင္ရာ ျပႆနာျဖစ္ေနတာမုိ႔ လီဗာပူးလ္အတြက္ေတာ့ ျပင္ဆင္ရခက္ေနပါတယ္။

ဒါတင္ပဲလားဆိုရင္ေတာ့ ေအဒရီယန္အေနနဲ႔ ပင္နယ္တီ ဧရိယာထဲမွာ ေနရာယူပံု အားနည္းခ်က္ အနည္းငယ္ရွိေနတာနဲ႔ ေဘာလံုးေပးပို႔ပံု သက္ေသာင့္သက္သာမရွိတာကလည္း လီဗာပူးလ္ခံစစ္တန္းကို တည္ျငိမ္မႈပ်က္ျပားေစပါတယ္။ သူ႔ရဲ႕ အေသးအဖြဲ အမွားတစ္ခ်ိဳ႕ဟာ စိန္႔ေမရီမွာတုန္းကေတာ့ ေပးဆပ္ခဲ့ရတာေတြ ရွိခဲ့ပါတယ္။ အာဆင္နယ္ဘက္ကသာ သူ႔ကို ပိုမိုျပီး ျပင္းျပင္းထန္ထန္ ဖိအားေပးႏုိင္ခဲ့မယ္ဆိုရင္ ယိုေပါက္ေတြ အမွားေတြ ပိုျဖစ္လာႏုိင္ပါေသးတယ္။ သိသာထင္ရွားတဲ့အခ်က္ကေတာ့ ေအဒရီယန္ဟာ ေဆာက္သမ္တန္နဲ႔ပြဲတုန္းက ခံစစ္အစြန္လူ ေရာ္ဘတ္ဆင္ထံ (၁၀ ၾကိမ္) ေဘာလံုး ပိုေပးခဲ့ျပီး ညာဘက္ျခမ္းက အာႏိုးလ္ဒ္ဆီ (၁ ၾကိမ္) ေဘာလံုးေပးပို႔မႈနည္းပါးခဲ့တာျဖစ္ပါတယ္။ ဗဟိုခံစစ္မွဴးေတြဆီေပးပို႔ရာမွာေတာ့ အမွားအယြင္းေတြပါရွိခဲ့ပါတယ္။ ဒီအခ်က္ဟာ ျပိဳင္ဘက္အာဆင္နယ္အသင္း ပစ္မွတ္ထား ဖိအားေပးလာႏုိင္တဲ့ အခ်က္ေတြထဲက တစ္ခ်က္ျဖစ္လာမွာပါ။

အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ ပြဲစဥ္ ၂ ပြဲအတြင္းမွာ ျပိဳင္ဘက္အသင္းကို သူတို႔ရဲ႕ ဧရိယာထဲမွာ ဆက္တုိက္ဖိအားေပးျပီး ေဘာလံုးဆယ္ထုတ္မႈ ၁၁ ၾကိမ္အထိ လုပ္ထားႏုိင္တဲ့အသင္းျဖစ္ပါတယ္။ ေနာက္ျပီး အာဆင္နယ္အသင္း ရရွိထားတဲ့ သြင္းဂိုး ၃ ဂိုးမွာ ေျခအႏႈတ္အသိမ္းျမန္ဆန္မႈရွိတာေၾကာင့္ ရခဲ့တဲ့ ဂိုး က ၂ ဂိုးပါဝင္ပါတယ္။

“ရည္မွန္းခ်က္ကိုယ္စီရွိၾကသည္ …”

လာမယ့္ စေနေန႔ပြဲစဥ္မွာ အာဆင္နယ္အသင္းအတြက္ေရာ လီဗာပူးလ္အသင္းအတြက္ပါ စိန္ေခၚမႈေတြ အျပည့္နဲ႔ပါ။ အာဆင္နယ္အသင္းဘက္မွာ ကြင္းလယ္ကို ဘယ္လိုပြဲထြက္မလဲဆိုတာကို နည္းျပ အမ္မရီတစ္ေယာက္ေခါင္းစားေနႏုိင္သလို လီဗာပူးလ္ဘက္မွာလည္း ဂိုးသမားျပႆနာအတြက္ ကေလာ့ပ္တစ္ေယာက္ အက်ပ္ေတြ႕ေနေလာက္ပါတယ္။

လက္ရွိမွာ ရာႏႈန္းျပည့္ႏုိင္ပြဲနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ အသင္း ၂ သင္းအေနနဲ႔ ေနာက္ထပ္ ရလဒ္ေကာင္းကို ပိုင္ဆုိင္ႏိုင္ဖို႔ အျပင္းအထန္ၾကိဳးစားၾကမွာပါ။ လီဗာပူးလ္အေနနဲ႔ လက္ရွိရာသီ ခ်န္ပီယံဆုအတြက္ စိန္ေခၚခ်င္ရင္ ရာသီအဖြင့္ မန္စီးတီး ေျခေခ်ာ္ခ်ိန္မွာ အခြင့္အေရးယူထားဖို႔လိုအပ္ေနသလို အာဆင္နယ္ဘက္ကလည္း သူတို႔ ေတာင့္တင္းလာေနျပီဆိုတာကို သက္ေသာျပခ်င္ရင္ ဒီလိုပြဲမ်ိဳးမွာ ရလဒ္ေကာင္း ယူႏုိင္ဖို႔ လိုအပ္ေနပါတယ္။

ႏွစ္သင္းလံုးမွာ တုိက္စစ္စုဖြဲ႕မႈေကာင္းတာ၊ ခံစစ္ယုိေပါက္ရွိတာေတြခ်င္းတူေနတာမို႔ ဒီပြဲမွာ ပိုေကာင္းတဲ့ကြင္းလယ္ စြမ္းေဆာင္ရည္ျပသႏုိင္တဲ့အသင္းက ရလဒ္ေကာင္းရယူသြားႏုိင္မယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္လည္း ဒီပြဲအတြက္ အျဖစ္ႏုိင္ဆံုး အေျဖကေတာ့ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရရလဒ္လို႔ ယူဆပါတယ္။

(ယခုေဆာင္းပါးကို The Daily Gooners မွ ပ့ံပိုးပါသည္)

 

Unicode

 

လာမယ့် စနေနေ့ညမှာ အန်ဖီးလ်ဒ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့သွားရောက်ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းရဲ့ အနေအထားကို နည်းစနစ်ပိုင်း သုံးသပ်သူ အေဒရီယန် ကလာ့ခ်က ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်အတွက် နည်းစနစ်ပိုင်းအမြင်နဲ့ သုံးသပ်ချက်ရေးသားပေးခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကလာ့ခ်ရဲ့ ဆောင်းပါးကို မှီငြမ်းကိုးကားပြီး ခုစာကို ရေးပါတယ်။

လီဗာပူးလ်နဲ့ပွဲဟာ အာဆင်နယ်အသင်းရဲ့ ငယ်ရွယ်ပျိုမြစ်တဲ့ ကွင်းလယ် အစုအဖွဲ့နဲ့ လတ်လော ဝေဖန်ခံနေရတဲ့ လီဗာပူးလ်အသင်းရဲ့ ခံစစ်ကြောင်းတို့ရဲ့ အရည်အသွေးအမှန်ကို စမ်းသပ်စစ်ဆေးမယ့် ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

စနေနေ့ပွဲအတွက် အာဆင်နယ်အသင်းမှာ အဓိက ကျလာမှာက စီဘာယော့စ်ပါ။ ဘန်လေနဲ့ပွဲမှာတုန်းက ရှာခါ၊ အိုဇေးလ်တို့ ဒါဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့သလို တော်ရဲယားကလည်း ကြံ့ခိုင်မှု အခြေအနေကြောင့် ဒုတိယပိုင်းမှ ဝင်ကစားခဲ့ပါတယ်။ အဲ့ဒီပွဲတုန်းက စီဘာယော့စ်၊ ဝေးလော့ခ်တို့ရဲ့ No.10 role နဲ့ No.8 role ကို အလှည့်ကျ ကစားစေတဲ့စနစ်က အလုပ်ဖြစ်ခဲ့ပါတယ်။ တစ်ဦးက No.10 role ကို ဝင်ကစားချိန်မှာ ကျန်တစ်ဦးက No.8 role ကို ဝင်ယူပြီး Deep-lying role မှာ ကစားနေတဲ့ ဂွမ်ဒူဇီကို ဝင်ကူတဲ့စနစ်ဖြစ်ပါတယ်။ အထူးသဖြင့် စီဘာယော့စ်တစ်ယောက် ကွင်းလယ်ဖန်တီးရှင်နေရာကို ရယူချိန်မှာ အသင်းရဲ့ တိုက်စစ်ထက်မြက်မှုက အရမ်းကို သိသာခဲ့ပါတယ်။ ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်နိုင်ခဲ့တာက သက်သေပါပဲ။

အေဒရီယန် ကလာ့ခ်ရဲ့ အလိုအရတော့ စနေညပွဲမှာ (၃ ဦးပေါင်း ပျမ်းမျှအသက် ၂၁ နှစ်သာရှိတဲ့) ဒီလူငယ်သွေးသစ် ၃ ဦးကို ဆက်သုံးဖို့ တိုက်တွန်းထားပါတယ်။ လေ့ကျင့်ခန်းပြန်ဆင်းနိုင်နေပြီဖြစ်တဲ့ အိုဇေးလ်နဲ့ ရှာခါတို့ကို သုံးတာထက် ဒီလူငယ်အတွဲအဖက်ကို ဆက်သုံးတာက အသင်းအတွက် ပိုအကျိုးဖြစ်ထွန်းနိုင်မယ်လို့ ကျွန်တော်လည်း ၇၅% လောက် ယုံကြည်မိပါတယ်။ (ကျန် ၂၅% ကတော့ အသင်းကြီးတစ်သင်းနဲ့ရင်ဆိုင်ရာမှာ အတွေ့အကြုံပိုင်းက အားနည်းချက်ဖြစ်လာမလား စိုးရိမ်တာပါ)

အာဆင်နယ်ကွင်းလယ်ရဲ့ လတ်ဆတ်မှုဟာ ပြိုင်ဘက်အသင်းတွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတွေပြန်ပေးနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ သူတို့ရဲ့ တက်ကြွမှု၊ အင်တိုက်အားတိုက်နဲ့ ကျားကုတ်ကျားခဲ စိတ်အားထက်သန်မှု၊ နည်းနစ်ပိုင်း အရည်အသွေးကြွယ်ဝမှုတွေက ပြိုင်ဘက်တွေနဲ့ ပခုံးချင်းယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေတာကြောင့်ပါ။

ဘန်လေနဲ့ပွဲတုန်းက အာဆင်နယ်အသင်းဟာ ၄-၃-၃ အခြေခံနဲ့ ပွဲထွက်လာပေမယ့် ပွဲချိန်အတွင်းမှာပဲ ၄-၂-၁-၃ နဲ့ ၄-၂-၃-၁ ကစားဟန်တွေကို လိုအပ်သလို ပြောင်းလဲကစားသွားခဲ့ပါတယ်။ မိနစ် ၉၀ ကစားချိန်အတွင်း ကစားကွက် ၃ မျိုး အံဝင်ခွင်ကျ အလဲအပြောင်းလုပ်ပြုနိုင်ဖို့အတွက် နည်းစနစ်ပိုင်းအရ အရည်အသွေးမြင့်ကစားသမားတွေလိုအပ်ပါတယ်။ အာဆင်နယ်ကွင်းလယ်မှာ အသက်အကြီးဆုံးကစားသမားက ၂၃ နှစ်ပြည့်ပြီးတာမှ ရက်ပိုင်းသာရှိသေးတဲ့ စီဘာယော့စ်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၃ ဦးဟာ အသက်အရွယ်နဲ့မလိုက်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒီတော့ လီဗာပူးလ်နဲ့ပွဲမှာ ဒီလူငယ် ၃ ဦးနဲ့ အာဆင်နယ် ဆက်ပြီး ပွဲထွက်လာမလား။ ၁၀၀% မသေချာပါဘူး။ ဒါပေမယ့် အာဆင်နယ်ကွင်းလယ်လူဟောင်းဖြစ်တဲ့ အေဒရီယန် ကလာ့ခ်ကတော့ အဲ့လိုဆက်ပြီး ပွဲထွက်ခိုင်းဖို့ တိုက်တွန်းထားပါတယ်။

“အန်ဖီးလ်ဒ်ပွဲကို ဘယ်လိုချဉ်းကပ်မလဲ”

ဒီနေရာမှာ ဘန်လေနဲ့ပွဲတုန်းက ခြေစွမ်းထက် မနှစ်ကရာသီ အန်ဖီးလ်ဒ်ကွင်းမှာ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးတုန်းက အာဆင်နယ်အသင်းကွင်းလယ်ကစားသမားတွေရဲ့ အခြေအနေကို ပိုပြီး ပြောပြချင်ပါတယ်။

ရမ်ဆေး၊ ရှာခါ၊ တော်ရဲယားတို့ရဲ့ စုဖွဲ့ပွဲထွက်လာတဲ့ အာဆင်နယ်ကွင်းလယ်ဟာ အဲ့ဒီပွဲစဉ်မှာတုန်းက အမြန်နှုန်းနဲ့ စုစည်းမှုမရှိခဲ့သလို တည်ငြိမ်မှုလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ ကွင်းလယ်ဟာ ခံစစ်တန်းကို ကာကွယ်နိုင်ဖို့ နေနေသာသာ သူတို့ကိုယ်တိုင်တောင် အကာအကွယ် မဲ့နေခဲ့တာပါ။ လူငယ်ကြယ်ပွင့် ၃ ယောက်ဟာ ဒီအချက်တွေကို ပြန်လည်ပြင်ဆင်နိုင်ကြပါတယ်။ သူတို့မှာ အဲ့တုန်းက အားနည်းချက်တွေကို ပြင်ဆင်နိုင်တဲ့ အရည်အသွေးရှိထားပါတယ်။

ဒန်နီ၊ မက်တီယိုနဲ့ ဂျိုးတို့မှာ သူတို့ ခြေထောက်ထဲက ဘောလုံးအပေါ် ယုံကြည်မှုရှိရှိ ထိမ်းချုပ်ကစားနိုင်စွမ်း အပြည့်ရှိပါတယ်။ ဘောလုံးကို နိုင်နိုင်နင်းနင်း စီမံနိုင်တာက လီဗာပူးလ်အသင်း တည်ဆောက်လာမယ့် pressing game ကစားဟန်ကို တုန့်ပြန်ရာမှာ အရေးအပါဆုံးအချက်ဖြစ်ပါတယ်။ ကွင်းထဲမှာ ကြံခိုင်ဖျက်လတ်မှုအပြည့်နဲ့ ကစားနိုင်စွမ်းကလည်း အဲ့ဒီနေ့မှာ နှစ်ဘက်ကွင်းလယ်လူတွေအကြား အရေးပါတဲ့ အချက်ဖြစ်လာမှာပါ။ အမ်မရီအနေနဲ့ ခံစစ်ကို ပိုပြီး ကာကွယ်ချင်ရင် ၂၃ နှစ်သား တော်ရဲယားကို ထည့်သွင်းပြီး ပြင်ဆင်မှုပြုလုပ်နိုင်ပါတယ်။ ဒီလိုပြောင်းလဲလိုက်ရင်တောင်မှာ လက်ရှိ အာဆင်နယ်ကွင်းလယ်တန်းရဲ့ အောင်ပွဲအပေါ် ဆာလောက်စွာကစားတတ်တဲ့ ပုံစံက ပျက်သွားဦးမှာမဟုတ်ပါဘူး။

နောက်ထပ် အဓိကအချက်ဖြစ်လာမှာက အထိုင်ကစားဟန်ပါပဲ။ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်ရဲ့ သုံးသပ်ချက်ကတော့ ၄-၃-၃ ကို ထောက်ခံချက်ပေးထားပါတယ်။ No.10 role ကို ဖယ်ထုတ်ပြီး ကွင်းလယ်စုစည်းမှုအားကို ပိုအသုံးချတာက တိုက်စစ်အစုအဖွဲ့အတွက် ပိုအထောက်အကူဖြစ်နိုင်သလို ခံစစ်တန်းကိုလည်း ပိုကာကွယ်နိုင်မယ်လို့ အဲ့ဒီသုံးသပ်ချက်က ဆိုထားပါတယ်။ ၄-၃-၃ ရဲ့ အားသာချက်ကတော့ ထိရောက်တဲ့ တန်ပြန်တိုက်စစ်တွေ စတင်ဖို့ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းရာမှာ ပိုပြီးအလုပ်ဖြစ်တာပါပဲ။ အူဘာမီယန်း၊ လာကာဇက်နဲ့ ပပ်ပေ (ပါဝင်ကစားခွင့်ရခဲ့မယ်ဆိုရင်) တို့အတွက် ပိုအဆင်ပြေနိုင်တယ်လို့ ယူဆရတဲ့ ကစားကွက်မျိုးပါ။

“လီဗာပူးလ်အတွက် မနှစ်က အားသာချက် ဒီနှစ် အားနည်းချက်”

ပထမပွဲစဉ် နှစ်ပွဲအပြီးမှာ လီဗာပူးလ်မှာ ထောက်ပြစရာတွေ ရှိလာခဲ့ပါတယ်။ အားနည်းချက်တွေချည်းပဲ မဟုတ်ပါဘူး။ အားသာချက်တွေလည်း ပါပါတယ်။ အားသာချက်ကတော့ မနှစ်ကရာသီကထက် ဖွင့်တိုက်ပုံ ပိုကောင်းလာတာပါပဲ။ လီဗာပူးလ်တိုက်စစ်ဟာ မနှစ်ကထက် ပိုထက်မြက်လာနိုင်တယ်ဆိုတဲ့ သဘောပါ။

တစ်ဖက်မှာလည်း မနှစ်ကရာသီတုန်းက တစ်ရာသီလုံးမှာမှ ပေးဂိုး ၂၂ ဂိုးသာ ရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပွဲစဉ် ၃ ပွဲမှာ ၄ ဂိုးအထိ ပေးထားရပါတယ်။ နော်ဝစ်ချ်နဲ့ပွဲစဉ်မှာ ဂိုးကန်သွင်းခွင့် ၂၆ ကြိမ်အထိပေးခဲ့ရပြီး ချယ်လ်ဆီးကို အကြိမ် ၂၀ နဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ၁၇ ကြိမ်ပေးခဲ့ရပါတယ်။ ဒါဟာ ဗန်ဒိုက်ချ်ဦးဆောင်နေတဲ့ လီဗာပူးလ်ခံစစ်တန်းအတွက်တော့ အံ့အားသင့်စရာ မှတ်တမ်းဖြစ်ပါတယ်။

ဗဟိုနောက်ခံလူတွေနဲ့ ခံစစ်အစွန်လူတွေအကြားမှာ ဟာကွက်တွေ မကြာခနပေါ်နေတာဟာ နည်းပြ ယာဂင် ကလော့ပ် မဖြစ်မနေပြင်ဆင်ရမယ့် ယိုပေါက်တစ်ခုဖြစ်နေပြီး ယခင်ပွဲစဉ်တွေတုန်းကလိုသာ ဆက်ကစားနေမယ်ဆိုရင် အာဆင်နယ်အသင်း တိုက်စစ်ရဲ့ Frontline ၃ ယောက်ဟာ ပြီးခဲ့တဲ့ ၃ ပွဲက တိုက်စစ်ကစားသမားတွေထက် ခေါင်းတစ်လုံးမက ပိုမြင့်နေတဲ့ ထိပ်တန်းကစားသမားတွေမို့ လီဗာပူးလ်အတွက် အကျပ်အတည်းတွေဖြစ်လာနိုင်စရာရှိနေပါတယ်။

လက်ရှိ လီဗာပူးလ်ခံစစ်ရဲ့ အားနည်းချက်ဟာ အယ်လီဆင် ဒါဏ်ရာရရှိသွားတာနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်။ အေဒရီယန်ဟာ လက်စွမ်းနိမ့်ကျတဲ့ ဂိုးသမားတစ်ယောက်မဟုတ်ပေမယ့် အသင်းဖော်တွေနဲ့ နားလည်မှုတည်ဆောက်မှုပိုင်းမှာ ယခုထက် အချိန်ပိုယူဖို့ လိုအပ်နေသလို ခံစစ်မှူးတွေဆီကလည်း အပြည့်အဝ ယုံကြည်မှုမရသေးပါဘူး။ ဒီအချက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နေတာမို့ လီဗာပူးလ်အတွက်တော့ ပြင်ဆင်ရခက်နေပါတယ်။

ဒါတင်ပဲလားဆိုရင်တော့ အေဒရီယန်အနေနဲ့ ပင်နယ်တီ ဧရိယာထဲမှာ နေရာယူပုံ အားနည်းချက် အနည်းငယ်ရှိနေတာနဲ့ ဘောလုံးပေးပို့ပုံ သက်သောင့်သက်သာမရှိတာကလည်း လီဗာပူးလ်ခံစစ်တန်းကို တည်ငြိမ်မှုပျက်ပြားစေပါတယ်။ သူ့ရဲ့ အသေးအဖွဲ အမှားတစ်ချို့ဟာ စိန့်မေရီမှာတုန်းကတော့ ပေးဆပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အာဆင်နယ်ဘက်ကသာ သူ့ကို ပိုမိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်ခဲ့မယ်ဆိုရင် ယိုပေါက်တွေ အမှားတွေ ပိုဖြစ်လာနိုင်ပါသေးတယ်။ သိသာထင်ရှားတဲ့အချက်ကတော့ အေဒရီယန်ဟာ ဆောက်သမ်တန်နဲ့ပွဲတုန်းက ခံစစ်အစွန်လူ ရော်ဘတ်ဆင်ထံ (၁၀ ကြိမ်) ဘောလုံး ပိုပေးခဲ့ပြီး ညာဘက်ခြမ်းက အာနိုးလ်ဒ်ဆီ (၁ ကြိမ်) ဘောလုံးပေးပို့မှုနည်းပါးခဲ့တာဖြစ်ပါတယ်။ ဗဟိုခံစစ်မှူးတွေဆီပေးပို့ရာမှာတော့ အမှားအယွင်းတွေပါရှိခဲ့ပါတယ်။ ဒီအချက်ဟာ ပြိုင်ဘက်အာဆင်နယ်အသင်း ပစ်မှတ်ထား ဖိအားပေးလာနိုင်တဲ့ အချက်တွေထဲက တစ်ချက်ဖြစ်လာမှာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲအတွင်းမှာ ပြိုင်ဘက်အသင်းကို သူတို့ရဲ့ ဧရိယာထဲမှာ ဆက်တိုက်ဖိအားပေးပြီး ဘောလုံးဆယ်ထုတ်မှု ၁၁ ကြိမ်အထိ လုပ်ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ နောက်ပြီး အာဆင်နယ်အသင်း ရရှိထားတဲ့ သွင်းဂိုး ၃ ဂိုးမှာ ခြေအနှုတ်အသိမ်းမြန်ဆန်မှုရှိတာကြောင့် ရခဲ့တဲ့ ဂိုး က ၂ ဂိုးပါဝင်ပါတယ်။

“ရည်မှန်းချက်ကိုယ်စီရှိကြသည် …”

လာမယ့် စနေနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက်ရော လီဗာပူးလ်အသင်းအတွက်ပါ စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ အာဆင်နယ်အသင်းဘက်မှာ ကွင်းလယ်ကို ဘယ်လိုပွဲထွက်မလဲဆိုတာကို နည်းပြ အမ်မရီတစ်ယောက်ခေါင်းစားနေနိုင်သလို လီဗာပူးလ်ဘက်မှာလည်း ဂိုးသမားပြဿနာအတွက် ကလော့ပ်တစ်ယောက် အကျပ်တွေ့နေလောက်ပါတယ်။

လက်ရှိမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်း ၂ သင်းအနေနဲ့ နောက်ထပ် ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားကြမှာပါ။ လီဗာပူးလ်အနေနဲ့ လက်ရှိရာသီ ချန်ပီယံဆုအတွက် စိန်ခေါ်ချင်ရင် ရာသီအဖွင့် မန်စီးတီး ခြေချော်ချိန်မှာ အခွင့်အရေးယူထားဖို့လိုအပ်နေသလို အာဆင်နယ်ဘက်ကလည်း သူတို့ တောင့်တင်းလာနေပြီဆိုတာကို သက်သောပြချင်ရင် ဒီလိုပွဲမျိုးမှာ ရလဒ်ကောင်း ယူနိုင်ဖို့ လိုအပ်နေပါတယ်။

နှစ်သင်းလုံးမှာ တိုက်စစ်စုဖွဲ့မှုကောင်းတာ၊ ခံစစ်ယိုပေါက်ရှိတာတွေချင်းတူနေတာမို့ ဒီပွဲမှာ ပိုကောင်းတဲ့ကွင်းလယ် စွမ်းဆောင်ရည်ပြသနိုင်တဲ့အသင်းက ရလဒ်ကောင်းရယူသွားနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲအတွက် အဖြစ်နိုင်ဆုံး အဖြေကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေရလဒ်လို့ ယူဆပါတယ်။

(ယခုဆောင်းပါးကို The Daily Gooners မှ ပံ့ပိုးပါသည်)



Leave a Reply

Your email address will not be published.

*
*
*

error: Content is protected !!