လီဗာပူးလ္သတင္းတိုမ်ား ၁၁၊ ၇၊ ၂၀၁၉

[ZawGyi]
၁။ လီဗာပူးလ္အသင္းဟာ တိုက္စစ္ၾကယ္ပြင့္ေလး ေအာ္ရီဂီကို ကာလရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။ Goal သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသက္ (၂၄)ႏွစ္သားရဲ႕ စာခ်ဳပ္ထဲမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး မပါဝင္ဘူးလို႔လည္း သိရပါတယ္။

၂။ ျမိဳ႕ခံျပိဳင္ဘက္ အဲဗာတန္အသင္းဟာ လီဗာပူးလ္အသင္း ပစ္မွတ္ထားေနတဲ့ လိုင္လီေတာင္ပံတိုက္စစ္ကစားသမား နီကုိးလက္စ္ပီပီကို အျပိဳင္ေခၚယူဖို႔ ၾကိဳးပမ္းလာခဲ့ေၾကာင္း Telegraph သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

၃။ အသက္ (၁၉)ႏွစ္အရြယ္ လီဗာပူးလ္ လူငယ္ဘယ္ေနာက္ခံၾကယ္ပြင့္ေလး အန္ဒါဆင္အာရိုယိုဟာ အသင္းၾကီးနဲ႔အတူ ေလ့က်င့္ခန္း ဆင္းေနတယ္လို႔ သိရပါတယ္။ ကိုလံဘီယာသားေလးဟာ မိုရီႏိုေနရာအတြက္ အစားထိုးမယ့္ ကစားသမားအျဖစ္ ေနာက္ထပ္ၾကယ္ပြင့္ေလးတဦးျဖစ္တဲ့ အဒမ္လူးဝစ္နဲ႔အျပိဳင္ ေရပန္းစားေနပါတယ္။

၄။ အာဆင္နယ္အသင္းမွာ ေျခစြမ္းျပကစားခဲ့ျပီး ဒီႏွစ္ေႏြမွာ ဂ်ဴဗင္တပ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ကြင္းလယ္ကစားသမား အာရြန္ရမ္ေဆးကို (၂၀၀၈)ခုႏွစ္တုန္းက လီဗာပူးလ္အသင္း ေပါင္ (၁)သန္းတည္းနဲ႔ ေခၚယူခြင့္ရခဲ့ေပမယ့္ လူငယ္ၾကယ္ပြင့္ ေဂ်းစပီယာရင္းရိွေနတဲ့အတြက္ လက္လႊတ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

၅။ ဘာစီလိုနာအသင္းသာ တိုက္စစ္ကစားသမား ဖီလစ္ပီေကာ္တင္ညိဳကို လက္လႊတ္ဖို႔ ဆံုးျဖတ္ခဲ့ပါက လီဗာပူးလ္အသင္း ေခၚယူသြားႏိုင္ေျခရိွေနတယ္လို႔ သတင္းေတြက ေဖာ္ျပပါတယ္။ ႏူးကမ့္အသင္းဘက္ကေတာ့ ဘရာဇီးလ္သားဟာ ေရာင္းရန္မဟုတ္ဘူးဆိုျပီး ထုတ္ျပန္ထားပါတယ္။

၆။ ဂိုးသမားျဖစ္သူ ဆီမြန္မစ္ဂ္ညိဳလက္ကေတာ့ ဒီႏွစ္ရာသီမွာလည္း အယ္လစ္ဆင္ရဲ႕ ဒုတိယဦးစားေပးအျဖစ္ ဆက္မရိွခ်င္ေတာ့တဲ့အတြက္ အန္းဖီးလ္ကေန အျပီးသတ္ ထြက္ခြာလိုေနပါတယ္။

[Unicode]
၁။ လီဗာပူးလ်အသင်းဟာ တိုက်စစ်ကြယ်ပွင့်လေး အော်ရီဂီကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် (၂၄)နှစ်သားရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး မပါဝင်ဘူးလို့လည်း သိရပါတယ်။

၂။ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းဟာ လီဗာပူးလ်အသင်း ပစ်မှတ်ထားနေတဲ့ လိုင်လီတောင်ပံတိုက်စစ်ကစားသမား နီကိုးလက်စ်ပီပီကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ကြောင်း Telegraph သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၃။ အသက် (၁၉)နှစ်အရွယ် လီဗာပူးလ် လူငယ်ဘယ်နောက်ခံကြယ်ပွင့်လေး အန်ဒါဆင်အာရိုယိုဟာ အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်း ဆင်းနေတယ်လို့ သိရပါတယ်။ ကိုလံဘီယာသားလေးဟာ မိုရီနိုနေရာအတွက် အစားထိုးမယ့် ကစားသမားအဖြစ် နောက်ထပ်ကြယ်ပွင့်လေးတဦးဖြစ်တဲ့ အဒမ်လူးဝစ်နဲ့အပြိုင် ရေပန်းစားနေပါတယ်။

၄။ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြကစားခဲ့ပြီး ဒီနှစ်နွေမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကို (၂၀၀၈)ခုနှစ်တုန်းက လီဗာပူးလ်အသင်း ပေါင် (၁)သန်းတည်းနဲ့ ခေါ်ယူခွင့်ရခဲ့ပေမယ့် လူငယ်ကြယ်ပွင့် ဂျေးစပီယာရင်းရှိနေတဲ့အတွက် လက်လွှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

၅။ ဘာစီလိုနာအသင်းသာ တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ညိုကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါက လီဗာပူးလ်အသင်း ခေါ်ယူသွားနိုင်ခြေရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ နူးကမ့်အသင်းဘက်ကတော့ ဘရာဇီးလ်သားဟာ ရောင်းရန်မဟုတ်ဘူးဆိုပြီး ထုတ်ပြန်ထားပါတယ်။

၆။ ဂိုးသမားဖြစ်သူ ဆီမွန်မစ်ဂ်ညိုလက်ကတော့ ဒီနှစ်ရာသီမှာလည်း အယ်လစ်ဆင်ရဲ့ ဒုတိယဦးစားပေးအဖြစ် ဆက်မရှိချင်တော့တဲ့အတွက် အန်းဖီးလ်ကနေ အပြီးသတ် ထွက်ခွာလိုနေပါတယ်။



error: Content is protected !!