မန္ယူႏုိက္တက္သတင္းတိုမ်ား ၁၁၊ ၇၊ ၂၀၁၉

[ZawGyi]
၁။ နည္းျပဆုိးရွားကေတာ့ လက္စတာအသင္းရဲ႕ အသက္ (၂၆)ႏွစ္အရြယ္ ဗဟိုခံစစ္ကစားသမား ဟယ္ရီမက္ဂြဲရားကို ဒီႏွစ္ေႏြအေျပာင္းအေရႊ႕မွာ ေခၚယူႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ေနပါတယ္။

၂။ ကြင္းလယ္ကစားသမား ဟြမ္မာတာကေတာ့ မန္ယူႏုိက္တက္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ တရုတ္ကလပ္ ရွန္ဟိုင္းရွန္ဟြာအသင္းရဲ႕ တပတ္လုပ္ခ ေပါင္ (၅)သိန္း (၅)ေသာင္းတန္ကမ္းလွမ္းခ်က္ကို ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။ မန္ယူႏုိက္တက္ဟာ ကမၻာ့အေကာင္းဆံုး ကလပ္အသင္း (၃)သင္းထဲက တသင္းျဖစ္တဲ့အတြက္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာလို႔ မာတာက ဖြင့္ဟခဲ့ပါတယ္။

၃။ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခ်င္ေနေပမယ့္ နည္းျပဆိုးရွားက မန္ယူႏုိက္တက္မွာ ဆက္ကစားဖို႔အတြက္သာ စည္းရံုးေနတဲ့အတြက္ တိုက္စစ္မွဴးလူကာကူတေယာက္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနပါတယ္။ ဘယ္လ္ဂ်ီယံသားကို လက္ရိွအခ်ိန္မွာ စီးရီးေအထိပ္သီးကလပ္ အင္တာမီလန္အသင္းက ခ်ိတ္ဆက္ေနပါတယ္။

၄။ လူငယ္တိုက္စစ္ၾကယ္ပြင့္ေလး ေမဆင္ဂရင္းဝုဒ္ဟာ မန္ယူႏုိက္တက္အသင္းၾကီးအတြက္ ကစားေပးဖို႔ (၁၀၀)ရာခိုင္ႏႈန္း အသင့္ရိွေနျပီျဖစ္ေၾကာင္း အသင္းေဖာ္ မားကပ္စ္ရက္ရွ္ဖို႔ဒ္က ေျပာၾကားခဲ့ပါတယ္။ အသက္ (၁၇)ႏွစ္သားေလးကို နည္းျပဆိုးရွားကလည္း ဒီႏွစ္ရာသီမွာ ေနရာေပးသြားမယ္လို႔ အတည္ျပဳထားပါတယ္။

၅။ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္းအသင္းကေတာ့ မန္ယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနျပီျဖစ္တဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ဘရူႏိုဖာနန္ဒက္စ္ေနရာကို အစားထိုးဖို႔အတြက္ ပါလာမိုကြင္းလယ္လူ အလက္ဇန္းဒါး ထရက္ဂ်္ေကာ့ဗ္စကီးကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္း သိရပါတယ္။

၆။ ဝါရင့္ကြင္းလယ္ကစားသမား ဟြမ္မာတာကေတာ့ မန္ယူႏုိက္တက္အသင္းရဲ႕ ကစားသမားသစ္ေတြျဖစ္ၾကတဲ့ ဝမ္ဘစ္ဆာကာနဲ႔ ဂ်ိမ္းစ္တုိ႔ဟာ သူတို႔အရည္အခ်င္းကို သက္ေသျပဖို႔ စိတ္အားထက္သန္ေနၾကျပီး ဒီႏွစ္ရာသီမွာ အေရးပါတဲ့ ကစားသမားေတြ ျဖစ္လာၾကလိမ့္မယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

[Unicode]
၁။ နည်းပြဆိုးရှားကတော့ လက်စတာအသင်းရဲ့ အသက် (၂၆)နှစ်အရွယ် ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွဲရားကို ဒီနှစ်နွေအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

၂။ ကွင်းလယ်ကစားသမား ဟွမ်မာတာကတော့ မန်ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းရဲ့ တပတ်လုပ်ခ ပေါင် (၅)သိန်း (၅)သောင်းတန်ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ မန်ယူနိုက်တက်ဟာ ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်း (၃)သင်းထဲက တသင်းဖြစ်တဲ့အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့တာလို့ မာတာက ဖွင့်ဟခဲ့ပါတယ်။

၃။ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေပေမယ့် နည်းပြဆိုးရှားက မန်ယူနိုက်တက်မှာ ဆက်ကစားဖို့အတွက်သာ စည်းရုံးနေတဲ့အတွက် တိုက်စစ်မှူးလူကာကူတယောက် စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ ဘယ်လ်ဂျီယံသားကို လက်ရှိအချိန်မှာ စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းက ချိတ်ဆက်နေပါတယ်။

၄။ လူငယ်တိုက်စစ်ကြယ်ပွင့်လေး မေဆင်ဂရင်းဝုဒ်ဟာ မန်ယူနိုက်တက်အသင်းကြီးအတွက် ကစားပေးဖို့ (၁၀၀)ရာခိုင်နှုန်း အသင့်ရှိနေပြီဖြစ်ကြောင်း အသင်းဖော် မားကပ်စ်ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။ အသက် (၁၇)နှစ်သားလေးကို နည်းပြဆိုးရှားကလည်း ဒီနှစ်ရာသီမှာ နေရာပေးသွားမယ်လို့ အတည်ပြုထားပါတယ်။

၅။ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းကတော့ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နေရာကို အစားထိုးဖို့အတွက် ပါလာမိုကွင်းလယ်လူ အလက်ဇန်းဒါး ထရက်ဂျ်ကော့ဗ်စကီးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

၆။ ဝါရင့်ကွင်းလယ်ကစားသမား ဟွမ်မာတာကတော့ မန်ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်တွေဖြစ်ကြတဲ့ ဝမ်ဘစ်ဆာကာနဲ့ ဂျိမ်းစ်တို့ဟာ သူတို့အရည်အချင်းကို သက်သေပြဖို့ စိတ်အားထက်သန်နေကြပြီး ဒီနှစ်ရာသီမှာ အရေးပါတဲ့ ကစားသမားတွေ ဖြစ်လာကြလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။



error: Content is protected !!