စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ အကြဲအျပဲျဖစ္လာခဲ့တဲ့ ကိုစီရယ္နီ

[ZawGyi]
ေနာက္ခံလူ ကိုစီရယ္နီဟာ ဒီႏွစ္ေႏြအေျပာင္းအေရႊ႕မွာပဲ သူ႔ရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ အာဆင္နယ္အသင္းထံ ေတာင္းဆိုခဲ့ေပမယ့္ အသင္းက လက္မခံခဲ့တာေၾကာင့္ ရာသီၾကိဳ အေမရိကန္ေျခစမ္းခရီးစဥ္ကို လိုက္ပါဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အသက္ (၃၃)ႏွစ္အရြယ္ အသင္းေခါင္းေဆာင္ဟာ မိခင္ႏိုင္ငံ ျပင္သစ္ေျမမွာ ျပန္ကစားခ်င္ေနတာျဖစ္ျပီး အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁)ႏွစ္က်န္ရိွေနျခင္းက အသင္းေျပာင္းေရႊ႕ဖို႔ အခက္အခဲ ျဖစ္လာခဲ့တာပါ။

ေဘာ္ဒိုး၊ လိုင္ယြန္နဲ႔ ရန္းနက္စ္အသင္းတို႔က စိတ္ဝင္စားမႈရရိွေနေပမယ့္ အဆိုပါအသင္းေတြက ျပင္သစ္သားအတြက္ ေျပာင္းေရႊ႕ေၾကးေပးေခ်ဖို႔ ဆႏၵမရိွခ်ိန္မွာ ကာယကံရွင္ကိုယ္တိုင္က အမ္းမရိတ္ကေန ေျပာင္းေရႊ႕နဲ႔အလြတ္နဲ႔ ထြက္ခြင့္ရဖို႔ ၾကိဳးပမ္းလာခဲ့ျခင္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ကိုစီရယ္နီရဲ႕လုပ္ရပ္အေပၚ စိတ္ပ်က္မိေၾကာင္း တရားဝင္စာထုတ္ကာ ေၾကညာခဲ့ျပီး အျမန္ဆံုးေျဖရွင္းသြားမယ့္အေၾကာင္း၊ လတ္တေလာမွာေတာ့ ဒီျပႆနာအေပၚ မွတ္ခ်က္ေပးလိုျခင္းမရိွေၾကာင္း ဆိုခဲ့ပါတယ္။

ကိုစီရယ္နီဟာ ျပီးခဲ့တဲ့ရာသီမွာ ဂႏၳဝင္နည္းျပၾကီးအာစင္းဝင္းဂါး ဂန္းနားတို႔နဲ႔ လမ္းခြဲခဲ့ျပီးကတည္းက သူရဲ႕ဆရာမရိွေတာ့တဲ့အသင္းမွာ ဆက္မကစားခ်င္ေတာ့တဲ့အတြက္ အမ္းမရိတ္ကေန ထြက္ခြာဖို႔ စဥ္းစားခဲ့ေၾကာင္း အရိပ္အျမြက္ ဖြင့္ဟဝန္ခံထားခဲ့သူ ျဖစ္ပါတယ္။

လက္ရိွအခ်ိန္မွာေတာ့ ကိုစီရယ္နီအတြက္ အာဆင္နယ္အသင္းဆီ ဘယ္အသင္းကမွ တရားဝင္ကမ္းလွမ္းလာျခင္းမရိွေသးဘဲ အသင္းေခါင္းေဆာင္လက္ပတ္ကိုေတာ့ ျပန္လည္ရုပ္သိမ္းသြားေတာ့မွာျဖစ္ေၾကာင္း Daily Mail နဲ႔ Standard သတင္းစာေတြက ေဖာ္ျပခဲ့ပါတယ္။

Ref : Daily Mail , Standard

[Unicode]
နောက်ခံလူ ကိုစီရယ်နီဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာပဲ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းပေးဖို့ အာဆင်နယ်အသင်းထံ တောင်းဆိုခဲ့ပေမယ့် အသင်းက လက်မခံခဲ့တာကြောင့် ရာသီကြို အမေရိကန်ခြေစမ်းခရီးစဉ်ကို လိုက်ပါဖို့ ငြင်းဆန်ခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် အသင်းခေါင်းဆောင်ဟာ မိခင်နိုင်ငံ ပြင်သစ်မြေမှာ ပြန်ကစားချင်နေတာဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်ကျန်ရှိနေခြင်းက အသင်းပြောင်းရွှေ့ဖို့ အခက်အခဲ ဖြစ်လာခဲ့တာပါ။

ဘော်ဒိုး၊ လိုင်ယွန်နဲ့ ရန်းနက်စ်အသင်းတို့က စိတ်ဝင်စားမှုရရှိနေပေမယ့် အဆိုပါအသင်းတွေက ပြင်သစ်သားအတွက် ပြောင်းရွှေ့ကြေးပေးချေဖို့ ဆန္ဒမရှိချိန်မှာ ကာယကံရှင်ကိုယ်တိုင်က အမ်းမရိတ်ကနေ ပြောင်းရွှေ့နဲ့အလွတ်နဲ့ ထွက်ခွင့်ရဖို့ ကြိုးပမ်းလာခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ကိုစီရယ်နီရဲ့လုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း တရားဝင်စာထုတ်ကာ ကြေညာခဲ့ပြီး အမြန်ဆုံးဖြေရှင်းသွားမယ့်အကြောင်း၊ လတ်တလောမှာတော့ ဒီပြဿနာအပေါ် မှတ်ချက်ပေးလိုခြင်းမရှိကြောင်း ဆိုခဲ့ပါတယ်။

ကိုစီရယ်နီဟာ ပြီးခဲ့တဲ့ရာသီမှာ ဂန္ထဝင်နည်းပြကြီးအာစင်းဝင်းဂါး ဂန်းနားတို့နဲ့ လမ်းခွဲခဲ့ပြီးကတည်းက သူရဲ့ဆရာမရှိတော့တဲ့အသင်းမှာ ဆက်မကစားချင်တော့တဲ့အတွက် အမ်းမရိတ်ကနေ ထွက်ခွာဖို့ စဉ်းစားခဲ့ကြောင်း အရိပ်အမြွက် ဖွင့်ဟဝန်ခံထားခဲ့သူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုစီရယ်နီအတွက် အာဆင်နယ်အသင်းဆီ ဘယ်အသင်းကမှ တရားဝင်ကမ်းလှမ်းလာခြင်းမရှိသေးဘဲ အသင်းခေါင်းဆောင်လက်ပတ်ကိုတော့ ပြန်လည်ရုပ်သိမ်းသွားတော့မှာဖြစ်ကြောင်း Daily Mail နဲ့ Standard သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

Ref : Daily Mail , Standard



error: Content is protected !!