ခ်ယ္လ္ဆီးသတင္းတိုမ်ား ၁၁၊ ၇၊ ၂၀၁၉

[ZawGyi]
၁။ ဒဏ္ရာရေနတဲ့ ကစားသမားေတြကလြဲလို႔ လာမယ့္အပတ္ေတြမွာ အဓိက ကစားသမားအခ်ိဳ႕ကို ခ်ယ္လ္ဆီးအသင္းမွာ ျပန္လည္ျမင္ေတြ႕ရမယ္လို႔ နည္းျပလမ္းပတ္က အတည္ျပဳခဲ့ပါတယ္။ ေတာင္ပံတိုက္စစ္ကစားသမားေလး ပူလီဆစ္ကေတာ့ ႏိုင္ငံတကာပြဲစဥ္ေတြ ကစားထားရတဲ့အတြက္ အသင့္မျဖစ္ေသးလို႔လည္း သိရပါတယ္။

၂။ အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ကစားေနတဲ့ ခ်ယ္လ္ဆီးတိုက္စစ္မွဴးေဟာင္း ဒီေယဂိုေကာ္စတာဟာ အဲဗာတန္အသင္းနဲ႔ ေဆြးေႏြးဖို႔ အသင့္ျဖစ္ေနတဲ့အတြက္ ဒီႏွစ္ရာသီမွာ ျခေသၤ့ျပာတို႔ရဲ႕ျပိဳင္ဘက္တဦး ျဖစ္လာဖြယ္ ရိွေနပါတယ္။

၃။ မေန႔ညက ဘိုဟီမီယန္စ္အသင္းနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းအတြက္ သြင္းဂိုးတဂိုးရယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မွဴး ဘတ္ရွဴယာရီရဲ႕ေျခစြမ္းကို ပရိသတ္ေတြက ေက်နပ္အားရေနၾကပါတယ္။

၄။ ေနာက္ခံကစားသမား ေဒးဗစ္လူးဝစ္ဇ္ကေတာ့ ဂႏၳဝင္ကစားသမားၾကီး ဖရန္႔ခ္လမ္းပတ္တေယာက္ နည္းျပသစ္ျဖစ္လာတဲ့အတြက္ ခ်ယ္လ္ဆီးအသင္းရဲ႕ တကယ့္စရိုက္လကၡဏာကို ျပန္လည္ရရိွလိမ့္မယ္လုိ႔ ယံုၾကည္ေနပါတယ္။

၅။ အေမရိကန္အသင္းရဲ႕ ေနာက္ခံကစားသမားေဟာင္း ဂ်ိဳနသန္စပတ္တာက ေတာင္ပံတိုက္စစ္ကစားသမားေလး ပူလီဆစ္ ဘယ္ေလာက္ေကာင္းသလဲဆိုတာ ေျပာျပလို႔ပင္ မရႏိုင္ေၾကာင္း၊ ဒီပံုစံအတိုင္းသာ ဆက္လက္တိုးတက္လာခဲ့ရင္ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ထိပ္တန္းကစားသမားတဦးျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

၆။ ခ်ယ္လ္ဆီးအသင္း ပစ္မွတ္ထားခဲ့ဖူးတဲ့ တိုက္စစ္မွဴး ကာလန္ဝီလ္ဆင္ကို ဘုန္းေမာက္အသင္းက (၅)ႏွစ္သက္တမ္းရိွ စာခ်ဳပ္သစ္တရပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းထားပါတယ္။ အသက္ (၂၇)ႏွစ္သားဟာ စာခ်ဳပ္သစ္မွာ (၅)ႏွစ္စာအတြက္ ေပါင္ (၂၆)သန္းအထိ ရရိွသြားလိမ့္မယ္လို႔ သိရပါတယ္။

[Unicode]
၁။ ဒဏ်ရာရနေတဲ့ ကစားသမားတွေကလွဲလို့ လာမယ့်အပတ်တွေမှာ အဓိက ကစားသမားအချို့ကို ချယ်လ်ဆီးအသင်းမှာ ပြန်လည်မြင်တွေ့ရမယ်လို့ နည်းပြလမ်းပတ်က အတည်ပြုခဲ့ပါတယ်။ တောင်ပံတိုက်စစ်ကစားသမားလေး ပူလီဆစ်ကတော့ နိုင်ငံတကာပွဲစဉ်တွေ ကစားထားရတဲ့အတွက် အသင့်မဖြစ်သေးလို့လည်း သိရပါတယ်။

၂။ အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ကစားနေတဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာဟာ အဲဗာတန်အသင်းနဲ့ ဆွေးနွေးဖို့ အသင့်ဖြစ်နေတဲ့အတွက် ဒီနှစ်ရာသီမှာ ခြင်္သေ့ပြာတို့ရဲ့ပြိုင်ဘက်တဦး ဖြစ်လာဖွယ် ရှိနေပါတယ်။

၃။ မနေ့ညက ဘိုဟီမီယန်စ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတဂိုးရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ရှူယာရီရဲ့ခြေစွမ်းကို ပရိသတ်တွေက ကျေနပ်အားရနေကြပါတယ်။

၄။ နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်ကတော့ ဂန္ထဝင်ကစားသမားကြီး ဖရန့်ခ်လမ်းပတ်တယောက် နည်းပြသစ်ဖြစ်လာတဲ့အတွက် ချယ်လ်ဆီးအသင်းရဲ့ တကယ့်စရိုက်လက္ခဏာကို ပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

၅။ အမေရိကန်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဂျိုနသန်စပတ်တာက တောင်ပံတိုက်စစ်ကစားသမားလေး ပူလီဆစ် ဘယ်လောက်ကောင်းသလဲဆိုတာ ပြောပြလို့ပင် မရနိုင်ကြောင်း၊ ဒီပုံစံအတိုင်းသာ ဆက်လက်တိုးတက်လာခဲ့ရင် စတန်းဖို့ဒ်ဘရစ်ချ်မှာ ထိပ်တန်းကစားသမားတဦးဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။

၆။ ချယ်လ်ဆီးအသင်း ပစ်မှတ်ထားခဲ့ဖူးတဲ့ တိုက်စစ်မှူး ကာလန်ဝီလ်ဆင်ကို ဘုန်းမောက်အသင်းက (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တရပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။ အသက် (၂၇)နှစ်သားဟာ စာချုပ်သစ်မှာ (၅)နှစ်စာအတွက် ပေါင် (၂၆)သန်းအထိ ရရှိသွားလိမ့်မယ်လို့ သိရပါတယ်။



error: Content is protected !!